ငရဲပြည်တကယ် ရှိ-မရှိ သုံးသပ်ခြင်း

in #myanmar6 years ago

image

မိမိတို့  မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံတော်ဖြစ်သောကြောင့် နိုင်ငံသားအများစုမှာလည်း ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါသည်။ တခြားသောကိုးကွယ်ယုံကြည်မှုများလည်း ရှိကြပါသည်။ မိမိတို့ ကား ဗုဒ္ဓဘာသာ မိဘများမှ ဆင်းသက်လာသူများဖြစ်သောကြောင့် ငယ်စဉ်တောင်ကျေးကလေးဘဝကတည်းက ဦးခေါင်းထဲ ရိုက်သွင်းခံခဲ့ရသောအတွေးများသည်ကား
" ကောင်းတာလုပ်လျှင် နတ်ပြည်ရောက်မည်။ မကောင်းတာလုပ်လျှင် အပါယ်ကျမည်" ဆိုတာပါ သိတော့သိပါသည်။ တကယ်အလေးအနက်သိခဲ့သလားဆိုတော့လည်း မသိခဲ့ကြပါ။ လူကြီးသူမများ ပြောစကားကိုသာလျှင် မျက်စိမှိတ်ယုံခဲ့ရသလို ဖြစ်နေသောကြောင့် " ဟုတ်ချင်မှလည်းဟုတ်မည်။ ဖြစ်ချင်မှလည်း ဖြစ်လိမ့်မည်။ ကိုယ်မှမမြင်ရတာ " ဆိုသောအတွေးများ ဝင်နိုင်ပါသည် ။ ထို့ ကြောင့် အပါယ်လေးဘုံ တကယ်ရှိမရှိ မိမိတွေးမိသလောက် သုံးသပ်ပြပါမည်။

မကောင်းမှု အကုသိုလ်ကျူးလွန်သူများ ရောက်နိုင်သည့် အပါယ်လေးဘုံ ဆိုသည်ကား ငရဲဘုံ၊ တိရိစ္ဆာန်ဘုံ၊ ပြိတ္တာဘ၊ုံ အသူရကာယ်ဘုံ တို့ ဖြစ်ပါသည်။ ပထမကား ငရဲဘ၊ုံ ငရဲဆိုသည်မှာ ကျမ်းဂန်များအရ စက္ကန့် လေးတောင်မခြားပဲ ဆင်းရဲဒုက္ခခံစားနေရသည်ဟု ဆိုပါသည် ။ ဘုံ ဆိုသည်ကား နေရာဋ္ဌာန ဖြစ်သောကြောင့် ငရဲဘုံ ဟုဆိုလိုက်သည်နှင့် ဆင်းရဲဒုက္ခများမပြတ်လပ်အောင် ခံစားနေရသောနေရာဋ္ဌာန တစ်ခုဟု အဓိပ္ပါယ်ရပါသည် ။ ငရဲတွင် အထပ်ပေါင်းရှစ်ထပ်၊ နေရာဋ္ဌာန ရှစ်ဋ္ဌာန ရှိပါသည် ။ဗဟုသုတ အလို့ ငှာဖော်ပြပေးပါမည်။

image
( ၁ ) သဉ္ဇီဝငရဲ - သေလိုက၊် ရှင်လိုက်ဖြင့်အကြိမ်ကြိမ်အထပ်ထပ်နစ်ပေါင်းများစွာခံစားရသောငရဲဖြစ်ပြီး၊ ဤငရဲ၌ကျရောက်သူများသည်အနိုင်အထက်ဖိနိပ်ချုပ့်ချယ်နိပ်စက်တတ်သောပုဂ္ဂိုလ်များ၊ နိပ်စက်ညှင်းဆဲသတ်ဖြတ်သတ်သောခိုးသားဓါးပြများဖြစ်သည်။

( ၂ ) ကာဠသုတ္တငရဲ - မည်းနက်သောအဆင်းရှိသည်. သံပူမျဉ်းကြိုးတို့ ဖြင့်မျဉ်းဆွဲပြီးသစ်တုံးကိုဖြတ်သကဲ့သို့အဖြတ်ခံရသောငရဲဖြစ်ပြီး ၊ ဤငရဲ၌ကျရောက်သူများသည်လူသတ်သူများ၊ လာဘ်စားသော ထောင်မူးများ၊ အမူထမ်း အရာ
ထမ်းများ၊ သီလပျက့်အကျင့်ပျက့်လူရဟန်းများပင် ဖြစ်ကြသည်။

( ၃ ) သင်္ဃာတငရဲ - ပူလောင်သော သံတုံး သံ​တောင်​ကြီးလေးလုံးတို့ ဖြင့်လေးဘက်ညှပ်၍ကြိတ်ခြေညှပ်သတ်ခံရသောငရဲဖြစ်ပြီး၊ ဤငရဲ၌ကျရောက်သူများသည်ဆင်မြင်းကျွဲနွားတို့ ကိုညှင်းဆဲနိပ်စက်တတ်သောဆင်ထိန်းမြင်းထိန်းနွားထိန်းတို့ ဖြစ်သည်။

( ၄ ) ရောရုဝငရဲ - အလွန်ပူလောင်သောသံမီးကျီးခဲ၊မီးလျှံတို့ သည့်ဒွါရကိုးပေါက့်တို့ မှစုပြုံဝင်ရောက်ကာလောင်ကျွမ်းခံရသူတို့ အော်ဟစ်ငိုကြွေးသံဆူညံနေသောငရဲဖြစ်ပြီး၊ ဤငရဲ၌ကျရောက်သူများသည်တောမီးရှို့သ၊ူ တံငါသည၊် တောလိုက်မုဆိုး၊ငှက်မုဆိုးတို့ ဖြစ်သည်။

( ၅ ) မဟာရောရုဝ - ပူလောင်စပ်ခါးလှသော အခိုးအငွေ့တို့ ဖြင့်ပြင်းထန်စွာလောင်ကျွမ်းခံရကာ ရောရုဝငရဲထက်ပိုမိုပြင်းထန်ခံစားရသောငရဲဖြစ်ပြီး၊ ဤငရဲ၌ကျရောက်ခံရသူများသည် မိဘ ဆရာသမား၊ သီလရှိသူတို့ အား နှိပ်​စက်​ ဖျက်​စီးသူတို့ ဖြစ်ကြသည်

( ၆ ) တာပနငရဲ - အလျှံညီးညီးတောက်လောင်နေသောသံမဏိမီးတို့ ဖြင့်အပူတိုက်ပေးပြီး၊ အထက်ပါငရဲတို့ ထက်ပိုမိုပြီးဆင်းရဲခံရသောငရဲဖြစ်သည်။ဤငရဲ၌ကျရောက်သူများသည်အများမှီခိုနေထိုင်ရာတိုက်တာ၊ အိမ်၊ ရေတွင်း၊ဇရပ်တန်ဆောင်၊ မဏ္ဍပ်အစရှိသည်တို့ ကိုမီးရှို့ဖျက်စီးသ၊ူ သတ္တဝါတို့အားသနားညှာတာမှုကင်းကာမီးမြိုက့်ခြင်း၊ မီးလောင်တိုက်သွင်းသူများဖြစ်ကြသည်။

( ၇ ) မဟာတာပနငရဲ - တာပနငရဲထက်ပိုမိုလွန်ကဲ
စွာဆင်းရဲခံရသောငရဲဖြစ်ပြီး၊ ဤငရဲ၌ကျရောက်သူများသည် လောကုတ္တရာတရာဓမ္မများမှားယွင်းပျက့်ပြယ်စေအောင် မိစ္ဆာဒိဋ္ဌိအယူမှားသို့ ရောက်အောင်လမ်းညွန်ပြုသူအဓမ္မဝါဒီများဖြစ်ကြသည်။

( ၈ ) အဝီဝိငရဲ - မီးလျှံ၊ ဒုက္ခဝေဒနာ၊ ခံရသူသတ္တဝါသုံးမျိုးတို့ အကြားအလပ်မရှိပြည့်ကြပ်လျှက်ရှိသောငရဲဖြစ်ပြီး၊ ဤငရဲ၌ကျရောက်သူများသည်အမိသတ်သူ၊ အဖသတ်သ၊ူ ရဟန္တာသတ်သူ၊သံဃာကိုခွဲပြားအောင်လုပ်သူ ၊ဘုရားရှင်အား
သွေးစိမ်းတည်အောင်လုပ်သူတို့ ဖြစ်ကြသည်။
image

တစ်ခါက သတင်းတစ်ပုဒ် ကြားခဲ့ဖူးလေသည်။ မည်သည့်နိုင်ငံမှန်းတော့မသိ၊ မိုင်းတွင်းတူးရာမှ မြေအောက်တွင် နာကျင်စွာအော်ငြီးနေသော ကြောက်မက်ဖွယ်ရာအသံများ၊ ကြားခဲ့ရသည်ဟုဆိုပါသည်။ မြေတူးသော သံမဏိထိပ်ဖူးများသည်လည်း ပြင်းထန်သော အပူလွန်ကဲမှုကြောင့် အရည်များပျော်ကျခဲ့သည်ဟု ဆိုပါသည် ။ထို့ ကြောင့် မမြင်မတွေ့ရတိုင်း မယုံနိုင်ဟု မဆိုသင့်ပေ။ ဥပမာ မန္တလေး မရောက်ဖူးသော ရန်ကုန်ကသူတစ်ယောက်အား နန်းတော်ကြီးအကြောင်းတွေ ကျုံးပတ်လည်ဝိုင်းနေသောမန္တလေးမြို့၏ အလှအပအကြောင်းတွေ ပြောတဲ့အခါ မမြင်ရလို့ မယုံဘူးဆိုပါလျှင် ကိုယ်တိုင်သာ သွားရောက်လေ့လာကြည့်ပါဟုသာ ပြောမိမှာ အမှန်ဧကန်ပင်။ ထို့ အတူ မိမိလည်း ငရဲပြည် ရှိသည၊် မရှိဘူး မယုံကြည်လျှင် ကိုယ်တိုင်သာ သွားကြည့်ပါဟုသာ ဆိုပါရစေ။ သွားဖို့ နည်းလမ်းများလည်းရှိပါသည်။ သူတစ်ပါးအသက်ကို မညှာမတာ သတ်ဖြတ်မယ်၊ ညှင်းဆဲမယ်။ သူတစ်ပါးစည်းစိမ်ဥစ္စာတွေ ခိုးယူမယ်၊ ဖျက်ဆီးမယ်။ သူတစ်ပါးသားမယားကို ပစ်မှားစော်ကားမယ်။ ဒီလောက်ဆိုလျှင် သွားဖို့ လုံလောက်ပါသည်ဟုသာ ဆိုပါရစေ။ မယုံကြည်သူများ စမ်းသပ်နိုင်ပါသည်။
image
တချို့သော ဒေသများတွင် သေရွာပြန်များ၊ လူဝင်စားများစသည်ဖြင့် ဖြစ်ရပ်မှန် မှုခင်းသတင်းများတွင် ပါလာတတ်ပါသည။် သူတို့ ပြောဆိုပုံအရ သေခါနီး မျောနေသောအခါတွင် ထိုသို့ သော ငရဲ စသည့် မမြင်ရသည့် ပရလောက နေရာဋ္ဌာနများသို့  ရောက်ရှိသွားတတ်ကြသည်။ ကုသိုလ်ကံ အရှိန်အဟုန်မကုန်သေး၍သာ လူ့ ပြည့်သို့  ပြန်ရောက်လာကြပြီး၊ အသက်ထက်ဆုံး ကောင်းမှုကုသိုလ်များ လုပ်ရင်းသာ သက်တမ်းစေ့နေသွားကြသည်ကို တွေ့မြင်ရပါသည်။ ဒါကြောင့် မိမိတွေးမိသည် ။သူတို့ ကား တကယ်ကို နဖူးတွေ့ ဒူးတွေ့ ကြုံကြိုက်ခဲ့ရသောကြောင့် တကယ်ကို ထိတ်လန့် ပြီး သံဝေဂ ရသွားသည်ဟုသာ မြင်မိပါသည်။ နောက်ထပ်သာဓက တစ်ခုက လူကိုသတ်လျှင် တရားဥပဒေက အပြစ်ပေးသည်။ သူတစ်ပါးဥစ္စာ ခိုးလျှင်လည်း အပြစ်ပေးခြင်းခံရစမြဲပင် ။ဒါကြောင့် ဒီအရာတွေ ကျူးလွန်လျှင် အပြစ်မဖြစ်ဘူး။ အကုသိုလ်မဖြစ်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား၊ တွေးကြည့်ပါ ။ လောကီဒဏ်ခတ်ခြင်းထက် လောကုတ္တရာဒဏ်ခတ်ခြင်းက ပို၍ ပြင်းထန်မည်ဟုသာတွေးမိသည်။ ထို့ ကြောင့် နောင်ဘဝ နောက်ခန္ဓာကိုယ်နှင့် ခံလိမ့်မယ် ဒီဘဝ အဆင်ပြေဖို့ အရေးကြီးတယ် ဆိုသော အယူမှားများ ပယ်ရှားနိုင်ကြပါစေ ။ကုသိုလ် ၊ အကုသိုလ်ဆိုတာ မိမိ၏ အရိပ်လိုပဲ မိမိနောက်သို့ သာ အစဉ်လိုက်နေသည်ကို သတိပြုမိနိုင်ကြပါစေဟု ဆန္ဒပြုလျက် . . . . .
( တိရိစ္ဆာန၊် ပြိတ္တာ၊ အသူရကာယ် အကြောင်းများလည်း လက်တွေ့သုံးသပ်ပြပါဦးမည် )

မိမိအား ချစ်သူ၊ မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ။

Author-@gunapeya
Photo credit from Google Images,
MSC-181
image

Sort:  

ကောင်းတာများများလုပ်ကြတာပေါ့အရှင်ဘုရား။အရှင်ဘုရားလဲဒီ့ထက်ကောင်းတဲ့လောကမရှိတော့တဲ့အတွက်ရဟန်းဘဝမှာပျော်ရင်အိမ်နောက်ကစိတ်ချရတယ်ဆိုရင်မထွက်နဲ့တော့ဘုရား။တပည့်တော်လဲမိဘတွေလုပ်ကျွေးနေတာမိဘတွေမရှိတော့တဲ့အချိန်ကျရင်ဝတ်ဖို့စဉ်းစားထားတယ်ဘုရား။

ဗုဒ္ဓရဲ့ အဆုံးအမ တွေ များများ ရေးသားပေးပါဘုရား ။ခေတ်လူငယ်တွေအတွက် ငွေရှာရင်း ဘုရား တရား မမေ့ရလေအောင် တပည့်တော်တို့ က facebook ပေါ်မှာ တွေ့ ရင်တောင် သိပ်မဖတ်ဖြစ်ဘူး။steemitမှာတော့ pro ပို့ စ်တွေအားလုံးကို ပြီးအောင်ဖတ်ဖြစ်ပါတယ်

အကောင်းဆုံးရေးနိုင်အောင် ကြိုးစားပေးပါ့မယ် ကိုအောင်ဆန်းလွင်ရေ ဒီခေတ်လူငယ်တွေ မဖြစ်သင့်တာ မဖြစ်အောင် တားဖို့ က လူကြီးတွေမှာ တာဝန်ရှိတယ်လေ

ငရဲကြီး ရှစ်ထပ်အကြောင်း ငယ်ငယ်က ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းမှာ မှတ်သားခဲ့ရဖူးပါတယ် ဘုရား အခုလို အကျယ်ပြန်သိခွင့်ရတာ ကျေးဇူးပါ ဘုရား နောက်ကိုလည်း ဗုဒ္ဓတရားတော်တွေကို စကားပြေရေးနည်းနဲ့ ရေးသားပြီး နာကြားခွင့် ရချင်ပါတယ်

အတတ်နိုင်းဆုံး အကောင်းဆုံးကြိုးစားပြီး ရေးပါ့မယ် မစုရေ

နာင်ဘဝ နောက်ခန္ဓာကိုယ်နှင့် ခံလိမ့်မယ် ဒီဘဝ အဆင်ပြေဖို့ အရေးကြီးတယ် ဆိုသော အယူမှားများ ပယ်ရှားနိုင်ကြပါစေ
လူ​တွေ ​လောဘ ​ဒေါသ အားကြီး​နေတာ
သိလျှက်​​ရော မသိပဲ​ရော ခိုး ဆိုး လု မှု​တွေတစ်​​နေ့
တစ်​​နေ့များလာပါတယ်​ဘုရား

ဟုတ်တယ် ဦးထွေးရေ ဒီခေတ်ကြီးမှာ မြင်နေ တွေ့နေ ကြားနေရတာ စိတ်မချမ်းသာစရာတွေချည်းပဲ

မစမ်းရဲပါဘူး ဘုရားကြောက်တယ် ခုဘဝတောင် ကံမကောင်း
နောက်ဘဝ ဆို အမလေးဖျားဖျား

ဒါကြောင့်ပြောတာ ကုသိုလ်များများလုပ်ပါလို့ 

အခု လူတွေနှင့် တတန်းထည်းနေထိုင်နေကြရာမှာပင်
မြင်ကြားတွေ့ နေရတာမှာ အရှင်လတ်လတ် ငရဲ ခံနေရ တာတွေ ရှိနေကြပါတယ်

ဟုတ်တယ် လူ့ ခန္ဓာကိုဟ်နဲ့ ငရဲသားဘဝတွေပေါ့

အကျိုးကျေးဇူး ရှိလှပါတယ်ဘုရား

သာဓုပါဗျာ

ကုသိုလ်​ များများလုပ်​ကြမယ်

ခုလိုကြားနာခွင့်ရတာကျေးဇူးပါဘုရား

သာဓုပါဗျာ ခုလိုဖတ်ရှု အားပေးတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်

တပည့်​​တော်​နဲ့ သူငယ်​ချင်းတစ်​​ယောက်​ ငြင်းဖူးတယ်​ဘုရား .. အရှင်​ဘုရား​ပြောတဲ့အတိုင်း မယုံရင်​သွားကြည့်​ခိုင်းရမလို ဖြစ်​​နေပြီ ဘုရား ..

မမြင်ရလို့  မယုံဘူးဆိုတဲ့သူတွေက တစ်ဖက်ပိတ်တွေ ပြိုင်ငြင်းလို့  အကျိုးမရှိဘူး သူ့ ဆီက ဘာဗဟုသုတမှ မရတဲ့အပြင် ကိုယ်ပါ ဒေါသထွက်ရသေးတယ်ကွဲ့

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 62722.59
ETH 3111.50
USDT 1.00
SBD 3.84