ကျွနုပ်တို့  အားလုံးမေ့လျော့နေသော အရာ

in #myanmar6 years ago

image

" ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္တဿ သမုဒယော ဟောတိ "
လောဘကို အရင်းတည်လို့  ဤခန္ဓာကိုယ်ကြီးကို ရရှိလာပြီဆိုမှဖြင့် အိုခြင်း နာခြင်း သေခြင်းတည်းဟူသော ဒုက္ခတို့ ကို မလွှဲမသွေ ကြုံရမည်သာ ဖြစ်သည် ။

အသက်ကြီးသည် အသက်ငယ်သေးသည် ဟူ၍ ခွဲခြာခြင်းမရှိ ။ ကံအကြောင်းတရားကြောင့် အချိန်မရွေး သေခြင်းတရားက ဆွဲခေါ်သွားနိုင်သည် ။ ထို့ ကြောင့် " ကွေးသောလက်မဆန့် ခင် ဆန်သောလက်မကွေးခင် " ဟူ၍ သတိတရားလက်ကိုင်ထားပြီး ကုသိုလ်မပြတ်ပြုဖို့  ဟောကြားခဲ့သည် ထင်ပါသည် ။

မိမိတို့  မြန်မာလူမျိုးများ၏ သေခြင်းနှင့်ပတ်သတ်သော လွဲမှားခြင်းတစ်ခုရှိသည် ။ ဤအရာကား ကံကံ၏ အကျိုးကို ယုံကြည်သည်ဆိုသော်လည်း ကံအကြောင်းတရားကို အတွင်းကျကျ မသိသောသူများသုံးနှုန်းတတ်ကြပါသည် ။ " သေနေ့ စေ့ရင် သေမှာပဲ " ဆိုသော စကားပင် တကယ်တော့ သေခြင်းဆိုသည်မှာ သေနေ့ စေ့သော်လည်းကောင်း သေနေ့ မစေ့ဘဲ တခြားသော အကုသိုလ် ကံအကျိုးတရားကြောင့် လည်းကောင်း သေတတ်ပုံကို ဘုရားရှင်က ဥပမာပေး၍ ရှင်းပြခဲ့ပါသည် ။

image

မိမိတို့ ၏ အသက်ရှင်သန်မှုသည် ဆီမီးခွက်ပေါ်က မီးတောက်လေးနှင့်တူပါသည် ။ မီးစာလည်းကုန် ဆီလည်းခန်းနေသောကြောင့် မီးတောက်ငြိမ်းသွားသည်ကို သေနေ့ စေ့၍ သေခြင်းဟုခေါ်ကြပါစို့  ။ နောက်တစ်ခုက မီးစာတော့ မကုန်သေးပေ သို့ သော် ဆီခန်း၍ မီးတောက်ငြိမ်းသော သေခြင်းတရားသည်ကား ယခင်ဘဝက ကုသိုလ်ကောင်းမှုကံရှိနေသေးသော်လည်း ယခုဘဝ မည်သို့ သော ကုသိုလ်ကံမျှမဆည်းပူး မအားထုတ်သောကြောင့် ဆီခန်းခြင်း သဘောဖြင့် သေခြင်းတစ်မျိုးဟု ခေါ်နိုင်ပါသည် ။ မီးစာလည်း မကုန်သေး ဆီလည်းမခန်းသေးသော်လည်း လေပြင်းတစ်ချက်အဝှေ့မှာလည်း ရုတ်တရက် မီးတောက်ငြိမ်းသလို သေသွားခြင်းမျိုးလည်း ရှိပါသည် ။ ထိုကဲ့သို့ သော သေခြင်းမျိုးကား သေနေ့ စေ့သော သေခြင်းဟု ခေါ်ဆို၍ မရနိုင်ပါချေ ။ ယခင်ကပြုခဲ့သော ကုသိုလ် ယခုဘဝပြုနေဆဲ ကုသိုလ် များစွားရှိနေပါသော်လည်း အင်အားကြီးမားသော အကုသိုလ်ကြောင့် တစ်နည်း ဥပမာပေးရလျှင် ကြက်သွန်ဘာသာ အကောင်း ငရုတ်သီးနဲ့နေတော့ ရောထောင်းခံရဆိုသလိုပင် အကုသိုလ်ကံ ကြီးမားသော သူများနှင့် ယှဉ်တွဲပေါင်းဖော်ခြင်းဟာလည်း မိမိအပေါ် သက်ရောက်သလိုမျိုးဖြစ်သွားတတ်ပါသည် ။ သေခြင်းတရားကား လေးမျိုးရှိပါသည် ။ ထိုထဲတွင် သေနေ့ စေ့လို့  သက်တမ်းစေ့နေပြီး သေဆုံးခြင်းသည် တစ်မျိုးသာပါပါသည် ။ ဒါကြောင့် အယုတ်အလတ်အမြတ်မရွေး သေဆုံးနေကြခြင်းဖြစ်သည် ။ အချိန်မရွေးသေဆုံးနိုင်သည်ဟူသော သဘောကို သိမြင်နိုင်ပါသည် ။

image

ဤခန္ဓကိုယ်ကြီး ရလာပြီဆိုမှတော့ အိုခြင်း နာခြင်း သေခြင်း တို့ သည်လည်း တစ်ပါတည်း ပါလာခဲ့ပြီးသားဖြစ်ပါသည် ။ ဒီတော့ မိမိတို့ က ဘယ်အချိန် ဘယ်ရက် ဘယ်နေရာမှန်း အတိအကျမသိတဲ့ အိုနာသေဘေးကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားသင့်သလား ။ ဘယ်အချိန်ဖြစ်ဖြစ် ပြုံးပြုံးလေးနှုတ်ဆက်သွားနိုင်အောင် ယခုထဲက ကြိုတင် ပြင်ဆင်ထားသင့်လားဆိုတာတော့ တွေးရတော့မည် ။ ဒီအတွေးတစ်ချို့ကို ဆေးရုံကုတင်ထက်က တွေးမိခြင်းဖြစ်ပါသည် ။ မိမိကတော့ အပြုံးနဲ့ မသွားနိုင်သေးပေ ။ ဆေးနှစ်လုံးထိုးတာတောင် အံကြိတ်ခံခဲ့ရသည်မို့  အပြုံးနဲ့ထွက်ခွာသွားဖို့  မတွေးနိုင်သေးပေ ။ ငါ့အတွက် ကုသိုလ်အထုပ် စုဆောင်းထုပ်သင့်နေတုန်းလို့  ခံယူမိပါတယ် ။ မိမိလည်း အမြဲတမ်း သတိမထားမိပါဘူး ။ သေရမှာသိတယ် ဒါပေမဲ့ ဘယ်နေ့  ဘဟ်အချိန် သေရမလဲ ဆိုတာမသိဘူး ။ တွေးလည်းမတွေးဘူး သတိလက်လွတ်နဲ့မေ့ထားခဲ့တယ် ။ စားချင်တာစား သွားချင်တာသွားပြီး ပျော်ရွှင်သလိုနေခဲ့တယ် ။ သတိမေ့လျော့ခဲ့တယ်ပေါ့ ။ ခန္ဓာကိုယ်ကြီးက ဖောက်ပြန်လာပြီ ဆေးဝါးကုသဖို့ တွေ လိုလာပြီဆိုတော့မှ သေခြင်းတရားကို တွေးမိခြင်းဖြစ်ပါသည် ။ ဒါကြောင့် " အပ္ပမာဒေန သမ္မာဒေထ " မမေ့မလျော့ မပေါ့မဆနဲ့ သတိတရားနဲ့ နေထိုင်ကြဟု ဘုရှားရှင် ဆုံးမခဲ့ဟန်တူပါသည် ။ မနက်ဖြန်သာ ကိုယ့်ဘဝရဲ့ နောက်ဆုံးရက်ဖြစ်ခဲ့မယ် ဆိုလျှင် ဒီနေ့ သင်ဘာလုပ်သင့်လဲ တွေးကြည့်နိုင်ကြပါစေဟု ဆန္ဒပြုလျက် . . . . .

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ သီတဂူစန်းလပမာ ချမ်းမြသာယာရှိနိုင်ကြပါစေ ။

MSC-181
Author @gunapeya

Sort:  

အချိန်တိုင်းကို ကိုယ့်ရဲ့ သေချိန်အဖြစ် သတ်မှတ်ပြီး လူအချင်းချင်းဆက်ဆံမယ်ဆိုရင်တော့ ပြဿနာဆိုတာ မရှိသလောက်ဖြစ်သွားမယ်လို့ ထင်မိပါတယ်ဘုရား... မသေနိုင်သေးဘူးထင်လို့ ပြဿနာတွေဖြစ်နေကြတာလို့လည်း ထင်မိပါတယ်... သေမှာသိနေတာတောင် အကုသိုလ်လုပ်ခဲ့တဲ့သူတွေ ကြားဖူးပါတယ်ဘုရား... သတိနဲ့နေနိုင်တာအကောင်းဆုံးလို့လည်း ထင်ပါတယ်...

မရဏနုဿတိ ပွားတဲ့အကျိုးက ကြီးမားလွန်းတယ် ဒါကြောင့် သေခြင်းတရားကို နှလုံးသွင်းစေချင်တာပါ

တင့်ပါဘုရား

သေခြင်းကိုရင်ဆိုင်နိုင်အောင်တပည့်တော်တို့ယခုအခိန်မှစ၍ကြိုတင်ပြင်ဆင်တရားမှတ်နေပါသည်ဘုရား

အကောင်းဆုံပါ မိကမာဝက်ရေ ပြင်ဆင်ထားတော့ မမှားဘူးပေါ့

တန်‌ဘိုးရှိ‌သောpostပါ။ဦးတင်‌ပါတယ်‌ဘုရား။

ကျေးဇူးပါ မဟော်ရေ

ဘယ်​ချိန်​ဘာဖြစ်​မယ်​မသိလို့အမြဲတမ်းသတိနှင့်​​နေထိုင်​ရမှာ​....​ကောင်း​သောပိုစ့်​ပါ...

ဆင်ခြင်သတိလေး ဝင်သွားတယ်ဆို ရေးရကျိုး နပ်ပါတယ်

တရားသဘောလေးဆင်ခြင်မိလိုက်ရပါတယ်ဘုရား

တစ်ခုခုရသွားလို့  ပီတိဖြစ်မိပါရဲ့ဗျာ

သေမဲ့ရက်ကို မေ့ထားသူများပါတယ်ဘုရား
ခုလိုသတိပေးတာ ကျေးဇူးကြီးမားပ ဘုရား

ဟုတ်တယ် ဦးထွေးရေ ဦးဇင်းကိုယ်တိုင်တောင် မေ့နေလို့ ပါ

Steemit ဖွင့်ကြည့်တော့လည်း တရားနာရတာ မြတ်ပါတယ်လေ

ဒါပေါ့ ကိုဟိန်းရာ အမြဲတမ်း တစ်ခုခုပေးနိုင်ဖို့ တွေးနေမိလို့ ပါ

ဦး​ကျော်​ဟိန်းစကား​လေး​တောင်​သတိရမိတယ်​ ​သေမယ့်​​နေ့ထိပြင်​ဆင်​ထားတယ်​ဆိုတာ​လေး

ကွောင်ကြီးလည်း ဘျာတွေ ဝယ်စုထားပြီမလား အဝသောက်သွားမယ်ဆိုပြီးတော့

ဆင်ခြင်စရာ တရားသဘော လေးတွေပါလား

ငဟ်သေးတယ်ဆိုပြီး မေ့မနေစေဖို့ ပါ

ခေါင်းစဉ်လေးဖတ်လိုက်ထဲက ဦးဇင်းတရားဟောတော့မယ်ဆိုတာ သိနေပါတယ် ဘုရား

ဟောတော့လည်း နာလိုက်ရုံပေါ့ ဟုတ်ဘူးလား

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64307.66
ETH 3146.33
USDT 1.00
SBD 3.88