စောင့်နိုင်လျှင် အကျိုးရှိ

in #myanmar6 years ago

image

Steem ဈေးတွေ တရှိန်ထိုးကျဆင်းနေတော့ steemit user တော်တော်များများလည်း Active မဖြစ်ကြတော့ပေ ။ sp 1000 နီးပါးရှိသူ၏ vote ကလည်း 0.0၏ နောက်သာရောက်နေတော့ အရင်လို သိပ်ပြီးမတတ်ကြွတော့တာလည်း ဖြစ်နိုင်သည် ။ pro တင်တာလည်း နည်းနည်းကြဲလာကြသည် ။ ကိုဟင်ကတောင် တိုက်တွန်းရသည့်အထိပင်စာရေးပျင်းလာတော့သည် ။ မိမိလည်း ဘာထူးပါနည်း ။ အရင်က $1000 ကျော်ခဲ့သည့် sp တန်ဖိုးက ခုချိန်မှာ $190 လောက်သာကျန်တော့သည်မို့  တွေးပြီး နောင်တရနေသေးသည် ။ အဲ့အချိန်ကရောင်ပြီး ခုချိန်ဝယ်စုထားလိုက်ရင် ရှယ်ပဲ ဆိုပြီးတွေးနေမိတော့သည် ။ ပုထုဇဉ်မို့  လောဘနဲ့မကင်းနိုင်သေးသည်ပေါ့ ။ steem ဈေး $10 ကစပြီး ရင်းနှီးခဲ့ရသည်မို့  တဖြည်းဖြည်းလျော့လာလေ ကြေကွဲရလေပေါ့ဗျာ ။

image

ဒါပေမဲ့ အနာဂတ်ကိုမျှော်ကြည့်မယ် ။ ရေရှည်တွေးကြမယ် ။ သုညအောက် မည်မျှရောက်ပါစေ ။ ရေးမြဲရေးနေမယ်ဆိုလျှင် ထိုက်တန်တဲ့ အကျိုးတစ်ခုတော့ ရမည်ဟုထင်ပါသည် ။ စာရေး စာဖတ် အားသန်လာမယ် ။ အတွေးအခေါ်တွေ ရင့်သန်လာမယ် ။ ခုဆို ရွှေပြည်တော် မျှော်တိုင်းမဝေးတော့ပါဘူး ။ SMTS ဆိုတဲ့ နည်းပညာများလည်း အကောင်အထည်ဖော်ပြီးနေပါပြီ ။ " စောင့်နိုင်ရင် အကျိုးရှိ " ဆိုတဲ့စကားက Steemit user မျအတွက်ဟု ထင်မိပါသည် ။ အချိန်တန် steem ဈေး 100$ လောက်ဖြစ်နေချိန်မှာ မိမိက 1$ လောက်ထဲက power down ပြီး အကုန် ရောင်းသုံးလိုက်ပြီ ဆိုလျင်ဖြင့် ပဋာမြေလူးသလိုဖြစ်နေမှာတော့ မြင်ယောင်ပါသည် ။

image

မိမိတို့ မှာ တစ်ပတ်လျှင် နှစ်ကြိမ် pro ရပါသည် ။ ထိုနှစ်ကြိမ်ဆိုလျှင် 2$ လောက်တော့ ရပါသေးသည် ။ တစ်ချို့သော user များမှာ တစ်လလုံးနေတောင် 1 $မရသည်မို့  မိမိတို့ ကပို၍ ခံသာပါသေးသည် ။ ခုချိန်ဆို sp လည်းတိုးမြန်ပါသည် ။ ခနတော့ စောင့်ပါ ။ မိမိတို့ မျှော်လင့်ထားသော အနာဂတ်က တောက်ပလာတော့မည်ဟု ထင်ပါသည် ။ နေအမြဲမသာသလို လအမြဲ မထွန်းလင်းနိုင်ပါဘူး ။ ဈေးကျပြီးလျှင် ဈေးတတ်ဖို့ ပဲ ရှိတော့သည်မို့  ယုံကြည်စွာဖြင့် လျှောက်လှမ်းကြစေချင်သည် ။ အရင်ကထက် ပိုပြီး စုဆောင်းသင့်သည် ။ ယခုအချိန်က vote ပေးချင်တာတောင် ပိုစ့်ရှာမတွေ့သည့်အချိန်မို့  မိမိအတွက် အခွင့်အရေးတစ်ခုလို့  မြင်အောင်ကြည့်ရင်း sp တိုးအောင် လုပ်နိုင်ကြပါစေဟု ဆန္ဒပြုလျက်. . . . .

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ ။

MSC-181
Author @gunapeya
image

Sort:  

pro ရောpower downတွေရောဘာမှနားမလည်မသိသေးပါဘုရား

နောက်တော့ ဖြည်းဖြည်းချင်းပြောပြပေးပါ့မယ်

အရင် အချိန်တွေကို တမ်းတမိတယ် ဒါပေမဲ့ အနာဂတ်ကိုလည်း မျော်လင့်နေတယ် လက်ရှိမှာလည်း အကောင်းဆုံးကြိုးစားမယ် သည်းခံစောင့်ရမှာဘဲ ဦးဇင်းရေ

ဟုပါ့ မတ်စုရေ အရင်ကဆို ဈေးကောင်းချက် အဲ့အချိန်ကတည်းကရောင်းပြီး ခုပြန်ဝယ်ထားရမှာ

တွေးရင်း ရေးရင်း မျှော်ရင်းပေါ့ ဘုရား

စိတ်မလျော့တော့ပါဘူးလို့ 

100% vote&ment done

ကျိုင်းဇူးပါဆင့်ဟီးးးးး

ဇွဲရှိသူသာလျှင် ကျန်မှာပါ ဦးဇင်း

ဟုတ်ပ့ ကိုစောရေ စောင့်စားရတော့မှာပေါ့ ရွှေရောင်အနာဂတ်ကို

ကူးခတ်နေသူသာ လိုရာပန်းတိုင်ကိုရောက်မှာပါဦးဇင်း ကူးခတ်နေဘို့ပဲလိုပါတယ် ဘုရာ့။

ဒါဆိုလည်း ကူးခတ်နေဦးမယ် မေခလာ တစ်နေ့ လာမှာ သေချာပါတယ်

စိတ်​ရှည်​သီးခံ ​စောင့်​​မျှော်​ဆဲပါဘုရား

ဈေးကျပြီးရင် ဘာလာမလဲ သိနေတော့လည်း သာသာယာယာပါ

steem power တွေ တိုးတက်လာဖို့ တောင်းဆုခြွှေပါတယ် ။ တပည့်တော်တို့ စတော့ steem ဈေး 0.8 ဆိုတော့အေးချေးဘဲ ချိသေးလယ် ။

အရင်က သိန်းလေးဆယ်ဒိုမီဆိုပြီး နာမည်ကြီးခဲ့တာလေး မြင်ယောင်ပါသေးရဲ့ဗျာ

ခုချိန်ကစ ပြန်လည် ကြိုးစားပါ့မယ် ဦးဇင်းရေ

အမလေး စောင့်တိုင်းအကျိုးမရှိဘူးဘုရာ့ စောင့်ရင်း စောင့်ရင်းနဲ့ အချိန်ကုန်လူပန်းတာတွေရှိတယ်ဘုရာ့ ☺☺☺

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.027
BTC 60678.52
ETH 2339.38
USDT 1.00
SBD 2.48