Steemit Platform ပေါ်မှလူငယ်များအတွက် စာရေးနည်း

in #myanmar6 years ago (edited)

image

Steemit Platform ပေါ်၌လျှောက်လှမ်းနေကြသော လူငယ်များအတွက်အကျိုးပြုနိုင်မဲ့ ၊ခွန်အားဖြစ်စေမဲ့စာပေတွေရေးသားမည်ဟု ၊မကြာခဏအတွေးဝင်မိပါသည် ။သို့ သော်မိမိသည် စာရေးဆရာတစ်ဦးမဟုတ်သလို တစ်ချို့ သော စာရေးဆရာများမည်သို့  ဇာတ်အိမ်တည်ပြီး ၊မည်သို့ ရေးဖွဲ့ကြသည်ကိုလည်း မသိပါ။( လေ့လာနေဆဲ )ထို့ အတူ မိမိလိုပဲ Steemit မှ လူငယ်အများစုဟာလည်း စာရေးဖို့  အခက်တွေ့နေသည်ကို တွေ့မြင်နေရပါသည်။ နောက်တော့ ဘာတွေဖြစ်လာသလဲ စာမရေးတတ်စာမရေးနိုင်တဲ့ အခါမျိုးမှာ " အကြံကုန် ဂဠုန်ဆားချက် "တဲ့ အနေနဲ့ ၊အထူးတားမြစ်ထားသော copy post များကိုသာတင်​လာကြသည်ကို တွေ့ရသည်။ copy post များမတင်ပါဘူး ၊ကိုယ်ပိုင်အရေးအသားများ ဖြစ်ရပါမည်ဟု ကတိပေးထားကြသော်လည်း ၊ "copy တင်လည်း မသိလောက်ပါဘူးလေ "ဟူသော အတွေးများ အစားထိုးဝင်ရောက်လာကြသည် ။မိမိတို့ ၏ သတိလက်လွတ်ဖြစ်မိသော post တစ်ခုကြောင့် မြန်မာ တို့ ၏ ဂုဏ်သိက္ခာမှေးမှိန်သွားနိုင်ပါသည် ။အမှုကြီးအောင် လုပ်နေခြင်း မဟုတ်ပါ" ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးလည်း ပုပ်သွားနိုင်ပါသည် ။" ဒါကြောင့် copy ပိုစ့်များကင်းရှင်းရန် ၊မိမိတို့ပေးထားသောကတိကို ဖောက်ဖျက်ခြင်းမပြုမိစေရန် နှင့် MSC ဟူသော အဖွဲ့အစည်းကို အကျိုးပြုနိုင်သောသူများဖြစ်စေရန် မိမိကျင့်သုံးနေသော စာရေးနည်းကို ဝေမျှလိုက်ပါရစေ။

image

စာလုံးရေ တစ်ထောင်ပြည့်သော ဒါမှမဟုတ် ထို့ ထက်ပိုသော ဆောင်းပါးတစ်ပုဒ် ရေးမည်၊ ပိုစ့်တစ်ခုရေးမည်ဆိုလျှင် အခက်အခဲမရှိပါ ၊ဟုဆို၍မရသလိုလွယ်ကူပါသည်ဟုလည်း မဆိုနိုင်ပါ ။ဒါကြောင့် နည်းလမ်းတစ်ခုတော့ လိုမည်ထင်ပါသည် ။မိမိတို့ သည် ၊စာရေးဆရာစစ်စစ်များ မဟုတ်ကြပါဘူး ။ဝါသနာအလျောက် ကိုယ်သိထားသည်များကိုသာ ပြန်၍ ရေးပြချင်သော သူများဖြစ်သောကြောင့် ၊အခက်အခဲလည်း ရှိနိုင်ပါသည် ။မိုးလင်းမှ မိုးချုပ်သွားသည့်တိုင် စားဝတ်နေရေးအတွက် အလုပ်လုပ်နေရသူများ အဖို့ စာရေးချိန်မပေးနိုင်ကြသလိုရေးစရာလည်း ရှိမည်မဟုတ်ပါ ။သို့ သော် စိတ်ဆန္ဒပြင်းပြသူအဖို့  မဖြစ်နိုင်တာ မရှိပါဘူး။ တကယ်ဖြစ်ချင်တဲ့စိတ် ၊စာရေးလိုတဲ့စိတ်သာထားပါဆောင်းပါးတစ်ပုဒ် အကြောင်းအရာတစ်ခုကို အချိန်တိုလေးအတွင်းမှာတင် ရေးသားလို့ ရနိုင်ပါသည်။ သို့ ပေမဲ့ အလွယ်နည်းလိုက်ပြီး အချောင်ခိုလိုတဲ့ စိတ်က copy ကူးလိုက်လည်း မသိလောက်ပါဘူးဟု ဆိုတိုင်း မိမိတို့ က လိုက်နာဖို့ မကြိုးစားပါနဲ့။ ငြင်းဆန်နိုင်အောင် ကြိုးစားပါ ။အပြစ်တင်နေခြင်းမဟုတ်ပါ ၊အဲ့လိုစိတ်နဲ့ ဖန်တီးယူလိုက်တဲ့ ပိုစ့်တစ်ခုကြောင့် copy myanmar , cheetah myanmar ဆိုပြီး အကူအညီတွေ အခွင့်အလမ်းတွေ များစွာ ဆုတ်ယုတ်သွားနိုင်ပါတယ်။" လက်သည်းဆိတ်ရင် လက်ထိပ်နာ "ဆိုသလိုပဲ မိမိကိုယ်တိုင်သာမကအဖွဲ့အစည်း တစ်ခုလုံးအပေါ် အထင်သေး အမြင်သေးဖြစ်သွားနိုင်သောကြောင့် မဆိုင်သလို နေလို့ မရနိုင်ပါ ။ထို့ ကြောင့် မိမိတို့ တတ်နိုင်သည့်ဘက်က ကူညီကြမည်၊ ဝိုင်းဝန်းကြမည်ဆိုသော အတွေးများ ထားသင့်ပါသည် ။ဒါကြောင့် မိမိသိထားသော စာရေးနည်းကို ဝေမျှမည် ၊တစ်ဦးတစ်ယောက် အသုံးတည့်သွားတယ်ဆိုရင်ပဲ ဝမ်းသာပီတိ ဖြစ်မိပါသည်။

image

ဒီနေ့ တော့ ငါစာတစ်ပုဒ် ပြီးအောင်ရေးနိုင်ရမယ် ၊ဆိုတဲ့ ဆုံးဖြတ်ချက်ကို ခိုင်မာအောင် လုပ်ပါ။ ပြီးလျင်မိမိရေးလိုတဲ့ အကြောင်းအရာ ခေါင်းစဉ်တစ်ခုကို အတည်ပြုနိုင်အောင် ကြိုးစားပါ ။အဲ့လိုစဉ်းစားလိုက်ရင်ပဲ အကြောင်းအရာမျိုးစုံ ခေါင်းထဲဝင်လာနိုင်ပါတယ် ။ဒါကြောင့် ကိုယ်ကျင်လည်ရာ ဒါမှမဟုတ် ကိုယ်ပိုင်နိုင်သော အကြောင်းအရာတစ်ခုခုကို သေချာရွေးပါ။ ရွေးချယ်ပြီးသွားတာနဲ့ အချိန်ငါးမိနစ် ဆယ်မိနစ်မျှပေးပြီး ၊မိမိရွေးထားသောခေါင်းစဉ်နဲ့ကိုက်ညီမဲ့ အချက်အလက်တစ်ချို့ကို စဉ်းစားကြည့်လိုက်ပါ ။မိမိသာ စာဖတ်အားကောင်းသူတစ်ယောက်ဆိုလျင် အချက်အလက်တွေအများကြီး ပေါ်လာတတ်ပါတယ်။မှတ်စုစာအုပ် သို့ မဟုတ် ဖုန်းဖြင့် Record လုပ်ယူထားပါ ။အချက်အလက်တစ်ချို့က စာစီလို့ မရသေးလည်း ချရေးပြီး မှတ်ထားလိုက်ပါ ။ဒါဆိုလုံလောက်ပါပြီ ၊တစ်နေ့ တာလုံး မိမိလုပ်ငန်းများလုပ်နေစဉ် အတွင်းမှာလည်း မိမိပေးထားသောခေါင်းစဉ်နှင့် ကိုက်ညီမဲ့ အချက်အလက်များပေါ်လာတတ်ပါတယ် ။အသင့်မှတ်သားနိုင်ဖို့  လိုပါတယ် ကားစီးရင်း ရထားစီးရင်းလည်း အတွေးတွေကို နယ်ချဲ့လို့ ရပါတယ်။ ပေါ်လာသမျှကိုလည်း မှတ်သားနိုင်ရပါမယ် ။မိမိကိုယ်တိုင်လည်း အတွေးတချို့ပေါ်လာပေမဲ့ ပြီးမှရေးမယ်ဆိုပြီး ပစ်ထားခဲ့ဖူးပါတယ် ။တကယ်ချရေးမယ်လုပ်တော့ ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်ပြီး ဘာရေးရမှန်းမသိအောင် ဖြစ်ခဲ့ဖူးပါတယ်။ မိမိအားတဲ့အချိန်လေးမှာ ဗလာစာအုပ်အကြမ်းထဲ မှတ်ထားသော အချက်အလက်တစ်ချို့ချရေးလိုက်ပါ။နိဒါန်း စာကိုယ် နိဂုံး ဘယ်ဟာနဲ့လိုက်ဖက်သလဲရွေးပြီး အပိုဒ်ခွဲလိုက်ပါပြီးလျင် အနည်းငယ် အားစိုက်ပြီး ၊ဖတ်ရှုချင်စဖွယ်ဖြစ်အောင် တန်ဆာဆင်ပါ ။အချိန်အနည်းငယ်တော့ လိုပါမည် ၊စကားလုံးအလှအပတွေ အလင်္ကာတွေ တန်ဆာမဆင်တတ်ပေမဲ့ လိုရင်းနဲ့တိုရှင်းဖြစ်အောင်ရေးနိုင်ရင် စာပေကောင်းတစ်ပုဒ်လို့  ဆိုလိုရပါသည်။ မိမိကိုယ်ပိုင်အတွေးနဲ့ရေးထားတဲ့စာပေဖြစ်နေသည့်အတွက် မိမိကိုယ်တိုင်နှစ်သက်တဲ့အထိတော့ ပြင်ဆင်ရပါမည်။ ယခုဖတ်နေသော စာသည်လည်း မိမိကိုယ်တိုင် ဗလာစာအုပ်ပေါ်တွင် ရေးလိုက်ဖျက်လိုက်နှင့် ကြိုးစားခဲ့ရသော စာတစ်ပုဒ်ဖြစ်ပါသည် ။အဆင့်မြင့်သော စာပေမဟုတ်သည့်တိုင် ဂုဏ်ရှိသည်ဟု ခံစားမိပါသည် ။ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုပိုရှိလာပါသည် Steemit Platform မှ တတ်သစ်စ လူငယ်များကိုလည်း ဂုဏ်သိက္ခာရှိသော အားစိုက်မှုများကိုသာ ပြုလုပ်စေချင်ပါသည် ။ပင်ပန်းသည် ခက်ခဲသည်ဟုလည်း မမြင်စေလိုပါ ။အချိန်လည်း ထင်သလောက်မပေးရပါဘူး။ မိမိစိတ်ဝင်စားမှု အားကောင်းရင် ကောင်းသလို၊ ခေတ္တခဏလေးအတွင်းမှာပင်စ​ကောင်းပေကောင်းတစ်ပုဒ်ဖြစ်အောင် အသက်သွင်းနိုင်စွမ်းရှိကြမည်ဟုယုံကြည်စေချင်ပါသည် ။ "ရှင်းလေ ရှုပ်လေ "ဆိုသည့်အတိုင်း မိမိနားလည်သလိုရှင်းပြပေမဲ့ နားရှုပ်သွားနိုင်ပါသည် ။ဒါကြောင့် အချက်( ၅ )ချက်နှင့်တစ်ဆင့်ချင်း သွားကြည့်ရအောင်ပါ။

( ၁ )ယနေ့ စာတစ်ပုဒ်ရေးဖြစ်အောင်ရေးမည်ဟု ဆုံးဖြတ်ချက်ချပါ။
( ၂ )မိမိရေးချင်သောအကြောင်းအရာ ခေါင်းစဉ်တစ်ခု​​ကို​သေချာစွာသတ်မှတ်ပါ။
( ၃ )ထိုခေါင်းစဉ်နှင့် သက်ဆိုင်သော အချက်အလက်များအတွက် အတွေးချို့ကို နယ်ချဲ့ပါ။
( ၄ ) မိမိတွေးထားသော အချက်အလက်များကို မှတ်စု
သို့ မဟုတ် Record လုပ်ပြီး ချက်ချင်းမှတ်သားထားပါ။
( ၅ )ဗလာစာအုပ် အကြမ်းထဲချရေးပြီး ၊မိမိကိုယ်တိုင်နှစ်သက်တဲ့အထိ ပြင်ဆင်ရေးသားပါ။

အထက်ပါအချက်အလက်များအတိုင်းရေးသားမည်ဆိုပါ က၊မိမိသာမက အများလည်းနှစ်သက်တဲ့ တိုတိုနဲ့လိုရင်းရောက်တဲ့ ၊စာကောင်းပေကောင်းတစ်ပုဒ်ဖြစ်နိုင်ပါသည်ဟု ဆိုရင်း Steemit Platform ပေါ်၌လျောက်လှမ်းနေကြသောမိသားစုဝင်များအားလုံး ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်အရေးအသားများဖြင့် မြန်မာ့စကားမြန်မာ့စာပေကို ကမ္ဘာကသိအောင် ပြသနိုင်ကြပါစေဟု ဆန္ဒပြုလျက်. . . . . .

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ။

Author -@gunapeya
Photo from Google Images,
MSC-181

Sort:  

အရမ်း​ကောင်းပါတယ်​ ဘုန်းဘုန်း

တပည့်တော်ဆို ဖုန်းထဲ note ထဲမှာ အတွေးပေါ်ရင် ပေါ်သလို ရေးရေးမှတ်ထားပြီး ပြန်ကြည့်ရေးလေ့ရှိပါတယ် ဘုရား

ဟုတ်တယ် တစ်ချို့ အတွေးလေးတွေက အရမ်းမိုက်တယ် ဒါပေမဲ့ ချရေးမယ်လုပ်တော့ မေ့သွားရော ဒါကြောင့် ခုပေါ် ခုရေးလုပ်နေရတာ

copyဆို မုန်းပါတယ် ဘုရား စာရေးသားရာတွင် ဘယ်လိုတွေးရမယ်ဆိုလေး မျှဝေပေးလို့ ကျေးဇူးပါ ဘုရား

ဟုတ်တယ် မစု copy သမား အမှိုက်တွေရှင်းနေရတာနဲ့
အဖွဲ့အစည်းက ရှေ့မတိုးနိုင်ဖြစ်နေလို့  ရေးမိသွားတာ

copy ကင်းကြပါစေ

good post လေးပါဘုရား

အရမ်း​ကောင်းလို့ မှတ်​သားပါ့မယ်​ဘုရား

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါဗျာ

အခုလိုသိခွင့်ရတဲ့အတွက်ကျေးဇူးပါ ဘုန်းဘုန်း

နောက်လည်း အခါအခွင့်သင့်သလို သိသင့်တာလေးတွေ တင်ပြပေးပါ့မယ်

ကော်ဖီဆို သောက်တယ် copy ဆို ကြောက်တယ်

copy ကတော့ မလုပ်ကိုမလုပ်သင့်တာ
သူများဦးနှောက်ဖောက်စားတာနဲ့ အတူတူပဲ

ဟုတ်ကဲ့ပါ ဘုရား

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63960.62
ETH 3142.95
USDT 1.00
SBD 3.95