ဆုတ်ကပ်

in #myanmar6 years ago

image

ယမန်နေ့ က steemit မှ မိတ်ဆွေတစ်ဦးက မိမိထံ စကားလာပြောသည် ။
" ဆရာတော် နေကောင်းရဲ့လားဘုရား စာမရေးတော့ဘူးလား တပည့်တော် ဆရာတော့်စာတွေ မတွေ့ရတော့လို့  မေးကြည့်တာပါဘုရား " ဆိုပြီး စိတ်ပူစွာမေးလာလေသည် ။ ဒီတော့ မိမိလည်း စာမေးပွဲကြောင့် ခေတ္တနားထားကြောင်း ပြောပြရသည် ။ နောက်တော့ မိမိဘာသာ တွေးမိသည် ။ စာရေးဖို့ အတွက် စာမေးပွဲကို အကြောင်းပြပြီး မိမိကိုယ်တိုင်ပျင်းရိနေခြင်းပေလော သို့ မဟုတ် တကယ်အချိန်မပေးနိုင်ခြင်းပေလောဟု သံသယဖြစ်မိသည် ။ စာမေးပွဲအတွက် စာကတော့ ကြိုးစားကျက်မှတ်ပါသည် ။ သို့ သော် တစ်ပတ်လောက် စာမရေးတော့တဲ့အခါ ရေးဖို့ ပေါ်လာတာတောင် ချရေးဖို့ အတွက် စိတ်အားထက်သန်မှုများ ပျောက်ကွယ်နေသည်ကို သတိထားမိလာသည် ။ ထို့ အတူ ပစ်မှတ်မလွဲအောင် ပစ်နိုင်သော လေးသမားသည် လေးနှင့် တစ်ရက်မျှ ကင်းကွာလျှင် ပစ်မှတ်လွဲတတ်သည်ဆိုသော ပုံပြင်လေးလည်းသတိရမိသည် ။ မိမိလည်း တစ်ပတ်ဆိုသော အချိန်အတွင်းမှာ စာရေးဖို့ အတွက် ပျင်းရိနေခဲ့သည်က သေချာသလောက်ဖြစ်မည် ။ စာကောင်းပေကောင်းရေးဖို့ ဆို လက်တွန့် ချင်လာသည် ဒါကြောင့် မိတ်ဆွေနှင့်ပြောခဲ့သော စကားတစ်ချို့ကို စာပြန်စီပြီး ဝေမျှလိုက်ရသည် ။

" အရှင်ဘုရား အချိန်ရလျှင် တပည့်တော် တစ်ခုလောက် မေးချင်လို့ ပါဘုရား "

" မေးပါ ဒကာလေး အချိန်ရပါတယ် သိချင်တာသာမေးပါ " ဆိုပြီး လမ်းဖွင့်ပေးတော့ ဝမ်းသာအားရဖြင့် မေးခွန်းများ မေးလေသည် ။

" အရှင်ဘုရား စာတွေထဲမှာ ဖတ်ရတယ်ဘုရား ဆုတ်ကပ် ဆိုတဲ့စကားလုံးရဲ့ အနက်အဓိပ္ပါယ်ကို သိချင်တာပါဘုရား ။ ပြီးတော့ တပည့်တော်တို့  ဘုရားရှိခိုးတဲ့အခါဆိုတဲ့ သြကာသ ကန်တော့ချိုးထဲက အပါယ်လေးပါး ။ ကပ်သုံးပါး ။ ရပ်ပြစ်ရှစ်ပါး ။ ရန်သူမျိုးငါးပါး ။ ဝိပ္ပတ္တိတရားလေးပါး ။ ဗျသနတရားငါးပါး တို့ ရဲ့ အဓိပ္ပါယ်တွေလည်း သိချင်ပါတယ်ဘုရား " ဆိုပြီး လျှောက်လေသည် ။

ဒါနဲ့ မိမိသိထားသလို အကျဉ်းချုံးပြီး ရှင်းပြပေးခဲ့ရသည် ။ အကျယ်ကိုတော့ steemit မှာပဲ စောင့်ဖတ်ပါ အကျယ်ချဲ့ပြီး ရေးသားပေးပါ့မည်ဟု ကတိပေးခဲ့လေသည် ။

မေးလည်း မေးချင်စရာပင် တရားဂုဏ်တော်မည်မျှရှိမှန်းပင် မသိကြတဲ့ခေတ် ။
ကပ်သုံးပါးဆိုတာနှင့် အော်ရီဒူး တယ်လီနော mpt တို့ လောက်သာ သိကြတဲ့ခေတ်ကို ရောက်နေပေသည် ။ တခြားသော မဟုတ်သည့် နေရာ မကောင်းသည့် အတွေးအခေါ် အကျိုးမရှိတဲ့ စကားလုံးများ လှိုင်လှိုင်ပေါများပြီး တွင်ကျယ်စွာ သုံးစွဲနေသည့်ခေတ်ကြီးထဲတွင် ဘာသာတရားတွေရဲ့ အနှစ်သာရ အနက်အဓိပ္ပါယ်တွေ ဖုံးလွှမ်းခံနေရသည် ။ ဒါကြောင့်လည်း " ငရဲကြီးတော့ ငရဲလေးနိုင်တာပေါ့ " ဆိုတဲ့ အတွေးနှင့် လူများပေါများလာလေသည် ။ အပါယ်ကြောက်တာ အပေါက်ကျယ်လို့ ဆိုတဲ့ ခပ်ရိုင်းရိုင်းအတွေးအခေါ်တွေကလည်း ကလေးလူကြီးမရွေး ခေါင်းထဲ စွဲနေသည် ။ ဒါကြောင့် ငရဲမကြောက် ဘာမကြောက် ထင်ရာစိုင်းလေးများပေါနေတော့သည် ။ ဤသည်ကား ဆုတ်ကပ်သို့  ရောက်တော့မည့် လမ်းစပင်ဖြစ်ပေသည် ။

မိမိတို့ အားလုံး မိသားစုအတွက် သားအတွက် သမီးအတွက် နေထိုင်စားသောက်ရေးအတွက် ရုန်းကန်ရှာဖွေရင်းမေ့လျော့နေခဲ့တာတစ်ခုရှိပါသည် ။ ထိုအရာကားသာသနာနှစ် ၂၅၀၀ ကျော်သည့်အခါ ဆုတ်ကပ်သို့ ရောက်လာမည်ဆိုတာပါ ။ရုပ်ပိုင်းဆိုင်ရာတွေ ဖွံ့ဖြိုးသလောက် စိတ်ဓာတ်ပိုင်းဆိုင်ရာတွေယုတ်လျော့လာကြသည်ဆိုတာကို အရင်က မိမိ ရေးသားခဲ့ပြပြီးပါပြီ ။ယခုလက်ရှိ လူသားတွေဟာ ကံဇာတာ အရမ်းညံ့ဖျင်းလွန်းကြသည် ။စိတ်ဓာတ်တွေ ပျက်စီးလာသည်နှင့်အမျှ ဘေးဒုက္ခတွေ ကပ်ဆိုးတွေနဲ့ ရင်ဆိုင်နေကြရသည် ။ အကုသိုလ်တရားတွေ ကြီးမားလာသောကြောင့်ဆင်းရဲဒုက္ခတွေ အမျိုးမျိုး ကြုံတွေ့နေရသည်ဟု မိမိ
မြင်မိသည် ။နိုင်ငံခေါင်းဆောင်တစ်ဦးက ပြောဖူးသည်"သင်တို့ ကိုယ်တိုင် ပြောင်းလဲနိုင်အောင်ကြိုးစားကြပါသင်တို့ မပြောင်းလဲရင် သင်တို့ နဲ့ထိုက်တန်တဲ့ ခေါင်းဆောင်ပဲ ရလိမ့်မယ် "မိမိတို့ ကော မပြောင်းလဲသင့်ဘူးလား ။?မိမိတို့ နဲ့ထိုက်တန်တာဟာ ဆင်းရဲဒုက္ခတွေလားဆိုတာ တွေးကိုတွေးသင့်ပါသည် ။

"ဆုတ်ကပ် "ဆိုတာကို မိမိရှင်းပြချင်ပါသည် မိမိတို့ ရင်ထဲမှာ လောဘ ဒေါသစတဲ့ ကိလေသာတွေကြောင့် မိမိတို့ ၏ အသက်တမ်းဟာ နောက်သို့  တဖြည်းဖြည်းဆုတ်ယုတ်လာခြင်းကို ဆိုပါသည် ။မိမိ ပတ်ဝန်းကျင်ကို သတိထားကြည့်ပါ ။ ယခင်က အသက် ၁၀၀ ကျော် အဘိုးအဘွားတွေ မြင်ရတွေ့ရပေမဲ့ ယခုဆို ၇၅ နှစ်ဆိုတာ နောက်ဆုံးချိန်လိုဖြစ်နေပါပြီ ။သည်ထက်လည်း နည်းသွားနိုင်ပါသည် ။ရှေးယခင်က လူသားများဟာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပပြီး ဘုန်းကံများကြီးမားကြပါသည် ။လောဘ ဒေါသ များလည်းကင်းကြသည် ။ထို့ အတွက် သူတို့ ဘုန်းကံကြောင့် လိုရာသုံးနိုင်ဖို့  ပဒေသာပင်တွေပေါက်ပေးကြရပါသည် ။အာဟာရပြည့်တဲ့ သလေးဆန် မုယောဆန်စသည်တို့  စိုက်ပျိုးမဲ့သူမရှိပေမဲ့ ပေါ်ပေါက်လာပေးရသည် ။ယုတ်စွအဆုံး မြေသားမြေစိုင်ခဲ စားရင်တောင် အာဟာရဖြစ်တဲ့ထိ ကုသိုလ်ကံ ကြီးမားလွန်းခဲ့သည်။သို့ သော် မနက်ဖြန်အတွက် သန်ဘက်ခါအတွက် ဟူ၍ သိမ်းဆည်းလိုသော လောဘစိတ်တွေ ဖြစ်လာတာနှင့် ပဒေသာပင်များ ကွယ်ပျောက်ခဲ့ရသည် ။ထိုမှ စ၍ ပိုင်ရှင်မဲ့ စပါးခင်းတွေအတွက် ဒေါသဖြစ်ကြ မောဟ ဖြစ်ကြတဲ့အခါမှာတော့ အရာအားလုံး ပျောက်ပျက်ကုန်သည် ။ကုသိုလ်ကံတွေ ညံ့ဖျင်းလာသည် သက်တမ်းတွေဆုတ်ယုတ်လာသည် ။
ယနေ့ ခေတ်၌ မူကား ပြောဖွယ်ရာပင်မရှိတော့ပါစပါးပင်တို့ သည်လည်း အခွံ့တွေဖုံးလွှမ်းလာကြသည် ။ လောဘစိတ်တွေများပြားလာတော့ စားသောက်ကုန်တွေမှာလည်း အာဟာရဖြစ်သည့်အစားအသောက်ဟူ၍မရှိတော့ချေ အတုတွေသာ စားသောက်နေရသည် ။ယုတ်စွအဆုံး အသီးအရွက်များတောင် မျိုးစေ့ဘဝကတည်းက ဓာတုဗေဒ နည်းဖြင့် စိုက်ပျိုးပြီး ရောင်းချကြသည် ။
မည်သည့်အရာကို ပြမည်နည်း ။အကုန်လုံးလိုလိုChemical လွတ်သော အစားအစာဟူ၍ မရှိတော့ တစ်နေ့ တစ်နေ့  အဆိပ်အတောက်တွေ စားသောက်နေရတဲ့ မိမိတို့ လည်း ကြာရှည်စွာ တည်တံ့နိုင်ပါ့မလား ။ ရုပ်ပိုင်းဆိုင်ရာမှာ လည်းကြမ်းတမ်း ခက်ထန်လာကြတယ် ဆေးရုံဆေးခန်းတွေလည်းပေါများလာတယ်၉၆ပါးရောဂါများအပြင် မိမိတို့ မကြားဘူးသောရောဂါဆိုးများကလည်း တစ်နေ့ တစ်မျိုးပေါ်ပေါက်နေသည် မိမိတို့ ကံဇာတာ ဘယ်လောက်ဆိုးဝါးနေပြီလဲ ဘယ်လောက်ညံနေပြီလဲ ဆိုတာ သတိထားကြည့်မိရင် မြင်ပါတယ် ။ဒါဆို မိမိတို့ ရင်သွေး မိမိတို့  အနာဂတ်ကလေးငယ်တွေကကောမိမိတို့ ရဲ့ သက်တမ်းနောက်ပိုင်းဆို ဘာတွေဆက်ဖြစ်ကြမည်လဲဆိုတာ မတွေးရဲအောင်ပင် ရှိချေသည် ။ ဒါကြောင့် ဆုတ်ကပ်သို့  ရောက်ရှိလာတဲ့ မျက်မှောက်ခေတ်ကြီးထဲမှာ နေထိုင်နေရပေမဲ့ ထိုခေတ်အားလျော်စွာ ရိုက်ခတ်လာမဲ့ ဆိုးကျိုးတွေကို ရှောင်လွဲနေထိုင်နည်းများ ကျင့်ကြံနေထိုင်သင့်ပါသည် ။

ဆက်လက်ဖော်ပြပေးပါမည် ။

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိနိုင်ကြပါစေ ။

MSC-181
Author @gunapeya

Sort:  

ဆုတ်ကပ်ကတော့ Vote ရပ်ထားရသည်ထိပါပဲ 😁😁😁

Posted using Partiko Android

partiko android ကဘာပြောတာလဲ မသိဘူး

ပါတီကို ဆိုတဲ့လူကို ဂုဏ်ပြုတာပါတဲ့ ဘုရား
😁

တ​ဖြေး​ဖြေးနဲ့ လူ​တွေက ဘာသာ​ရေးနဲ့​ဝေး​ဝေးလာခဲ့ကြပြီ​လေ

သေချာတာပေါ့ ခေတ်က ဖျက်နေတာ

ခေတ်​ကြီးကတဖြည်းဖြည်းဆုတ်​ကပ်​လာပါပြီ...ဖြစ်​လာမဲ့ဆိုးကျိုး​တွေကိုဘယ်​လို​ရှောင်​လွဲ​နေထိုင်​ကျင့်​ကြံရမလဲဆိုတာဆက်​လက်​ဖတ်​ရှုဖို့​မျော်​​နေပါ့မယ်​....

Posted using Partiko Android

ဟုတ်ကဲ့ပါ ကြိုးစားရေးပါ့မယ်

မတ်မတ်တို့ခေတ်ကျ ၆၀တောင် နေရပါ့မလား😁

Posted using Partiko Android

မတ်မတ်ကတော့ ၈၀ ၁၀၀ ထိ လှလို့ ပလို့ နေရမှာပါ

ဘာသာရေးနဲ့ကော စည်းကမ်းကျနတဲ့ လူ့ဘောင်အဖွဲ့အစည်းနဲ့ကော ဝိုင်းထိန်းမှ တော်ကာကျမယ် ဦးဇင်းရေ

Posted using Partiko Android

မှန်တယ် မတ်စုရေ ဒါမှသာ ခေတ်က နည်းနည်းပြောင်းလာမှာ

Posted Using Partiko Android

ကပ်ကြီးက ၄ ပါးပါ mytel ဆိုတာပါသေး ၊ဒီကဒ်တွေကြောင့် ပိုက်ပိုက်တွေလည်း ဆုတ်ခွာကုန်ပါပြီ

Posted using Partiko Android

mytel ကျန်သေးတယ် အဲ့ကောင်လည်းတူတူပဲ ကပ်ဆိုးကြီး

ငါးပါးသောသီလတော်မြတ်ကို တတ်နိုင်သမျှတော့ စောင့်ထိန်းလိုက်နာနေပါတယ် ဘုရာ့ သို့သော်လည်း တစ်ခါတစ်ရံမှာတော့ လွတ်လွတ်သွားလို့ သတိနဲ့လိုက်လိုက်ဖမ်းနေရပါတယ် ☺

ဒီနေ့  ခေတ်ထဲမှာ သတိလွတ်စရာတွေကလည်း များလာတော့ ဖမ်းနိုင်မှ တော်ကာကျမယ်

စာမ‌ရေးတာကြာ‌တော့ ပျင်းသွားတာ‌တော့ အမှန်‌ပါဘဲ ဦးဇင်းရယ်‌။

ပျင်းတာထက်ကို ပိုသွားသေးတယ် မရေးအားသေးဘူး စာမေးပွဲကပ်နေလို့  ခုက rc စမ်းကြည့်ရုံပါ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64231.88
ETH 3128.59
USDT 1.00
SBD 3.95