မေး၍ ဖြေသည်

in #myanmar8 years ago (edited)

သစ်ပင်တစ်ပင်က ကြီးမားပြီး အရိပ်အာဝါသ ရတယ်ပေါ့ ။ ဒါဆို ငှက်ကလေးတွေ ထောင်သောင်းမက အသိုက်ဖွဲ့ပြီး နေလို့ ရတယ် မိုးရွာ နေပူ ကြောက်စရာမလိုဘူး ။ သစ်ပင်ကြီးက ကာကွယ်ပေးတဲ့ပေါ့ ။

လူကလည်း အောင်မြင်ကြီးပွားတဲ့အခါ ကိုယ့်မိတ်ဆွေ အပေါင်းအသင်း မိသားစုတွေရဲ့ ပြသနာတွေကို ဖြေရှင်းပေးနိုင်တယ်။ သူတို့ အတွက်တော့ အဲ့လူက သစ်ပင်ကြီးတစ်ပင်လိုပါပဲ အားကိုးရတာပေါ့ ။
image
ပျားဖွပ်တယ် ဆိုတာက ပျားအုံရဲ့ ပျားရည်ကို လိုချင်မှုနဲ့ပေါ့နော် အဲ့ဒီအခါမှာ မီးရဲရဲ တောက်နေတဲ့ မီးတိုင်နဲ့ ပျားတွေနေတဲ့ အသိုက်အမြုံကို ဖျက်စီးရတယ် ။ မှီတင်းနေထိုင်တဲ့ ပျားတွေ မြောက်မြားစွာသေကြေပျက်စီးရတယ် ။ အရွယ်မရောက်သေးတဲ့ ပျားငယ်တွေ ပျားဥတွေလည်း ပျက်စီးဆုံးရှုံးရတယ် ။ အသက်ပေါင်းများစွာကို ဖျက်စီးရတယ်ပေါ့ ။
![image]
နောက်တစ်ခု သားထိုး ဆိုတာကတော့ အလွယ်ခေါ်လိုက်တာပါ ။ ကြက်သတ် နွားသတ် ဝက်သတ်တဲ့ သူတွေကိုပြောတာပါ သားထိုးဆိုတာ သူတို့ ကိုဆိုလိုပါတယ် ။
တစ်ချက်ထဲနဲ့ သက်သည်ဖြစ်စေ ။ မသေမရှင်ဖြစ်အောင်လုပ် နာကျင်မှုဝေဒနာ ခံစားစေပြီးမှ သတ်သည်ဖြစ်စေ အကောင်ကြီးလေ အားပိုစိုက်ရလေမို့  အပြစ်ကြီးတဲ့အထဲ ပါပါတယ် ။

မယားခိုးဆိုတာကတော့ ရိုးရှင်းပါတယ် သူတစ်ပါး၏ ကာမပိုင် လင်ဖြစ်စေ မိန်းမဖြစ်စေ ခိုးယူပေါင်းသင်းခြင်းကိုပြောတာပါ ။
အဲ့လိုခိုးယူပေါင်းသင်းတဲ့အတွက် သူတစ်ပါးမိသားစု အသိုက်အမြုံလည်း ပျက်စီးရတယ် ။ လောကအလယ်မှာလည်း ရွံ့ရှာဖွယ် တစ်ခုအနေနဲ့ စက်ဆုပ်ကြတယ် သူလည်းအပြစ်ကြီးပါတယ် ။

ဒါကြောင့် ရှေးလူကြီးတွေက ပျားဖွပ် သားထိုး မယားခိုး ဆိုပြီး စာဆိုခဲ့ကြတယ် ထင်ပါတယ် ။

MSC-181
Author @gunapeya

Sort:  

လူငယ်တွေ နားလည်းလွယ်တာပ ဘုရား

ကိုယ်လည်း သိသလောက် တတ်သလောက်ပါ

ဘုရားဟောဆိုတာနဲ့ လေးလေးပင်ပင်ကြီးတွေးနေကျတဲ့ လူငယ်တွေကို ရှင်းလင်းတိုတုတ်တာလေးနဲ့ သင်ကြားဆုံးမပေးတော့ ခံယူလွယ်တာပေါ့ ဘုရား

ဒီခေတ်လူတွေ နားလည်လွယ်အောင်က မနည်းကြိုးစားနေရတယ်

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.087
BTC 59844.90
ETH 1591.75
USDT 1.00
SBD 0.41