ဣဿာ မစ္ဆရိယ မထားကြနဲ့

in #myanmar6 years ago

image

လူသားတိုင်း၏ သဏ္ဌာန်တွင် ဣဿာ မစ္ဆရိယ စိတ်များ ကိန်းအောင်းနေတတ်ကြသည် မြန်မာလို အနက်ပြန်ရရင်ဖြင့် မနာလိုခြင်း ဝန်တိုခြင်း ငြူစူခြင်းဟု အဓိပ္ပါယ်ရပါသည်။ အဘယ်ကြောင့်နည်း။ တစ်ပါးသူ ချမ်းသာသွားတယ် အောင်မြင်သွားတယ် ဆိုတာနှင့် အတုယူအားကျရမဲ့အစား ထိုသူ၏ ချမ်းသာကြွယ်ဝမှုအပေါ် မလိုမုန်းထားစိတ်ဖြင့် ပျက်စီးရာ ပျက်စီးကြောင်းသာ ကြံစည်နေတတ်ကြသည် ။လူစိတ်သည် မကောင်းမှု၌သာ မွေ့လျော်သောကြောင့် မကောင်းသော ကိလေသာ အကုသိုလ်စိတ်ဖြစ်သည့် ဣဿာ မစ္ဆရိစိတ်သာ ပေါ်လာပြီး မိမိကိုယ်ကို အလွန်သတိထားနိုင်မှသာ မုဒိတာ စိတ်လေးပေါ်ပေါက်လာရသည်။ ထို့ ကြောင့် အပ္ပမာဒေန သမ္မာဒေထ ဟူ၍ သတိတရား လက်ကိုင်ထားခိုင်းခြင်းဖြစ်မည်ဟု တွေးမိပါသည် မွေးချင်လျှင် ကြက်တွေ ဝက်တွေသာ မွေးကြပါ။ ဣဿာ မစ္ဆရိယ စိတ်တော့ မမွေးကြနဲ့။ အကုသိုလ်ဖြစ် အပါယ်ရောက်တာခြင်းတူရင်တောင် ကြက် ဝက် မွေးတာက အသားစားရသေးတယ် ဆိုပြီး ဆရာတော်တစ်ပါး ဆုံးမခဲ့ဖူးသည်။ လူသားတိုင်းသည် သူများ၏ အပြစ်ဆိုလျှင် အသေးအမွှားလေးကစပြီး မြင်အောင် ကြည့်ရှုတတ်ကြသည် ။ကိုယ့်ကိုကိုယ်တော့ မည်သူမှ အပြစ်မတင်ကြ ကံကိုသာ ပုံချတတ်ကြသည်။ ဒါကြောင့် ကိုဟ့်ကိုကိုယ် မြင်အောင်ကြည့် အကုသိုလ်တရားများ နည်းနိုင်သမှ နည်းအောင် သတိထားပြီး ရှင်သန်နိုင်ကြပါစေ။

MSC-181
@gunapeya

Sort:  

Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.

တင်​ပါ့ဘုရား

ကောင်းပါ့ ဒကာကြီး

မှန်လှပါဘုရား
ရွှင်လန်းချမ်းမြေ့ပါစေဘုရား

ဆရာကတော်လည်း ကျန်းမာ ချမ်းသာခြင်းနှင့် ပြည့်စုံပါစေ

မှန်​ပါတယ်​ဘုရား။

ကျေးဇူးပါမအိရေ အားပေးတဲ့အတွက်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62904.22
ETH 2571.38
USDT 1.00
SBD 2.76