RC စမ်းသပ်၍ တင်သောပိုစ့်

in #myanmar6 years ago

ဥပုသ်နေ့  ကျောင်းပိတ်ရက်လေးမို့  သဲကုန်းမြို့လေးထဲသို့  အသီးအနှံလေးဝယ်မည်ဆိုသော အတွေးနှင့် သွားနေကြ ဆိုင်ကယ်ကယ်ရီလေး လှမ်းခေါ်လိုက်လေသည် မိမိအတန်းဖော်မိတ်ဆွေများအား သံပုရာရည်ဖျော်တိုက်မည်ပေါ့ သံပုရာသီး အလုံးကြီးကြီးများရွေးဝယ်ပြီး ပြန်လာခဲ့ရသည် တခြားအသီးအနှံက ဈေးကြီးနေတာနှင့် မဝယ်စားနိုင်ခဲ့ပေ ကယ်ရီခပေးတော့မှ ဘုရားတမိသည် ခါတိုင်းဆိုလျှင် ၅၀၀မျှသာပေးရသော လေလည်ရင်တောင် ကြားနေရသည့်ခရီးကို ၁၅၀၀ တောင်းလေသည် ဘာလို့ လဲဆိုတော့ ဒေါ်လာဈေးတွေ တတ်သွားလို့  ဆီဈေးတွေလည်းတတ်လာတယ်တဲ့လေ ဒါနဲ့ ဒေါ်လာဈေးကပြန်ကျပြီလေ ဆီဈေးကမကျဘူးလားဆိုတော့ ဒေါ်လာဈေးတတ်တာနဲ့ ညတွင်းချင်းဆီဈေးတတ်တာဘုရားတဲ့ ပြန်ကျဖို့ လည်း လမ်းမမြင်ပါဘုရားတဲ့ ဒေါ်လာဈေးတတ်တာနဲ့ သံပုရာသီးလည်း ဈေးတတ်သွားတယ် ကျန်တာတွေလည်းဈေးတတ်ကြတယ် ဒါပေမဲ့ ဒေါ်လာဈေးကျတော့ ဘာလို့ များပြန်မကျတာလဲ မသိဘူး

image

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63064.93
ETH 2468.39
USDT 1.00
SBD 2.55