နေတစ်စင်း နှင့် လတစ်စင်း

in #myanmar6 years ago

image
image

သီတဂူ ဆရာတော် ဘုရားကြီး၏ အတ္ထုပတ္တိစာအုပ်ကို နယ်မှ မိတ်ဆွေတစ်ဦးပို့ လာ၍ ဖတ်ရှုမိပါသည်။ ဆရာတော်ကား ငယ်စဉ်ကတည်းကပင် သာသနာပြုလိုစိတ်ပြင်းထန်သည်ဟု သိရပါသည်။ ဆရာတော်ငယ်စဉ်ဘဝအကြောင်းပြောလျှင် ဖားအောက်တောရဆရာတော်၏ ကဏ္ဌကလည်း မပါမဖြစ်ပင် သပိတ်အိုင်တောရ ဆောက်တည်တော်မူသောအချိန်က သီတဂူဆရာတော်ဖြစ်လာမည့် အသက် ၂၄ နှစ်မျှရှိသေးသော အရှင် ညာဏိဿရ နှင့် ဖားအောက်တောရဆရာတော် ဖြစ်လာမည့် အရှင် အာစိဏ္ဏ ဟူသည့် ရဟန်းပျိုနှစ်ပါးနှင့်အတူ ဓမ္မမိတ်ဆွေ တစ်ပါးရှိပါသေးသည်။ ဤသုံးပါးအတူတူ တောရဆောက်တည်ရင်း သာသနာ့တာဝန်များ ခွဲဝေခဲ့ကြသည် ဖြစ်အောင်လုပ်မည်ဟု သံန္နိဌာန်ချခဲ့သည်ဟု သိရပါသည် သာသနာပြုရာတွင် ဖြစ်မြောက်အောင်မြင်ဖို့ ရာ အကျင့်သီလနှင့် ပြည့်စုံအောင် ကျင့်ကြံနေထိုင်ခဲ့ကြပါသည်။ မိုးကာလဆိုလျှင် ကျိန်းစက်နားနေရာ ကျောင်းသင်္ခန်းနှင့် ခုတင်များတွင် အမျိုးအမည်မသိသော မြွေဆိုးများစွာ လာရောက်နေထိုင်ကြသော်လည်း ထိုဆရာတော်နှစ်ပါးအား အန္တရာယ်တစ်စုံတစ်ရာ ပြုခြင်းမရှိကြဟု သိရသည်။ မိမိကြည်ညိုမိသော ဂုဏ်အင်္ဂါများတွင် ဆရာတော်ကြီးနှစ်ပါး၏ ကြက်သီးမွေးညင်းထလောက်သော ဖြစ်ရပ်များနှင့် မေတ္တာတရားများကို အလျဉ်းသင့်သည့်အခါ ဖော်ပြပေးပါမည်။ ထိုသို့  ခက်ခဲကြမ်းတမ်းစွာ သီလ သမာဓိဆောက်တည်ပြီးတော်မူသော အခါမှ လောကအကျိုး သာသနာအကျိုး သယ်ပိုးခဲ့ကြပါသည် ။သီတဂူဆရာတော်ဘုရားသည် နေမင်းဟုဆိုလျှင် ဖားအောက်ဆရာတော်ကြီးကား လမင်းကြီးပါတည်း။

Written by @gunapeya
MSC-181
Photo Credit Original Source.

Sort:  

တပည့်တော်ဆရာ့အကြောင်းရေးတော့ဝမ်းသာလိုက်တာ။

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62907.73
ETH 2531.30
USDT 1.00
SBD 2.62