နောင်တကင်းစွာ စကားပြောနိုင်ကြပါစေ ( ၁ )
မိမိတို့  လူသားတွေ တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်ကြဖို့  တစ်ယောက်အပေါ်တစ်ယောက် ရိုင်းပင်းကူညီဖို့ အတွက် ကိုယ်ဟန်အမူအရာတွေ နှုတ်ဖြင့်ပြောရမည့် ဘာသာစကားတွေကို ကမ္ဘာဦးအစကပင် တီထွင်ကြံဆခဲ့ပါတယ် ။ ဒါပေမဲ့ တစ်ခါတစ်ရံကြတော့လည်း ထိုဘာသာစကားများက လူအချင်းချင်းသွေးကွဲကြစေတယ် ။ လူတစ်ယောက်ကို ထိခိုက်နာကျင်စေတတ်တယ်ဆိုတာပါ သိခဲ့ရတယ် ။ လောကမှာ အကောင်း အဆိုးကတော့ ဒွန်တွဲလျက်ရှိနေတာမို့  မိမိတို့ အဖို့  ကောင်းသောစကားကိုသာ ဆိုချင်ကြမယ်လို့  ထင်ပါတယ် ။ " ခြောက်လက်မလောက်သာ ရှည်တဲ့ လျှာတစ်ချောင်းဟာ ခြောက်ပေလောက် ရှည်သော လူသားတစ်ဦးကို ဒုက္ခရောက်စေနိုင်ပါတယ် " ဒါကြောင့် နောင်တကင်းသော စကားမျိုးသာပြောဖြစ်အောင် စိတ်ကူးကြပါစို့ ။
အလွန်အမင်းဒေါသထွက်နေချိန်မှာ မိမိနှုတ်က သတိမဲ့စွာ ထွက်ပေါ်လာတဲ့ စကားတိုင်းဟာ သူတစ်ပါးကို ထိခိုက်နာကျင်စေမယ်ဆိုတာ အသေအချာပင် ။ ထိုစကားနဲ့ပတ်သတ်ပြီး နောင်တများလည်း ရတတ်ကြသည် ။ သို့ သော် ကြမ်းကျွံရင် နှုတ်လို့ ရပေမဲ့ စကားကျွံ့သွားတဲ့အခါ နှုတ်လို့ မရတာတော့ သိကြမှာပါ ။ မိမိဘဝမှာလည်း နောင်တရသော စကားတစ်ချို့ရှိခဲ့ဖူးသည် ။ မိဘနဲ့သားသမီးကြားက ပြသနာအသေးအမွှားလေးပေမဲ့ မိမိပြောလိုက်သည်က " ဘယ်သူက ကျွန်တော့်ကိုမွေးပါဆိုပြီး မွေးခိုင်းလို့ လဲ ကိုယ့်ဘာသာ အားအားယားယား မွေးတုန်းကမွေးထားပြီး အခုမှ မလိုချင်တော့လို့  နှိပ်စက်နေတာလားဆိုတဲ့ " စကားပြောခဲ့ဖူးပါတယ် ။ ဒေါသကြောင့် တုတ်ဆွဲပြီး ရိုက်ဖို့ ဟန်ပြင်နေတဲ့ အမေ့မျက်နှာ တစ်ချက်ပျက်ပြီး ချာခနဲ လှည့်ထွက်သွားခဲ့တယ် ။ မိမိလည်း ထိုစကားမျိုးထွက်မိတဲ့အတွက် နောင်တရခဲ့တာ ခုအချိန်ထိပါ ။ မိဘဆိုသည်မှာ သားသမီးအပေါ်အစစအရာရာ ခွင့်လွှတ်နိုင်ပေမဲ့ ထိုစကားက ရင်ထဲထိခိုက်သွားပုံရသည် ။ မိမိအပေါ် သိပ်ပြီး မပြောမဆို မရိုက်နှက်တော့ပေ ။ နွေးထွေးမှုများမရှိတော့ပေ ။ ဒါကြောင့် စကားကို နှုတ်ကမထွက်ခင် ဆင်ခြင်သင့်ပါသည် ။
" နှုတ်ကြောင့်သေ လက်ကြောင့်ကြေ " ဆိုတဲ့စကားပုံလေးလည်း သတိထားရမည် ။ လက်ဖြင့်ရိုက်နှက် ပုတ်ခတ်ပါက ခန္ဓာကိုယ် အပြင်ပန်းအနာတရမျှသာ ထိခိုက်နိုင်ပါသည် ။ နှုတ်ဖြင့်ဆဲဆို ကြိမ်းမောင်းပါက အသက်ပါသေဆုံးရသည့်ထိ သေကြေပျက်စီးနိုင်သည် ။ " စာမေးပွဲ ကျပြန်ပြီလား ဒီလောက်ညံ့တဲ့ကလေး ငါတို့ မှာ မရှိဘူး ငါ့တို့ သားသမီး မဟုတ်ဘူးဆိုတဲ့ " မဆင်မခြင်ပြောမိတဲ့ မိဘရဲ့ စကားတစ်ခွန်းက နောက်နှစ်ရက်အကြာမှာ ထိုကလေးငယ်၏ ရှင်သန်ခြင်းတွေ ရပ်တန့် ပစ်ခဲ့တယ် ။ ဘာလို့ ဆို ကလေးငယ်စိတ်ထိခိုက်ပြီး တိုက်ပေါ်က ခုန်ချပြီး suside လုပ်သွားခဲ့တယ် ။ အဲ့အချိန်မှ နောင်တရမည်ဆိုတာမျိုးတော့ မဖြစ်သင့်ပေ ။ ဖြစ်လည်းဖြစ်ချင်ကြမည်ဟု မထင်ပေ ။ ထို့ ကြောင့်မိမိတို့ ၏ နှုတ်က နောင်တကင်းအောင် ဘယ်လို ပြောဆိုရမလဲဆိုတာ သိထားသင့်ပါသည် ။
မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ ။
MSC-181
Author @gunapeya
ကြမ်းကျွံရင်နှုတ်ရတယ်ပြောကြတာပဲ
မိဘတွေ စကားပြောတာ အရမ်းသတိထားရတယ် ဘုရား ကလေးတွေစိတ်ဒဏ်ရာရစေမဲ့ စကားတွေဆို မပြောမိဖို့ ဆင်ခြင်ရတယ်
ဟုတ်တယ် မတ်စုရေ ရိုက်တာထက် ပိုနာတယ်
ချစ်အောင်ေ ပြာတာလည်း ဒီပါးစပ် မုန်းအောင်ေ ပြာတာလည်း ဒီပါးစပ်ပါဘဲ။
ချစ်အောင်ပဲ ပြောချင်ပါတယ် မဟော်ရေ
စကားကျွံရင် နုတ်မရ ဆိုတော့ကာ နောင်တမရအောင်
ဆင်ခြင်ပြောဆိုပါမယ်ဘုရား...
အကောင်းဆုံးပေါ့ ကိုဟိန်းရေ
လူတယောက်ကအပြောအဆိုအရေကြီးပါတယ်
ကျမ်းကျွံနူပ်ရ စကားကျွံ နူပ်မရတဲ့
ဒါကြောင့် မပြောခင် စဉ်းစားဆင်ခြင်စေချင်တာပါ
ဟုတ်ပါတယ်...ဒေါသထွက်နေချိန်စကားမပြောတာအကောင်းဆုံးပါ....ပြောပြီးတဲ့စကားdeleteပြန်လုပ်လို့မရဘူးလေ.......ကောင်းသောပိုစ့်ပါ....
မှန်ပါတယ်ဘုရား မိဘကလဲ ဆုံးမတတ်မှသားသမီးလိမ္မာမှာပါဘုရား
ချစ်စေလျှင် မောအောင်ပြောပ
မုန်းစေလျှင် တစ်ခွန်ပ
စကားစကားပြောပါများတော့ အမှားတွေ့တတ်တယ်
စိတ်ထိန်းဒေါသထိန်းနိုင်မှနော်အရှင်ဘုရား
တင်ပါ့ဘုရား