ငဒူ

in #myanmar6 years ago

image

" ဟာ ဦးပု ငိုနေတာလား " မိမိနှင့်အရင်းနှီးဆုံး သူငယ်ချင်းများကတော့ မိမိ အရပ်ပုသည်ကို အစွဲပြုပြီး ဦးဇင်းပု ဦးပု စသည်ခေါ်လေ့ရှိသည် ။ မိမိကို ငိုနေတာလား မေးနေတဲ့ သူ့ ခမျာလည်း နှပ်တွေ ရှုံလိုက် သွင်းလိုက်နှင့် စိတ်ထဲမှာ ဂရုဏာ ရသအပြည့်အဝ ခံစားနေရရှာသည် ။ ဒီနေ့ က စနေနေ့  ဝါဆိုလပြည့်နေ့ ဆိုတော့ စာသင်စာချ နားရက်လေးပေါ့ ။ ခါတိုင်းဆို နေ့ လည် နေ့ ခင်း ကျိန်းစက်ကြပေမဲ့ ဒီနေ့ က ဦးဇင်းတစ်ပါး ဒေါင်းလုဒ်ဆွဲလာသည့် " ငဒူ " ဆိုတဲ့ ဇာတ်ကားလေး ဝိုင်းဖွဲ့ကြည့်ရင်း ဂရုဏာတွေ ဖြစ်မိတာပေါ့ ။
image
" ငဒူ " ဇာတ်ကား ရုံတင်တာတော့ကြာပြီ ။ အခန်းတိုလေးတွေ ကြည့်မိကတည်းက ငဒူကို ကြည့်ချင်နေခဲ့ကြသည် ။ ရုပ်ရှင်ရုံလည်း ဝင်ကြည့်မရ ။ ရုံတင်ကားကြီး ရုံကကျပြီဆိုလျှင်လည်း ကြည့်ရဖို့ က အချိန်ယူစောင့်ရသေးသည် ။ တစ်ချို့ကလည်း မြင့်မြတ်ကို ကြိုက်လို့  ကြည့်ကြသည် တစ်ချို့ကလည်း ရွှေမှုန်ရတီကို ကြိုက်လို့ ကြည့်ကြသည် ။ မင်းသားစွဲ မင်းသမီးစွဲအပြင် ဇာတ်လမ်းဇာတ်ကွက်ကို သဘောကျလို့  ကြည့်ချင်ကြသည်သူများလည်းရှိပါသည် ။ မိမိကတော့ ရွှေမှုန်ရတီကို သဘောကျသည် ( ဟီးဟီး ) မြင့်မြတ်ကိုတော့ လေးစားမိသည် ။ သရုပ်ဆောင်ဆိုတာကိုမေ့ပြီး တကယ်ငဒူ ငနုံငအ တစ်ယောက်အဖြစ် ပရိတ်သတ်ရင်ထဲကို ရိုက်သွင်းပြနိုင်ခဲ့သည် ။
image
တကယ်တော့ ငနုံငအ ဆိုတာက ဦးနှောက်ထက် နှလုံးသားပိုကြီးပြီး နှလုံးသားကခိုင်းတဲ့အတိုင်း လိုက်လုပ်တတ်တဲ့သူဆိုတဲ့ မက်ဆေ့လေးရမိတယ် ။ တစ်ကားလုံးမှာ ငဒူ လုပ်သမျှဟာ သူအတွက်မပါပဲ အများကို ကူညီလိုစိတ် ပျော်ရွှင်လိုစိတ်နဲ့ လုပ်ပေးခဲ့တာချည်းပဲ ။ ဒါပေမဲ့ ဦးနှောက်က နှလုံးသားထက်စာရင် အနည်းငယ်သေးငယ်နေတော့ သူ့ ခမျာ အလွဲအချော်တွေသာ လုပ်မိတာပေါ့ ။ ဒါပေမဲ့ ကိုယ်ကောင်း ခေါင်းမရွေ့ပါဘူးဆိုတဲ့ စိတ်နဲ့သူစေတနာရှေ့ထားပြီး လူတွေကို ကူညီမြဲပဲ ။ အမြဲတမ်းလည်း လွဲချော်မြဲပေါ့ ။ တစ်ခါတစ်လေ အနိုင်ကျင့်ခံရသေးတယ် ။ အထင်အမြင်မှားလို့ လည်း အထိုးအကြိတ်ခံရသေးတယ် ။ ဒီအရာတွေ အာလုံးကို ကျပ်မပြည့်သူတစ်ယောက်ကခွင့်လွှတ်နိုင်စွမ်းရှိတယ် ။ ဇာတ်ကားထဲမျောနေတဲ့ မိမိတို့ သာ ဘေးကအားမလိုအားမရ ဖြစ်မိတော့တာပေါ့ ။ အဓိက အဲ့ဒါပါပဲ ပရိတ်သတ်ကို ပေးချင်တာ ဂရုဏာရသ အပြည့်အဝပဲ ရလိုက်ပါတယ် ။
image
" ရုပ်ကြမ်းကြီးနဲ့ နွဲ့တယ်ပဲပြောပြော " " ပြိတ္တာတို့ မျက်ရည် မြေမကျကောင်းဘူးပဲ ပြောပြော " ငဒူ ဘဝကို စာနာမိ၍ မျက်ရည်လေးတော့ကျခဲ့သည် ။ ဘာလို့ လဲဆိုတော့ မျက်စိနဲ့ မကြည့်ဘဲ နှလုံးသားနဲ့ကြည့်တာမို့ ခံစားရပါသည် ။ ဇာတ်ကားကြည့်ရင်း သင်ခန်းစာတွေလည်းရသည် ။ ဘာလဲဆိုတော့ ကျပ်မပြည့်တဲ့ငနုံငအ တစ်ယောက်မှာတောင် အများအတွက် စေတနာတွေ ထားနိုင်တယ် ။ ငါကလူကောင်း သူ့ လို ထားနိုင်ရမယ်ပေါ့ ။ ငဒူ ဦးနှောက်မပြည့်ပေမဲ့ခွင့်လွှတ်နိုင်စွမ်း သည်းခံနိုင်စွမ်းရှိတယ် ။ ငါတို့ က လူကောင်း ဘာလို့ ခွင့်လွှတ်သည်းခံခြင်း မရှိနိုင်ရမလဲ ။ ဆိုပြီးတော့တွေးမိပါသေးတယ် ။ နောက်ဆုံး ကလေးတွေကို မီးထဲ အသက်စွန့် ကယ်ရင်း သူဖြစ်ချင်ခဲ့တဲ့ မိဘမဲ့ဂေဟာလေးဆောက်ပြီးသွားတာကိုတောင် သူ့ ခမျာ မမြင်တွေ့လိုက်ရရှာဘူး ။ အဲ့ဒါက ပိုပြီးရင်ကိုထိသည် ။ ဒါကြောင့် ငဒူ ဇာတ်ကားလေး ကြည့်စေချင်ပါသည် ။ ဟာသ ရသ ဂရုဏာရသ အပြည့်အဝရပါလိမ့်မည်ဟုသာ. . . .

MSC-181
Author @gunapeya
Photo Credit from Original Source,

Sort:  

မြန်မာကားတွေ မကြည့်ဖြစ်တာ တော်တော်ကိုကြာပါပြီ ခုနောက်ပိုင်း မင်းသမီးမင်းသားနာမည်တွေတောင်မသိတော့ဘူး မှတ်မှတ်ရရ ဘန်ကောက် to မန္တလေးက နောက်ဆုံး ကြည့်ဖြစ်တဲ့ မြန်မာကားပါဘဲ ဦးဇင်း ညွှန်းလို့ ငဒူကြည့်လိုက်အုံးမယ်

ငဒူဇာတ်ကားက တကယ်ကောင်းလို့ ပါ uz လည်းမြန်မာပေါကားတိုင်း မကြည့်ပါဘူးဗျာ

ငဒူ...ငဒူ

အဲ့လဲ့ငဒူလေး လာမန့်တယ်ပေါ့

မြန်မာကားတွေမကြည့်မိတာကြာပါပြီ
ဟိုတနေ့ကတော့ ဥပါယ်တန်ကြည့်မိတယ်

အဲ့ကားလည်းကြည့်ချင်တာ ဦးထွေးရေ ဥပါဒါန်ကားပေါ့

နှလုံးသားထက် ဦးနှောက်ကကြီးလွန်းပြန်ရင်လဲ ရက်စက်တဲ့သူဖြစ်တတ်တယ်တဲ့

သူကတော့ အတ္တကို ရှေ့တန်းတင်သလိုဖြစ်သွားပြီလေ ကိုဟ့်အတွက်သာကြည့်တော့တယ် ဘယ်သူသေသေ ငတေမာရင်ပြီးရော လူစားမျိုးပေါ့

ဦးဇင်း စာဝါ မလိုက်ဘဲ ရုပ်ရှင်ကြည့်နာ ကျောင်းထိုင်ဆရာတော် နဲ့ တိုင်ပြောမယ်

တိုင်ပေါ့ ဘုန်းကြီးကိုယ်တိုင် zpya နဲ့ လာကူးသွားသေးတယ် ငိငိ

ကြော်ငြာကောင်းလို့ ကြည့်အုံးမယ်ဘုရား

တကယ် ကောင်းတာဆရာကတော်ရေ

ကြည့်​ရ​သေးဘူး အာ့ ငဒူကား

ဖိဘုတ်မှာ ရှာလိုက် အစအဆုံး တင်ပေးနေတယ်

အယ် ဥဇင်းရဲ့ အနုပညာခံစားမှု စွမ်းအားကို အားကျမိပါဘိ။

နှလုံးသားရှိတော့လည်း ခံစားမိတာပေါ့ ဦးညီရေ

အယ် ခံစားတတ်လိုက်တာ တပည့်တော်လဲ ဇာတ်ကားကြည့်ပြီး ပြီးသွားတဲ့ အကျင့်လေး ပြင်ရဦးမယ်

တချို့ဇာတ်ကားလေးတွေက ယူစရာတွေ အများကြီးပါတယ် ဒိုမီရဲ့

Congratulations @gunapeya! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

You can upvote this notification to help all Steemit users. Learn why here!

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64320.07
ETH 3154.23
USDT 1.00
SBD 4.34