စာအုပ်စာပေ လူ့ မိတ်ဆွေ

in #myanmar6 years ago

image

မိတ်ဆွေကောင်းတစ်ယောက် ရဖို့ ဆိုတာ အလွန်ပင်ခက်ခဲပါတယ် ။ မိမိတို့ နေ့ တိုင်းပေါင်းသင်းဆက်ဆံနေရတဲ့ မိတ်ဆွေတွေကရော မိမိအပေါ် အမြဲကောင်းနိုင်မည်ဟု အာမခံနိုင်ပါသလားဟုမေးလျှင်လည်း အဖြေရေရာခြင်း မရှိပါပေ ။ ဘာလို့ လဲ လူသဘာဝအတိုင်း ဟိုယိမ်း ဒီယိမ်းပြောင်းလဲနေတတ်သည့် အလျောက် သာသည့်ဘက်ကို ရွေ့သွားတတ်ကြသည် ။ အေးအတူ ပူအမျှ မျှဝေပေးတတ်ကြသော မိတ်ဆွေများလည်းရှိပါသည် ။ သို့ သော်ရှားသည် ထိုသို့ သော မိတ်ဆွေတစ်ယောက်ရထားပါက မိမိအကျိုးကိုသာ ရှေ့ရှုပြီး ဆောင်ရွက်ပေးတတ်ကြသည် ။ ဘုရားရှင်ကို အာနန္ဒာက မေးဖူးသည် ။ မိတ်ကောင်းဆွေကောင်းဆိုသည်မှာ မိမိအကျိုးကို တစ်ဝက်သဟ်ပိုးတယ်လို့ ဆိုပါတယ်ဘုရား ။ ဤစကားမှန်ပါသလားဆိုတော့ ချစ်သား အာနန္ဒာ မိတ်ဆွေကောင်းတို့ မည်သည်မှာ မိမိအကျိုးကို အလုံးစုံပြီးမြောက်အောင်မြင်အောင် သယ်ပိုးပေးနိုင်ပါသည်တဲ့ ။ တစ်ဝက်မဟုတ်ပါဆိုပြီး မိမိကိုယ်တိုင် မိတ်ဆွေဟုသာ သုးံနှုံးဖြေဆိုသွားခဲ့သည် ။ ဒါကြောင့် မိတ်ဆွေစစ်ကို ရှာကြပါစို့ ။

image

" လူစိတ်မနော အပြောကြွယ်ကြွယ် မှန်းရခက်ခက် သို့ ဖြစ်လျက် မိတ်ကောင်းဆွေဟာ အဘယ်မှာတည်း" ။ မိတ်ဆွေကောင်းရှာတော့မည်ဆိုလျှင် မိမိနေထိုင်ရာ ပတ်ဝန်းကျင် မှာရှာရမည်လော မဟုတ်ပါ ။ လူစိတ်သည် အမြဲပြောင်းလဲနေသည့်အတွက် ပုံသေတွက်လို့ မရချေ ။ ဒါကြောင့် မပြောင်းလဲသော မိမိအတွက် ကောင်းကျိုးများသာ ဆောင်ကြဉ်းပေးသော မိတ်ဆွေကို ရှာသင့်သည် ။ ချစ်ခင်မြတ်နိုးသင့်သည် ။ သူကား အခြားမဟုတ် စာအုပ်စာပေများပင်တည်း ။ " စာအုပ် စာပေလူ့ မိတ်ဆွေ " ဆိုတဲ့ စကား တော်တော်များများ ကြားဖူးကြမည် ထင်ပါသည် ။ သို့ သော် တကဟ်မိတ်ဆွေစစ်ကဲ့သို့  တန်ဖိုးထားမိကြသလားဟုမေးလျှင် အနည်းငယ်တော့ ဆွံ့အသွားပါလိမ့်မည် ။ သစ္စာဖောက်မှာလည်းမပူရ ။ အတုအယောင်ဖြစ်မှာလည်းမပူရ ။ ဒီလောက်စစ်မှန်သော မိတ်ဆွေထက် အဘယ်သူကပို၍ကောင်းနိုင်ပါအံ့နည်း ။

image

စာအုပ်စာပေတည်းဟူသော မိတ်ဆွေကောင်းကြောင့် ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားကြသူ အများအပြားပင်ရှိပါသည် ။ ဥပမာ ဒေးကာနက်ဂျီလိုသန်းကြွယ်သူဌေးများ စာရေးဆရာလယ်တွင်းသားစောချစ်တို့ လို အနုပညာရှင်များစသည် ဖြစ်သွားကြသည် ။ အနီးစပ်ဆုံးဆိုလျှင် မိမိအကိုဝမ်းကွဲတစ်ဦးကို နမူနာထား ပြောပြရမည် ။ ပညာအရည်အချင်း ၇တန်းမျှသာ ရှိသည် ။ သို့ သော် တစ်လလျှင် သိန်း ၂၀ နီးပါးဝင်ငွေရှာနိုင်သော တယ်လီနောအော်ပရေတာ ကုမ္ပဏီတွင် ရာထူးကြီးကြီးတစ်ခုကိုရထားသည် ။ ၇ တန်းနှင့် မိသားစုအခြေအနေကြောင့် ကျောင်းထွက်ခဲ့ရပေမဲ့လည်း စာအုပ်စာပေတည်းဟူသော မိတ်ဆွေ၏ အကူအညီဖြင့် တိုးတတ်ရာ တိုးတတ်ကြောင်းများ ရှာဖွေခဲ့သည် ။ အခွင့်အလမ်းတွေ များစွာရရှိခဲ့သည် အလုပ်ကတော့ ရှုပ်ပါသည် ။ သို့ ပေမဲ့ အလုပ်အားချိန်ဆိုလျှင် သူ့ အခန်းလေးထဲတွင် စာအုပ်ပေါင်းများစွာဖြင့် ပျော်မွေ့နေတတ်သည် ။ မိမိအတွက်ပင် ဝန်ဇင်းအကောင့်ဖွင့်ကာ ငွေတစ်သိန်းထည့်ပေးပြီး စာအုပ်ဖတ်ဖို့  တိုက်တွန်းခဲ့သည် ။ သူဒီအခြေအနေရောက်ဖို့ အထိ ကူညီပေးခဲ့သော မိတ်ဆွေများနှင့် မိမိကိုလည်း မိတ်ဆက်ပေးခဲ့သည် ။ ဒါကြောင့် အဝေးကြီးတွင် အပင်ပန်းခံလိုက်ရှာမနေပါနှင့် ။ မိမိတို့ အတွက် မိတ်ဆွေကောင်းဖြစ်သော စာအုပ်စာပေများကိုသာ ချစ်မြတ်နိုးကြပါစေဟု ဆန္ဒပြုလျက်. . . . .

မိမိအားချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်မာခြင်းများနှင့် ပြည့်စုံကြပါစေ ။

MSC-181
Author @gunapeya
image

Sort:  

Airdrop တွေလုပ်နေတာနဲ့ စာရေးစာဖတ်ချိန်နဲသွားတယ် ခုတော့ တစ်ပတ်တစ်ပုဒ် မဖြစ်မနေရေးမှရတော့မယ် 😁

Airdrop လည်းလုပ် စာလည်းပုံမှန်ရေး လေပြုတ်ကျကမသေချာဘူး steemit ကသေချာတယ်

စာအုပ်စာပေ လူ့မိတ်ဆွေ ဖုန်းပွတ်လျှော့မှပလေ

ဖုန်းထဲကလည်း ဖတ်ရတယ်လေ ဒါပေမဲ့ မျက်စိတော့ နည်းနည်းစိုးရိမ်ရတာပေါ့

မိတ်ဆွေစစ် ရဖို့မလွယ်ကူတာအမှန်ပါ သာမန်အချိန်မှာ မိတ်ဆွေအစစ် အတု မခွဲခြားနိုင်ပါဘူး ဒုက္ခနဲ့ လှလှတွေ့တဲ့အချိန်ကျမှ သိရတာက များပါတယ်ဘုရား

ဒုက္ခရောက်တဲ့အခါ မိတ်ဆွေ အတုအစစ် ပိုပြီးပေါ်လွင်ပါတယ် ဒါပေမဲ့ စာအုပ်စာပေသာ အဖော်ပြုထားမယ်ဆို ထိုဒုက္ခတွေရဲ့ လွတ်ရာလွတ်ကြောင်း ကိုင်တိုင်ကျော်လွှားနိုင်မယ် ထင်ပါတယ်

စာအုပ်‌စာ‌ပေဆိုတာ မကုန်‌ခမ်းနိုင်‌တဲ့ ဆရာ‌တွေပါဘဲအရှင်‌ဘုရား။

ဟုတ်ပါ့ မဟော်ရေ ဆရာသမားစစ်စစ်တွေပါ

တကယ့်မိတ်ဆွေစစ်က ဒုက္ခတွေပါ။ နာကျင်တဲ့ဒုက္ခတွေဟာ လူ့ဘဝကို ပြောင်လက်တောက်ပလာအောင်စွမ်းဆောင်ပေးနိုင်ပါတယ်၊ ဒုက္ခတွေကိုလွတ်အောင်ရှောင်နိုင်သူတွေဟာ တစ်နေ့ကျ ဒုက္ခတွင်းထဲရောက်သွားရော ၊ဒုက္ခရစရိယကို အားပေးတာတော့မဟုတ်ပါဘူး၊ ဝိပဿနာတရားအားထုတ်တယ်ဆိုရင်ပဲ၊ အရင်ဆုံးနိဝရနတရားတွေကပေးတဲ့ဒုက္ခတွေကို ရင်ဆိုင်ကျော်ဖြတ်ရပါတယ်

မှန်ပါတယ် ပါရမီရင့်သန်နေသူအဖို့ တော့ ဒုက္ခဟာ ကိုယ်ရည်သွေးပေးတဲ့ မိတ်ဆွေစစ်ပါ သို့ ပေမဲ့ ပါရမီ နုနယ်သူအတွက်တော့ ဒုက္ခက ဘဝကိုစိတ်ကုန်ပြီး လွတ်ရာလွတ်ကြောင်း လမ်းစပြနေတဲ့ သူနဲ့တူပါတယ်

စာအုပ်​စာ​ပေဆိုတာတကယ့်​မိတ်​​ဆွေအစစ်​ပါပဲ။

ဟုတ်တယ် မအိရေ ဒါကြောင့် မိတ်ဆွေကောင်းလို တန်ဖိုးထားသင့်တာပါ

စာအုပ်ဖတ်ရတာ အသိပညာတွေတိုးပါတယ်။ လူလည်း လိမ်မာ ပါးနပ်လာပါတယ်

ဟုတ်တယ် စာအုပ်တစ်အုပ်ဖြစ်လာဖို့ ဆိုတာ စာရေးဆရာတစ်ယောက်ရဲ့ အချိန်ပေါင်းများစွာ အတွေ့အကြုံပေါင်းများစွာကို အရင်းခံထားတာကြောင့်မို့ ပါ

သဲအောင် စာအုပ်တွေ မဖတ်ဖူးသေးဘူး ဦးဇင်း
ဒါနဲ့ သူများ Groupမှာ လာတင်ရတဲ့ နယ်ကျော်ခံစားချက်လေး လင်းပါဦး ဦးဇင်း 😊😊😊

ဘယ်လိုပြောရမလဲ ဆိုတော့ပေါ့နော် ဟီးးးး ကျေနပ် ပီတိ ဝမ်းသာ အားရ ပျော်ရွှင် ကြည်နူး ဖြစ်တာပေါ့လို့ 

အလွန်ကောင်းသော မိတ်ဆွေစစ်ပါဘုရား

စာအုပ်စာပေ လူ့မိတ်ဆွေ စာဖတ်သည့်အကျိုး ဗဟုသုတတိုး

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61143.11
ETH 2928.78
USDT 1.00
SBD 3.56