ကံဆိုးသူတို့ သွားရာ မုန်တိုင်းဝင် ကားဘီးပေါက်

in #myanmar6 years ago

image
မြန်မာတွေမှာ စကားပုံတစ်ခု ရှိပါသည် " ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ " ကံဆိုးနေပါတယ် ဆိုမှ မိုးရေကရွှဲ အလွန်ပင် ဒုက္ခရောက်မည်ကို သိနိုင်သည့် စကားပုံလေးပင်ဖြစ်ပါသည် ။မည်သည့်အချိန်က ပေါ်ခဲ့သည်တော့မသိ မိမိအထင်တော့ ပဋာစာရီ၏ အဖြစ်ကို ကြည့်ပြီး တီထွင်ခဲ့သည်ထင်ပါသည်။ လင်ယောကျာ်းက မြွေကိုက်လို့  သေသည့်အထဲ သားငယ်နီတာရဲလေးကို စွန်က အစာအမှတ်နှင့် ချီသွားပြန်တော့ တစ်ပူပေါ် နှစ်ပူဆင့်ကာခံစားရပြန်သည်။ ထိုမျှမကသေး သားကြီးလေးက ရေနစ်ပြန်လေရော ပဋာစာရီ သွက်သွက်ခါသွားသည် မြေလူး မပဋာဆိုပြီး စာဆိုတွေ တင်စားကြသည် သံယောဇဉ်တွေ မရှိတော့မဲ့အတူတူ ကံကြမ္မာက ကျူပင်ခုတ် ကျူငုတ်ပင်မကျန်စေရ တမ်းတစရာ အားကိုးစရာပါပျောက်အောင် တစ်ပြည်တစ်ရွာမှာနေသည့် သူဌေးလင်မယား မိခင် ဖခင်တို့ ကိုပါ အိမ်ပိပြီး အဆုံးစီရင်ပေးခဲ့သည်။ ထိုအချိန်တွင် ပဋာစာရီ အဝတ်ပါ မကပ်နိုင်တော့ချေ။ တကယ်ရူးသွားခဲ့ချေပြီ မနေ့ ကတော့ မိမိတို့ လည်း ပဋာစာရီလောက် မဆိုးဝါးသော ကံကြမ္မာနှင့်တို့ ခဲ့သည် ဒုတိယအပတ်စဉ် ကျောင်းသားများလေ့လာရေးထွက်ရသည် မိမိလည်း ပါသည်ပေါ့ စီးရမည့်ကား Light Track နေကလည်းပူနေတော့ ဘေးအကာတွေ ဖြုတ်ခဲ့ကြတာပေါ့ ။သွားလို့ မှ ဆယ်ငါးမိနစ်မပြည့်သေး မိုးဖွားဖွားလေးကျလာသည်။ ဒီလောက်နဲ့တော့ရသေးသည်ဆိုပြီး ဆက်လက်ချီတတ်ရာမှာတော့ ခရီးတွင်လေ လေနှင့်မိုးက ကြမ်းလာလေ မုန်တိုင်းကြေငြာထားသည်ကို မသိပေတော့ နောက်လည်းပြန်မလှည့်ချင် ရှေ့သွားဖို့ ကလည်း မဖြစ်နိုင်တော့ ဒီလိုနဲ့ပဲ ပေါင်းတလည်အရောက် လူသူမရှိတဲ့ လယ်ကွင်းပြင်ရောက်တော့မှ ကားဘီးပေါက်တော့သည် မိုးလည်းပိုသည်းလာသည် လေပြင်းတွေလည်း ပိုကြမ်းလာသည်။ အပင်အောက်လည်း သွားမခိုရဲပေ လေကြမ်းတော့ သစ်ပင်များက ယိမ်းထိုးနေသည်။ ကားလည်းတစ်စီးတစ်လေမှ မတွေ့ ဖြတ်သွားဖြတ်လာ တစ်စီးတစ်လေကလည်း ယောင်လို့ တောင်မကြည့်ပေ ဒီလိုနှင့် လေဒဏ် မိုးဒဏ်ကို အပြည့်အဝ တစ်နာရီသာသာလောက် ခံစားလိုက်ရသည် ထိုအချိန် ကုန်တင်ကားတစ်စီးက ရပ်ပေးပြီး ကားဘီးလဲပေးခဲ့တော့ ဝမ်းသာအားရ ဆုတွေ တစ်သီကြီး ပေးမိပြန်တယ်။ ကားတော့ကောင်းသွားပြီ ရှေ့ဆက်သွားမလား နောက်ပြန်လှည့်မလားတဲ့ လေနှင့်မိုးက အနည်းငဟ်ငြိမ်နေသည်။ ခရီးကလည်း တစ်ဝက်ကျိုးနေသည် ရှေ့သွား နောက်ပြန်လှည့် အတူတူပင်ဆိုတော့ ရှေ့သာသွားဖို့  ခေါင်ချင်းဆိုင် မေးချင်းရိုက်ပြီး ထောက်ခံကြသည် သိပ်မကြာခင် ကံကြမ္မာရဲ့ လှည့်ကွက်တွေ ကောင်းကောင်းခံစားရပြန်သည။် ထိုးမဲ့ဆင် နောက်တစ်လှမ်းဆုတ် ဆိုသလိုပဲ လေနှင့်မိုးက အစောပိုင်းတွေ့ခဲ့သည်ထက် ပို၍ ကြမ်းလာပြီ။ လူတွေလည်းရွှဲစိုပြီ ကြွက်စုတ်ပမာ ဖြစ်ကုန်သည်။ ခရီးကလည်း သုံးပုံတစ်ပုံဆိုတော့ ရှေ့ဆက်သွားချင်သော်လည်း ရွှေမျက်မှန်ဘုရားတစ်ဆူသာ ဖူးပြီး ပြန်လှည့်ခဲ့ရတော့သည် အကောက်တောင် ခရီးစဉ်ဆိုသော်ငြား အကောက်တောင် မရောက်ဘဲ လူတွေသာ အအေးလွန်ပြီး ကွေးကောက်ကုန်တော့သည် ။ဒီလောက်နှင့် မရပ်လေ အဆစ်အနေနှင့် လမ်းတွင် လဲကျနေသော သစ်ပင်ကြီးများအား တစ်လမ်းလုံး မရွှေ့လိုက် ကားပေါ် ပြန်တတ်လိုက်နှင့် လူလည်း ဂျုန်းဂျုန်းကျခဲ့ပေတော့သည်။ ယခုတော့ ဖျားနေသည် ခရီးစဉ်တွင် လိုက်ပါသော ကျောင်းသားများအားလုံး အနားယူခွင့် သုံးရက်ပေးထားသည်။ စာချဆရာတော်ကိုယ်တိုင် ဆေးသွင်းယူခဲ့ရသည်မို့  မိမိတို့ လည်း အနားယူရင်း အားဖြည့်ရင်းနဲ့ ပျင်းသည်မို့  စာရေးဖြစ်တော့သည်။

MSC-181
Written by @gunapeya

Sort:  

တော်သေးတာပေါ့
ခရီးသွားသူတွေ ဘာအန္တရာယ်မှမကျရောက်တာ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 61651.16
ETH 2369.36
USDT 1.00
SBD 2.50