လူသေသော်လည်း နာမည်ကျန်ခဲ့သောသူ

in #myanmar6 years ago

image

ဇူလိုင် ၁၉ ရက် မြန်မာနိုင်ငံရယ်လို့  လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူတို့ ရဲ့ နိဂုံးချုပ်ရာ နေ့ ရက်လေးပေါ့ ။ အကယ်၍သာ သက္ကရာဇ်တွေ ဖြိုနိုင်တဲ့ မင်းတစ်ပါးသာဖြစ်ရင် ဒီနေ့  ဒီရက်ကို ဖြိုဖျက်လိုက်ချင်ပါရဲ့ ။ ပြည်သူတွေရဲ့ ပူဆွေးခြင်း လွမ်းဆွတ်ခြင်းတွေကို ပယ်ဖျောက်ပေးချင်ပါရဲ့ ဥသြဆွဲသံနဲ့အတူ ခံပြင်းရတဲ့ နေ့ ကိုတော့ ဖျောက်ခြင်းငှာ မစွမ်းသာခဲ့ပေ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ နာမည်နဲ့သူ သေဆုံးခဲ့တာ နှစ်ပေါင်းရာကျော်ခဲ့ပြီ။ နာမည်ဘာကြောင့် ကျန်ခဲ့ရသလဲဆိုတာ သိလိုက်ပါပြီ။
image
အများအတွက် အချိန်ပြည့် အလုပ်လုပ်ပေးခဲ့သူ အများအကျိုးကို အသက်နဲ့လဲပြီးဆောင်ရွက်ပေးခဲ့သူ တစ်ဦးမို့ ပေါ့။ ဗိုလ်ချုပ်ဘဝမှာ ပျော်ရွှင်ခြင်းကိုတောင် မေ့နေခဲ့ရတယ်တဲ့ ။ အရယ်အပြုံးမရှိသလောက်ရှား တည်ကြည်ခန့် ငြားတဲ့ အမူအရာနဲ့ အရာရာကို ပိရိစွာ ပါးနပ်စွာ ဆုံးဖြတ်ခဲ့သူပေါ့ လူသားပီပီ အိမ်ထောင်သာပြုလိုက်ရသည် ။ ချစ်ရေးဆိုဖို့ အချိန်မရှိ ။ အလုပ်တွေက များပါဘိ လက်ခံ၏ မခံ၏သာပြောပါဆိုတဲ့ စကားကို ပါရမီဖြည့်တဲ့အနေနဲ့ ရင်ခုန်ကြည်နူးပေးခဲ့တဲ့ ဗိုလ်ချုပ်ကတော်ကိုလည်း လေးစားမိပါသည် ။

အင်္ဂလန်ကို လွတ်လပ်ရေးသွားတောင်းခဲ့တုန်းက ဗိုလ်ချုပ်သည်းထန်စွာ ငိုကြွေးခဲ့ရတယ် ။ လွတ်လပ်ရေးပေးရင်ပေး မပေးရင်ရအောင်တိုက်မည် ဆိုတဲ့ စကားကို အားနှင့်မာန်နှင့် ပြောခဲ့ပေမဲ့လည်း လွတ်လပ်ရေးမရရင် ပြည်သူတွေကို ဘယ်လိုပြောရပါ့မလဲ ။ အများရဲ့ မျှော်လင့်တကြီးနဲ့ကြည့်နေမဲ့ မျက်ဝန်းတွေကို ဘယ်လိုဖြေသိမ့်ပေးရမလဲ ဆိုတဲ့ အတွေးနဲ့ တို့ ဗိုလ်ချုပ် ဝမ်းနည်းကြေကွဲခဲ့ရဖူးတယ် ။ တကယ်တော့ သူလိုချင်တဲ့ ပြည်သူတွေလိုချင်နေတဲ့ လွတ်လပ်ရေးရတဲ့နေ့ မှာ သူမရှိခဲ့ဘူး ။ ဒါပေမဲ့ ဗိုလ်ချုပ်တမလွန်ကနေ ကျေနပ်နေမယ်ဆိုတာတော့ ယုံကြည်မိပါတယ် ။
image
ဗိုလ်ချုပ်ပြောခဲ့ဖူးပါတယ် လွတ်လပ်ရေးရပြီ ။ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်ကြပြီဆိုရင်ဖြင့် လမ်းမပေါ် ဆေးရိုးထွက်လှမ်းတာမျိုးကို လွတ်လပ်တယ်လို့ မခေါ်ဘူးတဲ့ ။ ဘယ်လိုနေထိုင်ရမယ်ဆိုတာကအစ သင်ပေးခဲ့တာပါလား ။ ရိုင်းရိုင်းပြောရရင် လွတ်လပ်ရေးသာ ရတယ် စိတ်ဓာတ်တွေကမပြောင်းကြဘူးဆိုရင် ကျုပ်တို့ နိုင်ငံ -ာနိုင်ငံသာသာပဲဖြစ်နေလိမ့်မယ်တဲ့ ။ အခုကော ဗိုလ်ချုပ်ကိုသာ လွမ်းကြ ဆွေးကြ တမ်းတကြတယ်။ ဗိုလ်ချုပ်စကားကို လိုက်နာကျင့်သုံးနေထိုင်တဲ့သူဆိုတာ မရှိသလောက်ဖြစ်နေပါရော့လား ။

MSC-181
Author -@gunapeya

Sort:  

လေးစားရလွန်းတဲ့ လွတ်လပ်ရေးဖခင်ကြီးပါ

ဟုတ်ပါ့ ဆရာကတော်ရေ လေးစားမိတယ် သူ့ ရဲ့ရိုးဂုဏ်ကို

မြန်မာနိုင်ငံအတွက်တော့ ထာဝရရှင်သန်နေမဲ့သူရဲကောင်းတဦးပါ

ငယ်ငဟ်ထဲက ဗိုလ်ချုပ်ကို လေးစားအကျမိပါတယ်

voteပေးပါအုံး။လူမရှိတော့အားငယ်နေတာ။အခုမှစရးတာပါ။

ပိုစ့်သာ ပုံမှန်ရေးပါ vote ကလူသစ်တွေကို ပိုပြီးပေးပါတယ်

You got a 4.64% upvote from @upme thanks to @gunapeya! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).

thank your upvote@upme

ဘယ်သူမှမရေးဘူးထင်တာ သားရေးလိုက်တော့အတော်ပဲပေါ့။

ရေးပါတယ် ဗိုလ်ချုပ်ဂုဏ်ပုဒ်တွေ ထောင့်စေ့အောင်မရေးနိုင်တာတော့ စိတ်မကောင်းဖြစ်မိတယ်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 56586.53
ETH 2392.96
USDT 1.00
SBD 2.30