ကုသိုလ်ကံ ကောင်းချင်တော့လည်း

in #myanmar6 years ago

image

လောကုတ္တရာနယ်ပယ်မှာ အဆိုတစ်ခုရှိသည် " အပါယ်လေးဘုံသို့  ကျသွားခဲ့လျှင် ပြန်တတ်လာဖို့  လမ်းမမြင်တော့ပေတဲ့ " ။ ဘာကြောင့်လဲ ဆိုတော့ ဘဝပေါင်းများစွာက အကုသိုလ်တရားတွေသည် အပါယ်ဘုံကျရောက်ပြီး နိမ့်ကျနေတဲ့ မိမိတို့ အား နိုင်ထက်ကလူပြုရင်း နှိပ်စက်နေကြသောကြောင့်ဖြစ်သည်ဟု ဆိုပါသည် ။ ထို့ ကြောင့် ခေါင်းမဖော်နိုင် ကောင်းရာသုဂတိဘုံသို့ ပြန်ရောက်ဖို့ ဆိုတာ ရွှေပြည်တော် မျော်တိုင်းဝေးနေကြတော့သည် ထို့ အတူအဆိုးကြီး သာကြုံတွေ့ရသည်လား မဟုတ်ပါ ။ ကောင်းသောအကျိုးပေးတရားတွေသည်လည်း ပေးတတ်ပါသည် ။ ဥပမာ သောတာပန် အဖြစ်သို့  ရောက်သော အရိယာပုဂ္ဂိုလ်လည်း အပါယ်လေးဘုံသို့  ဘယ်သောအခါမှ ဆင်းရိုးထုံးစံမရှိပါချေ ။ ကုသိုလ်တရားတို့ သာ အကျိုးပေးပြီး ဘဝမှ လွတ်မြောက်နိုင်စွမ်းရှိကြသည် ။ မိမိပြောချင်သည်က ဒီလိုပါ ။ ရှင်ဘုရင်ကြွလာပြီဆို နောက်ပါ မူးမတ်များ အခြွေအရံများ တစ်ပါတည်းပါလာသကဲ့သို့  ကုသိုလ်ဖြစ်စေ အကုသိုလ်ဖြစ်စေ အကျိုးပေးပြီဆို အစွယ်အပွားလေးတွေလည်း ပါတတ်ပါသည် ။

image

အရင်က မိမိကုသိုလ်ကံ အကျိုးပေးချိန်တန်လို့  လိုချင်တဲ့ laptop လေး ဝယ်လှုကြမဲ့သူများ ပေါ်လာသည် ။ နောက်ဆက်တွဲအနေနဲ့ ကံကကောင်းလိုက်ပါသေးသည် ။ မိမိကား ချဲ နှစ်လုံး ဝါသနာပါသူမဟုတ်ပါချေ ။ သို့ သော် မနက်က ကျောင်းထိပ်က ဆိုင်လေးမှာ ကွမ်းဝယ်နေတုန်း ဆိုင်မှာ ချဲလာထိုးသည်ကို တွေ့ရသည် ။ ကွမ်းအရင်မယာပေးဘဲ ချဲဂဏာန်းအရင်ရေးပေးနေတော့ စိတ်ထဲမကျေမနပ်ဖြစ်မိသေးသည် ။ ဒါနဲ့ ဦးဇင်းကော ထိုးမလားတဲ့ ။ ချဲလည်းရောင်းတယ်တဲ့ မိမိကား တစ်ခါမှလည်းမထိုးဖူးချေ ။ ဘာထိုးရမှန်းလည်းမသိ ။ ဒါနဲ့ ဘေးဘီကြည့်မိတော့ ကျောင်းရှေ့မှာ ရပ်ထားတဲ့ ကားဘေးက နံပါတ်လေးတွေ့သွားသည် ။ အဲ့နံပါတ်လေးပြောပြီး ပိုတဲ့အကြွေနှစ်ရာနဲ့ ထိုးခဲ့လိုက်တော့သည် ။ ညနေစာဝါဆင်းချိန် လေးနာရီမတော့ ကွမ်းစားချင်လာတာနဲ့ ကွမ်းသွားဝယ်ပြန်သည် ။ ဆိုင်က ဆီးကြိုမေးသည် ။ ပိုက်ဆံလာထုတ်တာလားဘုရားတဲ့ ။ ဘာပိုက်ဆံလည်းမေးတော့မှ မနက်ကနှစ်ရာဖိုးထိုးခဲ့တဲ့ ဂဏာန်းပေါက်တယ်တဲ့လေ ။ အဲ့တော့ အော်ရချင်တော့လည်း တစ်ခါထိုး တစ်ကွက်ထိုးရုံနဲ့ ရတာပါပဲလားဆိုပြီး တွေးမိတော့သည် ။ ကုသိုလ်ကံအကျိုးပေးပုံများပြောပါတယ် ။

Author@gunapeya
MSC-181

Sort:  

ကံကောင်းချင်တော့လဲနော်

ကံကောင်းချင်ရင် ကောင်းတာသာလုပ်

ဝမ်သာပါ့ဘုရား ပေါက်ဂဏန်းလေးများသေချာရင် မျှပါ့ဘုရား
ဒါနဲ့ ပုံပါကား က ချဲပေါက်လို့ ဝယ်လိုက်တာလား ဘုရာ့

ဟုတ်ပါဘူး ကျောင်းကားက နံပါတ်ကို ရွေးထိုးလို့ ပေါက်တာပါ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63818.94
ETH 2624.28
USDT 1.00
SBD 2.78