ဥပါဒါန်ကြောင့် ဥပါဒ်ရောက်

in #myanmar6 years ago

image

ဥပါဒါန်ဆိုတဲ့ ဇာတ်ကားကြီး ရုံတင်ကတည်းက ကြေငြာတဲ့ ဇာတ်လမ်းတိုလေးတွေ ကြည့်ပြီး အရမ်းကြည့်ချင်ခဲ့မိတယ် ။ ဒါပေမဲ့ ဥပါဒါန်ဆိုတဲ့အတိုင်း ဘယ်လိုအစွဲအလမ်းမျိုးတွေနဲ့ ပရိတ်သတ်ကို ဆွဲဆောင်သွားမလဲ ဆိုပြီးတွေးကြည့်ခဲ့မိတယ် ။ မိမိကြားဖူးသော စကားရှိသည် ။ " ဥပါဒါန်ကြောင့် ဥပါဒ်ရောက် " တဲ့ အစွဲအလမ်းကြီးပါက ဘေးအန္တရာယ်ကျရောက်တတ်တဲ့ သတိပေးစကားလေးပေါ့ ။

ဘုရားရှင်လက်ထက်တော်တုန်းကလည်း ပစ္စည်းဥစ္စာကို စွဲလန်းပြီးခွေးဘဝရောက်ခဲ့တဲ့ သူဌေးကြီးတစ်ဦးရှိခဲ့ပါသည် ။ တစ်နေ့  မြတ်စွာဘုရားဆွမ်းခံထွက်ချိန် နောက်ကနေ ဝုတ် ဝုတ်နဲ့ ဟောင်နေတော့မှ ဘုရားရှင်က ပြုံးပြီး " ဟဲ့ တောဒေယျ ခုလိုခွေးဘဝ ရောက်နေတာတောင် နောင်တမရသေးဘူးလား " ဆိုပြီး မိန့် လိုက်ပါတယ် ။ ဒါကို တောဒေယျသူဌေးကြီးရဲ့ အမွေကိုဆက်ခံတဲ့ တစ်ဦးတည်းသော သူဌေးသားက ဒါကိုကြားတော့ မခံမရပ်နိုင်ဖြစ်တာပေါ့ ။ " ဒီရဟန်း ဂေါတမ ငါ့အဖေကို ခွေးနဲ့နှိုင်းတယ် ဟုတ်ရင်ဟုတ် မဟုတ်ရင်တော့ မုသားစကားဆိုတဲ့အကြောင်းပြောပြီး လူပုံအလယ် အရှက်ခွဲမဟဲ့ " ဆိုပြီး ကြိမ်းဝါးပြီး ကျောင်းလိုက်သွားတော့သည် ။

" အရှင်ဘုရား တပည့်တော်အိမ်က ခွေးကို အဘယ်ကြောင့် တပည့်တော်အဖေနာမည်ခေါ်၍ ပြောပါသနည်း ။ အဘယ်သက်သေ အထောက်အထားရှိပါသနည်း " ။တကယ်တော့ တောဒေယျသူဌေးဘဝကလည်း ဘုရားရှင်ကိုမြင်တိုင်း မိမိပစ္စည်းဥစ္စာကို နှမြောလွန်း၍ ဘုရားရှင်အိမ်ရှေ့ဖြတ်မိသည်ကိုပင် ငြူစူစောင်းမြောင်းနေသော သူဌေးဖြစ်ပြီး သူသေသောအခါ သူ့ အိမ်မှာပင် ခွေးဘဝပြန်ဖြစ်နေရရှာသည် ။ ဒါကိုနောင်တမရဘဲ သူ့ သားလှုမိတန်းမိမှာစိုး၍ နောက်ကနေ ဟောင်ရင်း သတိပေးနေရခြင်းဖြစ်ပါသည် ။ ဒါကို ဘုရားရှင်သိတော့ တောဒေယျလို့  နာမည်တပ်ခေါ်တော့မှ ခွေးကြီးခမျာ အော် ငါ့ဘဝကို ဘုရားရှင် သိသွားပြီးဆိုပြီး နောင်တရကာ ပြာပုံသွားအိပ်နေတော့သည် ။

" သက်သေအနေနဲ့ကတော့ သင့်ဖခင်မသေခင် ရတနာကြီး လေးခုမြုပ်နှံထားခဲ့သည်မဟုတ်လော " ထိုရတနာတွေကို စွဲလန်းပြီး သင့်ဖခင် တောဒေယျခွေးဘဝရောက်နေရခြင်းပင်ဖြစ်သည် ။
အိမ်ပြန်တဲ့အခါ ခွေးကြီးကို ရေချိုးပေး အစာကျွေးမွေးပြီး ချော့မေးကြည့်ပါ သူလိုက်ပြပါလိမ့်မယ် " ဆိုတော့မှ သူဌေးသားလည်း ဘုရားရှင် ပြောသည့်အတိုင်း လုပ်တော့သည် ။ တကယ်ပင် သူ့ မသိသော သူ့ ဖခင်မြုပ်နှံထားသည့်ရတနာများရှိရာကို ခွေးကြီးက ယက်ပြသည် ။ ထိုအခါမှ ဝမ်းနည်းခြင်းများစွာဖြင့် သူ့ ဖခင်အတွက် အလှုအတန်းများစွာ ပြုလုပ်ပေးတော့သည် ။ သူကိုယ်တိုင်လည်း ဥပသကာအဖြစ်ခံယူ၍ အလှုရေစက်လက်နဲ့မကွာ နေထိုင်သွားတော့သည် ။ ဒီဖြစ်ရပ်ကိုကြည့်ပါ သားစွဲ သမီးစွဲ ဥစ္စာစွဲ နှင့် သေလွန်ကြသောအခါ ဒုဂ္ဂတိဘုံဘဝ ရောက်ကြရသည် ။ မည်သည့်အရာမှ မတည်မြဲသော လောကမှာ မည်သည့်အရာကိုမျှ အစွဲအလန်းမထားသင့်ဘူးဟု သင်ခန်းစာရမိသည် ။ မှတ်ထားပါ " ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တတ်ပါသည် " ။

MSC-181
Author @gunapeya

Sort:  

အစွဲအလန်း​တွေဘာမှမ​ကောင်းပါဦးဇင်း​ရေ။

ဟုတ်တယ် မအိရေ ဒါကြောင့် ဆက်ရေးပေးဦးမလို့  တွေးမိသေးတယ်

အစွဲတွေ ချွတ်နိုင်ဖို့ ကြိုးစားသွားပါ့မယ် ဘုရား

ငါသား ငါ့သမီး ငါ့ဥစ္စာ ဆိုတဲ့ အစွဲက ပိုကြောက်ဖို့ ကောင်းပါတယ်

အစွဲအလန်းဟာ ကြောက်စရာကောင်းလှပါတယ်

မှန်ပါတယ် ဒါကြောင့် သိပ်ပြီး မခံစားရစေဖို့  အစွဲအလမ်းမထားစေချင်ပါ

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64401.36
ETH 2627.01
USDT 1.00
SBD 2.83