MSC Group4 မှ စကားသံများ

in #myanmar6 years ago (edited)

image
ဒီတစ်ပတ် တင်ရမဲ့ pro က G4 မှ စကားသံများဆိုပြီး တင်ရမည်ပေါ့။ ခရီးသွားနေလာနေတုန်း pro တစ်ရက်နားမယ်လို့  စဉ်းစားထားပေမဲ့ လူတိုင်းသိချင်နေတာက ဘယ်လို အသစ်အဆန်းလေးတွေ ဟာသလေးတွေနဲ့ G4 အကြောင်းကို ရေးလာကြမလဲဆိုတာပါ။ မိမိလည်း သူများဘယ်လိုရေးမလဲ စိတ်ဝင်စားသလို မိမိရေးတာကိုလည်း အများက စိတ်ဝင်စားနေမှာပဲလို့ တွေးမိပါတယ်။ ဒါကြောင့် ရေးဖြစ်အောင်ရေးမယ်ဆိုပြီး ဖုန်းလေးကောက်ကိုင်မိတယ်ပေါ့ဗျာ။
G4 အကြောင်းပြောတော့မယ်ဆို မပါမဖြစ်က SL ပေါ့ ။ စလိုက်မီးထိုးမှမြင်ရလို့  SL လို့ ခေါ်တာပဲ ထင်ပါတယ်။ လူတိုင်းက အားနည်းချက် ရှိကြပေမဲ့ G4 ရဲ့ SL ကတော့ အားသာချက်ပဲ ရှိပါတယ်။ ဂရုထဲမှာ ပြောချင်တာပြောနေကြပေမဲ့ SL ကြီးရောက်နေတာကို ဘယ်သူမှ မသိကြ မမြင်ကြဘူး။ ဒါSL ရဲ့အားသာချက်ပေါ့။ အနက်နုရောင်လေးပေါ်မှာ နဂ္ဂတစ်ကာလာလေးခြယ်သထားတော့" ရှိန်းဆာယာ ဖိုလ်မောက် ကိုယ်ပျောက်လို့ "နေတဲ့ စွမ်းအင်တွေ ပိုင်ဆိုင်ထားတဲ့သူတစ်ဦးပါ။ အမည်က @htetwaihin ဆိုသော်ငြား ဆားပုလင်းနှင်းမောင်လိုပဲ ဘယ်ကဘယ်လိုပေါ်လာမှန်းမသိ၊ ခွက်ပုန်းတွေဝင်ဝင်ဖမ်းနေလို့  ကနှင်းဆိုပြီး ခေါ်ကြတာပေါ့။

အရင်ကဆို G4 ကလူတွေက ရိပ်သာသွား ဝစီပိတ်ကျင့်ကြံနေကြတယ် ထင်ရလောက်အောင် ငြိမ်သက်တိတ်ဆိတ်နေခဲ့ပေမဲ့ အခုဆို လက်ပံပင် ဆက်ရက်ကျသလို ပွဲဆူအောင် ဖန်တီးပေးသူအကြောင်းလေးလည်း ပြောချင်မိပြန်တယ် ။စတိုင်က ဝင်းဦးလိုလို၊ တွံတေးသိန်းတန်လိုလို ၊ကောလိပ်ဂျင်နေဝင်းလိုလို ( အကုန်ကွယ်လွန်ပြီး ) ဟိုလိုလို ၊ဒီလိုလို တူသလိုလိုနဲ့ ဘာဘီရုပ်နဲ့တူနေတဲ့ ကွာကာ ခေါ် ကွီးအာ ခေါ် @arkarphyo တနင်္ဂနွေနေ့ တိုင်း ဖုန်းဘေမဲဖောက်ပေးနေပေမဲ့ ၊အခုတော့ သူကိုယ်တိုင် ပုဆိုးအပေါက်သာ ဝတ်နေရတဲ့အထိ ကံဇာတာနိမ့်နေလို့  ဂရုလေးထဲလည်း မလာနိုင်တာကြာပေါ့ အားရင်လာလည်ပါ။ ( ရစ်သမျှ ခံပါမယ် )
image
G4 ထဲမှာ ထူးခြားတဲ့သူတစ်ယောက်ရှိသေးတယ်။ ဆေးဆရာကြီးဇီဝကရဲ့ မျိုးဆက်လို့ ထင်မှတ်ရလောက်အောင် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်ကြောင်းကို ပြသနိုင်တဲ့ @mamamyanmar ပါ။ တွေ့တွေ့သမျှ အပင် ပင်စည် ၊အခေါက်၊ အဖူး၊ အညှောင့်မကျန်အောင်ပင် လက်စွမ်းပြ ချက်ပြုတ်ပြီး ဂရုထဲက အရက်နာကျနေတဲ့ ကွောင်ကြီးခေါ် @aunggyi100 နဲ့ စကားပြောရင် ငမ်း. . .ငမ်း. . ဆိုပြီး လေငန်းစွဲသလိုဖြစ်နေတဲ့ @kyawkohtet တို့ အတွက် ဆေးဖက်ဝင်ဟင်းလျာများ ပိုစ့်တင်ပြီး ကျွေးမွေးနေတဲ့( လျှာနဲ့ယက်စားရန် ) မြန်မာ့ တိုင်းရင်းဆေးဆရာမကြီး တစ်ဦးလည်းဖြစ်ပါတယ်။

သတိထားမိတဲ့သူတစ်ယောက်ရှိသေးတယ် G4 ထဲရောက်တာတော့ သိပ်မကြာသေးဘူး။ ဒါပေမဲ့လည်း တကယ့်မိသားစုဝင်လို တစ်သားတည်းဖြစ်နေပြီး ကတုံးကြီး တတ်တူးထိုးထားတော့ vindisel လိုလို ဘာလိုလို လူမိုက်ကြီး ဦးအင်းခေါ် @masterinnwo ပါ။ လူကသာ ခေတ်မကောင်းလို့  ကျားချင်ယောင်ဆောင်ပြီး ဖိုက်တာ လုပ်နေရပေမဲ့ ကဗျာဆန်သည။် အသည်းနုသည်။ စာပေကဗျာလေးတွေနဲ့ ပြောတတ်သည် ။ " ဦးတော် ဖူးမြော်လျက်ပါ " ဆိုပြီး မိတ်ဆက်သလို " ဦးအင်း ဆူးကင်းသောလမ်း လျှောက်လှမ်းနိုင်ပါစေ" ဆိုပြီး ကာရန်ကိုက်ခဲ့ကြလို့ " လှေလူးနှင့် ဘုန်းကြီးရူး " တွေ့သလို စတင်သတိထားမိခဲ့ခြင်းပါ။နောက်များမှ ဆက်ပါဦးမည် ။ဒီလောက်နဲ့သာ ကျေနပ်ကြပါလို့ . . . နောက်လူများလည်း လာပါမည် ။

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ

MSC-181
Author -@gunapeya
image

Sort:  

sl ဆွာ ဆလိုက်မှန်းခုမှသိရတော့တယ်

ကလင်းကို မေ့သွားတယ် ကွောင်ကြီးနဲ့ဂိုဏ်းတူညီအစ်ကို လုပ်ပေးမလို့ ဆိုပြီး

G-4 က စုံတယ် အားလုံးက ခေ သူမဟုတ်ကြဘူး။ရေးသားထားတာလေးတွေက ထိမိလှပါပေတယ် ဆရာတော်

နောက်တစ်ခေါက်က ကိုအောင်ဆန်းလွင်အလှည့် ဇာတ်နာအောင် ရေးပြီး မျက်ရည်ခြူပေးရမလား

လန်းထာ ဦးဇင်း

ဒါတွေးမိတာလေးရေးထားတာ နောက်တစ်ခါ မစုဇာတ်လမ်းထဲ ဝင်ပြီး ရွာကျောင်းဆရာတော်နေရာက ရေးမယ်

ခုလို post တင်ခိုင်းတော့ တစ်ယောက်အကြောင်းတစ်ယောက် ထဲထဲဝင်ဝင်
သိရတာပေါ့

ဟီး စိတ်တော့ဆိုးဘူးမလား စစ်ကိုင်းလာပြီး လက်ရာလေးမြည်းစမ်းချင်ပါသေးတယ်

အမှန်​ပါပဲဘုရား .. အရှင်​ဘုရား​ရေးမှာကို ​စောင့်​ဖတ်​ချင်​​နေတာပါ ဘုရား .. ​စောင့်​ရကျိုးနပ်​​အောင်​လည်း ဖတ်​​ကောင်းလွန်းပါတယ်​ဘုရား ..

နောက်ဆို လူစုံထည့်ရေးတော့မယ် မြန်မာကြီးလည်း ပါရတော့မယ် စိတ်မဆိုးကြေး ဟိဟိ

အစုံပဲနော် ငိငိ

အစုံသေးဘူး မှော်ဆရာ လင်းမြွေ ကြီးထည့်ရဦးမယ် နောက်တစ်လပေါ့

ရေးသားချက်​က ​လေးစားပါတယ်​ဘုရား

အားပေးတဲ့အတွက် ကျေးဇူးပါ ဦးထွေးရေ

SL ဆိုတာ တပည့်တော်က ဆေးလိပ်ထင်တာ စလိုက်မီးဖြစ်နေတာကိုး မှတ်သားစရာပါ အတွေးမတူပဲနဲ့ နှစ်ခုလုံးအဓိပ္ပာယ်ရှိနေတယ်နော်။

အဓိပ္ပါယ်ရှိတာတော့မပြောနဲ့ sl ကြီးစိတ်ဆိုးမှာတောင် စိတ်ပူရသေးတယ်

တော်ပါသေး အနည်းငယ်သာပါပေလို့ပေါ့ ဟီးဟီး

ဒီအတွက်တော့ မပူပါနဲ့လေ နောက်လ ဇာတ်နာအောင်ရေးပေးမှာ စိတ်ချသက်လား

ဆေးနည်း​လေး​တွေ မပြတ်​တင်​​ပေးပါလို့ မမမြန်​မာကိုလည်းကြုံရင်​​ပြော​ပေးပါအုန်းဘုရား😂😂

စားလို့ ကောင်းတယ်မလား ကွောင်ကြီး

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 69731.54
ETH 3810.82
USDT 1.00
SBD 3.84