ကလေးငယ်တွေကို လျှော့မတွက်ပါနဲ့

in #myanmar6 years ago

image
ဟိုတစ်လောက Facebook စာမျက်နှာပေါ်မှာ ပွက်လောရိုက်သွားတဲ့ ပုံလေးတွေရှိခဲ့ပါတယ် ။ အဲ့အချိန်တုန်းကတော့ မိမိလည်း ကြည့်ပြီးတော့ တော်တော့်ကို ကြည်နူးမိတယ် ။ စာရေးဖို့ တွေးထားပေမဲ့လည်း စာမေးပွဲရက်နှင့်တိုက်နေသည်မို့  စာရေးမအားပေ ။ ထိုအချိန်ထဲက ကြက်ပျောက် ငှက်ပျောက်ဖြစ်သွားသည့် အတွေးတစ်ချို့က အချိန်ကြာလာတာနှင့်အမျှ ဗိုင်းရပ်စ်ကိုက်ခံလိုက်ရတော့သည် ။ ယခုမှ Album ထဲဝင်မွှေရင်း ထိုပုံလေးတွေ သတိထားမိတော့သည် ။
image
သူတို့ ထက် အသက်ဂုဏ်ဝါကြီးမားပါတယ်ဆိုတဲ့ ပညာရှိ သမ္ဘာရှိ လူကြီးတွေတောင် ဒီလိုမညီညွတ်ကြနိုင်ဘူး ။တစ်ဦးကောင်းစားမှာ တစ်ဦးနေရာရမှာကို မနာလို ရှုစိမ့်ဖြစ်ပြီးတော့ တိုက်ခိုက်နေကြတဲ့အချိန် အပြစ်ကင်းစင်တဲ့ ကလေးတွေ ဦးနှောက်က ပူးပေါင်းခြင်း ညီညွတ်ခြင်း အနုပညာကို ဖော်ကျူးပြခဲ့တယ် ။
image
တစ်ဦးကျောကုန်းပေါ် တစ်ဦးကနင်းတတ်သွားမဲ့ ငြိုငြင်ချင်း အလျင်းမရှိ ။ ရေဆာခြင်းတည်းဟူသော ရည်ရွယ်ချက်ချင်းတူနေကြသည်မို့  ပူးပေါင်းခဲ့ကြသည် ။ ငါကတော့ အပေါ်ရောက်နေပြီ အောက်ကလူဘာဖြစ်ဖြစ်ဆိုပြီးလဲ လျစ်လျူရှုမထား သူ့ အတွက်ဦးစွာသော ရေကြည်တစ်ပေါက်ပြန်မျှဝေပေးနေတဲ့ ပုံရိပ်လေးတွေပါ ။ ဘယ်မှာလဲ အတ္တတွေ ဘယ်မှာလည်း ငါကောင်းစားဖို့ ဆိုတဲ့အတွေးတွေ တကယ့်ကို ရိုးသားကြသည် ။ ရိုင်းပင်းကြသည် ။

ကလေးတွေနဲ့ ပတ်သတ်လို့  ပေါ်ပြူလာဖြစ်သွားတဲ့ သတင်းကလည်း သိပ်မကြာခင်ဖြစ်သွားပါသေးတယ် ။ ထိုင်းကလေးငယ် ၁၃ ယောက်ဂူထဲဝင်ရောက်ပြီး ပျောက်ဆုံးသွားတဲ့ကိစ္စပေါ့ ။ ဘယ်လို လှည့်ကွက်တွေပဲဖြစ်ပါစေ ။ နိုင်ငံနဲ့ချီပြီးတော့ အရေးပေးဆောင်ရွက်ခဲ့သည် ။ မိမိတို့  နိုင်ငံကတောင် လိုအပ်တာမှန်သမျှ အစွမ်းကုန်ကူညီပေးပါ့မယ်ဆိုပြီး ကတိကဝတ်ပြုခဲ့ရသေးသည် ။ ( မယောင်ရာဆီလူးခြင်း ) မိမိတို့  နိုင်ငံမှာ စစ်ဘေးရှောင် ကလေးတွေ မိဘမဲ့ ဂေဟာတွေ ဒီလောက်ပေါများနေတာ သူတို့ သတိမထားမိတာလည်းဖြစ်နိုင်ပါသည် ။ ခုရက်ပိုင်းလေးအတွင်းမှာပဲ မိမိနိုင်ငံက ကျောင်းသားလေးတစ်ဦး ဓာတ်လိုက်လို့  သေဆုံးခဲ့ရတယ် ။ တာဝန်ရှိလူကြီးမင်းများရဲ့ အလှုတော်ငွေက ငါးသောင်းကျပ်တဲ့ ။ အခေါင်းတစ်လုံးဖိုးစာပင်မရှိချေ " သူများနိုင်ငံက အနာဂတ်ခေါင်းဆောင်တွေကို ဂူထဲက ကယ်ထုတ်နေချိန် မိမိတို့ နိုင်ငံမှာတော့ အနာဂတ်တွေ ပစ္စုပ္ပန်တွေမရွေးတော့ဘဲ ဂူထဲ ထည့်နေကြသည် " ဘယ်သူပြောလဲ မသိပါ ။ မိမိက ရေးရုံမျှသာ ။ ဒါကြောင့် ကလေးတွေကို အထင်မသေးပါနဲ့ ။ လူကြီးတွေမှာ မရှိတဲ့ ညီညွတ်မှုတွေ ကလေးတွေမှာရှိတယ် ။ လူကြီးတွေမှာ ပျောက်ကွယ်နေတဲ့ မျှဝေခြင်းတရားတွေ ကလေးတွေ ရင်ထဲမှာ ကိန်းအောင်းနေကြတယ် ။ ခုတော့ ရေတွေကြီးနေတယ် ။ နေရာအနှံ့အပြားမှာပေါ့ ကြည့်လည်းလုပ်ကြပါ ။ ပြည်သူတွေ ရေနစ်တာ ငါတို့ နဲ့မဆိုင်ဘူးဆိုလျှင် ခင်ဗျားတို့ နေတဲ့နေရာတွေ ကွက်ပြီးအက်ဆစ်မိုးရွာနေချိန် ပြည်သူတွေ ပျော်ပွဲရွှင်ပွဲ အကြီးအကျယ်လုပ်နေကြမှာတော့ မြင်ယောင်နေပါသည်လို့ . . . .

MSC-181
Author @gunapeya
Photo Credit from Original Source,

Sort:  

ရင်ထဲထိအောင်ရေးတဲ့ ဆရာတော်

ရင်ဘတ်နဲ့ ရေးလိုက်တာမို့  ရင်ဘတ်ထဲ ထိသွားတယ် ထင်ပ့

ကလေးလေးတွေတုန်းက ဖြူစင်သေးတယ် ကြီးလာတော့ လူကြီးတွေကို အတုယူပြီး ဟီး အာ့ကြောင့် ကလေးတွေကို ကောင်းတာလေးတွေ များများကျန်ပြီး အသစ်ကောင်းတာလေးတွေ သင်ပေးနိုင်ကြရင် ပိုကောင်းမယ်ထင်ပါတယ် ဘုရား

ဒါကြောင့်လည်း ဒိုမီတို့ လို့  ယဉ်ကျေးလိမ္မာဆရာတွေ အများကြီးပေါ်ထွက်ပါစေလို့  ဆုတောင်းနေရတယ်ကွယ်

အနာဂတ်တက်လူအထင်မသေးသင့်ပါ

ကလေးတွေက နောင်အနာဂတ်ကို ဦးဆောင်ရမဲ့သူတွေပါ

မြန်မာပြည်သူပြည်သားဒိုင်း ပြည်သူပြည်သားဒိုင်း ဒီဇိုင်းကာလာ ဘာညာအနေအထား ပြောင်းလဲသင့်ပါပြီ

ကလေးဆိုတာ အနာဂတ်ရဲ့ တိုင်းပြည်ရဲ့အညွှန့်

ညီညီညာညာ ​လေးလုပ်​ကြပါလို့😊

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 67144.34
ETH 3517.40
USDT 1.00
SBD 2.69