You are viewing a single comment's thread from:

RE: ကျွနုပ်နှင့် Daily promotion

in #myanmar6 years ago

မှန်ပါတယ် ဦးမင်း ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်တဲ့ ဆရာတော်များဟာ မြန်မာပြည်မှာ သာလျှင်ရှိပါတယ် ပိဋကတ်ကို ထုံးလိုမွှေ ရေလိုနှောက်နိုင်သည့်ဆရာတော် များဟာလည်း မြန်မာပြည်မှာသာလျှင် ရှိပါတယ် နိုင်ငံခြားကို ပညာတော်သင်သွားတယ်ဆိုတာက မိမိတို့ သင်ယူတတ်မြောက်ထားတဲ့ ပါဠိဘာသာရပ်ကို သက္ကတ အင်္ဂလိပ်စတဲ့ ဘာသာစကားတွေနဲ့ အထူးပြုသင်ကြားနိုင်အောင်ပါ ဦးဇင်းတို့ က ပါဠိဘာသာစကားကျွမ်းကျင်တယ် ပိဋကတ်တော်ကို တီးမိခေါက်မိရှိထားတယ် ဒါဆို မြန်မာပြည်က ဗုဒ္ဓဘာသာဝင်အပေါင်းကို နားလည်အောင် ရှင်းပြနိုင်စွမ်းရှိပါပြီ သို့ သော် ဘာသာခြား နိုင်ငံခြားသား တစ်ယောက်ယောက်ကများ သိလိုသည်ကို မေးမြန်းလာခဲ့ရင် ဦးဇင်းတို့ ဘယ်လိုဖြေရမလဲ မြန်မာလိုပြန်ရှင်းပြလို့ မရတာတော့ သေချာတယ် စကားပြန်ရှိတယ်ဆိုပေမဲ့လည်း ပါဠိအသုံးအနှုန်းနဲ့ ဆိုလိုချက်တွေကို မလိုက်စားထားဘဲ အင်္ဂလိပ်စကားပြောတတ်ရုံနဲ့မရှင်းပြနိုင်ဘူးလေ ဒါကြောင့် မိမိတို့  သင်ထားတဲ့ ဗုဒ္ဓရဲ့တရားတော်တွေကို ကမ္ဘာအနှံ့  ဟောပြောနိုင်ဖို့ က မိမိကိုယ်တိုင် အင်္ဂလိပ်အသုံးအနှုန်းကျွမ်းကျင်သင့်တယ်ဆိုပြီး ဆရာတော်များက ဆုံးဖြတ်ခဲ့ကြတာပါ စစ်ကိုင်း မင်းကွန်းဆရာတော်ဘုရားကြီးက စတင်ခဲ့တာပေါ့ တောင်မြို့ ဂန္ဓာရုံဆရာတော်ဘုရား သူတို့ လည်း အင်္ဂလိပ်ကို သင်ယူခဲ့ကြတယ် ကျွမ်းကျင်သွားတဲ့အခါမှာတော့ နိုင်ငံတကာက မဟာယာနတွေ ဂျိမ်းတွေ ဂျီးဆပ်တွေရဲ့ ပြသနာမှန်သမျှ မေးလာသမျှကို ချက်ကျလက်ကျဖြေဆိုနိုင်ခဲ့လို့  ဗုဒ္ဓဘာသာက ခုဆို ကမ္ဘာ့အနှံ့ အပြား ရောက်ရှိနေခြင်းပါ သီတဂူဆရာတော်ဘုရားလည်း သာသနာတွင်ကျယ်စွာပြုနိုင်အောင် သီတဂူဗုဒ္ဓတက္ကသိုလ်တွေ ထောင်ခဲ့ခြင်းဖြစ်ပါတယ် ပညာရေးစနစ်အရ မြန်မာက သာပါတယ် သို့ ပေမဲ့ ဘာသာစကားအားနည်းမှုကြောင့် နိုင်ငံခြားထွက်ပြီပညာတော်သင်အဖြစ်း လေ့လာရသည်ဟုသာ ဆိုပါတော့ ကျေနပ်လောက်ပြီ ထင်ပါတယ်

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58495.77
ETH 2579.09
USDT 1.00
SBD 2.44