အိပ်+ စား + ကာမ တိရိစ္ဆာန်ဘဝ

in #myanmar6 years ago

image

အရင်တစ်ပတ်က ငရဲပြည် တကယ်ရှိတဲ့ အကြောင်း ငရဲဘုံဌာန အကြောင်းရှင်းပြပေးခဲ့ပြီးပါပြီ။ ခုတစ်ခေါက်ကတော့ အပ္ပါယ်လေးဘုံထဲ ပါဝင်တဲ့ တိရိစ္ဆာန်အကြောင်း ထပ်ရှင်းပြပေးပါ့မယ်။ လူသားတွေ သေဆုံးခါနီးအချိန်မှာ မိမိသွားရမဲ့ ဘဝတွေကို ဖော်ပြတဲ့ အာရုံနိမိတ်တွေ ထင်လာလေ့ရှိပါတယ။် ဂတိနိမိတ်လို့ လည်းခေါ်ပါတယ် ဒါပေမဲ့ အ၊ို နာ ၊သေဆိုတဲ့ သမားရိုးကျ လူကြီးရောဂါနဲ့သေဆုံးတဲ့သူအများစုကို ပြောတာပါ ။သူတို့ သေခါနီးဆိုလျှင် ငရဲမီးတောက်တွေ မီလျှံတွေ ဒါတွေမြင်ရပြီဆို သေချာတယ် ဒီလူ ငရဲပြည်သွားရတော့မှာပါ ။အနီရောင်အဆင်းရှိတဲ့ သားရေတို့  ဥပမာ သားအိမ်တို့ ဘာတို့  မြင်ရပြီဆို လူ့ ဘဝပြန်ရောက်နိုင်သလို တိရိစ္ဆာန်ဘဝလည်းရောက်သွားနိုင်ပါတယ်။ နောက်ထပ် ရေမြေ တောတောင်တွေ သေခါနီးမြင်ရပြီဆို ပြိတ္တာဘဝ၊ အသူရကာယ်ဘဝ ရောက်သွားမဲ့ နိမိတ်လို့  မှတ်ယူစေချင်ပါတယ်။
image
ခုက တိရိစ္ဆာန် ဘဝရောက်ရတဲ့ အကြောင်းရှင်းပြပေးချင်တာပါ​။ လူတွေ သတိလက်လွတ်ဖြစ်နေကြပြီးတော့ လောဘ၊ ဒေါသ တွေကြောင့် အိပ်စက်ရတဲ့ အခါမှာ မောဟ တွေနဲ့ အိပ်စက်ရတယ် နိုးထလာတဲ့အခါမှာလည်း လောဘ၊ ဒေါသ၊ မောဟ စိတ်တွေနဲ့ပဲ နိုးထလာကြတယ်။ ဒီတော့ သူတို့ အတွက်က နည်းနည်းစိုးရိမ်စရာရှိလာတာပေါ့။ ခွေး၊ ကြောင် စတဲ့ တိရစ္ဆာန်တွေ မိမိပတ်ဝန်းကျင်မှာ အများကြီးတွေ့နေရတယ် ။ဒါပေမဲ့ ဘယ်သူမှ ဒီတိရိစ္ဆာန်တွေ ဘယ်လိုဖြစ်ခဲ့ရလဲ မတွေးမိကြဘူး။ ဒါဘာလဲဆိုတော့ မြင်နေ တွေ့နေပေမဲ့ သတိမထားမိဘူး မောဟတွေက ဖုံးလွှမ်းနေတာ ပြောရရင်တော့ ပညာမျက်စိနဲ့ မမြင်တတ်တာ လို့ သာပြောပါရစေ ။တိရိစ္ဆာန်ဘုံ ဆိုတာက သီးသန့် မရှိကြပါဘူး သူတို့ ခန္ဓာကိုယ်ကို ပဲ တိရိစ္ဆာန်ဘုံ လို့ ခေါ်တာပါ လူနဲ့တိရိစ္ဆာန် ဘယ်သူက ပိုများလဲ တွေးကြည့်ကြဖူးသလား ။မိမိတို့  တစ်ကမ္ဘာလုံး လူဦးရေ သန်းခြောက်ထောင် ခုနှစ်ထောင်ဆိုတာက ခြတောင်ပို့  တစ်ခုစာ၊ ပုရွက်ဆိတ်တွင်း တစ်တွင်းစာတောင် မရှိဘူးဆို လက်ခံနိုင်ပါ့မလား။ ဒါတခြားသော ခြင် သန်း ခွေး ကြောင် ဝက် စတဲ့ တိရိစ္ဆာန် အမျိုးကွဲပေါင်းတွေ အများကြီးထဲကမှ သေးမွှားတဲ့ အကောင်လေးတွေနဲ့ပဲ နှိုင်းယှဉ်ပြသေးတာပါ ။ဒီတိရိစ္ဆာန်တွေဆိုတာ ကုသိုလ်ကောင်းမှုတွေ မေ့လျော့နေတဲ့ လူသားဘဝတွေကနေ ဖြစ်လာတာပါ။ ဘယ်လောက်ကြောက်စရာကောင်းလိုက်ပါသလဲ။
image
သာဓက အနေနဲ့ ဆိုရင်တော့ ရှေးအခါက လူစကားပြောတတ်တဲ့ ကြောင်ကလေးဆိုပြီး မြဝတီ ရုပ်မြင်သံကြားအစီအစဉ်တွေမှာ ပြသခဲ့ဖူးပါတယ်။ ခုဖြစ်ရပ်မှန် သတင်းတွေမှာလည်း လူဝင်စားနွားကလေးတို့  ၊လူဝင်စား ဝက်ကလေးတို့  အများအပြား ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် လူ့ ဘဝကနေ တိရိစ္ဆာန်အဖြစ်သို့  ကျရောက်ခဲ့ရတယ် ဆိုလျှင် မည်မျှ ဝမ်းနည်းစရာကောင်းလိုက်ပါသလဲ။ မိမိတို့  လူ့ ဘဝရတယ် ဆိုတာ အရင်းထုတ်ပေးထားတဲ့သဘောလောက်လေးပါ။ ဒီဘဝ ဒီခန္ဓာကိုယ်ကြီးကို အသုံးချပြီး မြင့်မြတ်တဲ့ ဘဝကိုရောက်အောင် အမြတ်ထုတ်ခိုင်းထားတဲ့သဘောပါ ။ဘာလို့ လဲဆိုတော့ ဒီလူဘဝနဲ့ အမြဲနေခွင့်မရကြပါဘူး အချိန်အတိုင်းအတာ တစ်ခုလောက်ပဲ ပိုင်ဆိုင်ခွင့်ရထားကြတာ သိထားဖို့  သင့်ပါတယ်။ တစ်ချို့ကျတော့လည်း အရင်းပါရှုံးပြီး နိမ့်ကျတဲ့ ဘဝတွေကို ရောက်သွားရရှာတယ် ။ဒါဘာလဲဆိုတော့ စား ၊အိပ် ၊ကာမ ဆိုတဲ့ တိရိစ္ဆာန်တွေ လုပ်တတ်တဲ့ အရာမျိုးပဲ လုပ်ဆောင်သွားတဲ့သူတွေအများအပြားရှိနေသေးတယ်ဆိုတာ ပြလိုက်တဲ့သဘောပါ။ လူဆိုရင် စား၊ အိပ်၊ ကာမ သာမက ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့ တရားတွေလည်း လုပ်ဆောင် ကျင့်ကြံသင့်တယ။် စား၊ အိပ၊် ကာမ သုံးမျိုးအတွက်သာ စိတ်ဝင်စားတယ်ဆို ကိုယ့်ကိုကိုယ် မေးကြည့်ပါ။ ငါလူခန္ဓာကိုယ်နဲ့ တိရိစ္ဆာန်စိတ်များဝင်နေပြီသလားဆိုပြီး အချိန်မနှောင်းခင် ပြုပြင်သင့်ပါတယ်။ မပြုပြင်မပြောင်းလဲတဲ့ သူတွေကတော့ နောင်ဘဝ ဘယ်လို တိရိစ္ဆာန်ဖြစ်မလဲဆိုတာသာ တွေးထားသင့်ပါတယ် ။ဒါကြောင့် ရရှိလာတဲ့မိမိခန္ဓာကိုယ်ကြီးကို စားခြင်း၊ အိပ်ခြင်း၊ ကာမဂုဏ်အာရုံ ခံစားခြင်း သာမက ဒါန၊ သီလ၊ ဘာဝနာ တို့ ကို ကျင့်သုံးပွားများရင်း အမြတ်ထုတ်နိင်ကြပါစေဟု ဆန္ဒပြုလျက်. . . . .

မိမိအား ချစ်သူ၊ မုန်းသူ ထိုထိုလူ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။

Author-@gunapeya
MSC-181
image

Sort:  

အသက်​ထွက်​ခါနီးအချိန​လေးက
အင်​မတန်းမှ အ​ရေးကြီးတယ်​ ဆိုတာသိရပါတယ်​ဘုရား

မှန်တယ် ဦးထွေး ဒါကြောင့် သေခါနီးလူနားမှာ တရားခွေတွေ ဘာတွေ ဖွင့်ခိုင်းတတ်ကြတယ်

မိမိအား ချစ်သူ၊ မုန်းသူ ထိုထိုလူ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။ဒီစာသားလေးအမြဲပါတာကောင်းတယ်နော်ဦးဇင်း။မေတ္တာပို့ရာရောက်တာပေါ့။proနေ့တိုင်းနော်။အပ္ပာယ်လေးဘုံကျရင်တော့ဘယ်ဟာမှမကောင်းပါဘူးဦးဇင်းရေ ရုန်းထွက်နိုင်အောင်ကြိုးစားရမယ်။အလင်းပြပေးတာကျေးဇူးပါ။

ဟုတ်တယ် ကိုဇာရဲ့ မေတ္တာပေးရင် မေတ္တာပြန်ရတယ်ဆိုတဲ့စကားကို ယုံကြည်မိလို့ ပါ လူ့ ဘဝခဏလေးမှာ လူအချင်းချင်း အဆင်ပြေပြေ ပျော်ပျော်ရွှင်ရွှင်လေးနေသွားကြရင် ပိုကောင်းမယ်ထင်လို့ ပါ

တင်ပ့ဘုရား ကျေးဇူးကြီးမားလှပါတယ်ဘုရား

သတိပြု ဆင်ခြင်စရာပါ။

မှန်ပါတယ် sl ဂျီး

အငှါးခန္ဓာ ပြန်​မအပ်​ခင်​ အမြတ်​ထွက်​​အောင်​လုပ်​ရမယ်​ ဆိုတဲ့ ဆုံးမစကားအတိုင်း မ​သေခင်​မှာ ဒါန သီလ ဘာဝနာတရား​တွေ အားထုတ်​ဖို့ လုံ့လပြုပါ့မယ်​ဘုရား ..

သာဓုပါဗျာ မသိတာရှိရင်မေးပါ အတတ်နိုင်ဆုံး ဖြေပေးပါ့မယ်

မှန်ပါ့ဘုရား
တရစ္ဆာန် တွေ လူတွေနဲ့ တတန်းထည်းမှာ တည်ရှိနေကြပေမယ့် ၄င်းတို့အသိ မှာအိပ်စားကာမ အသိဘဲရှိကြပါတယ်

ဟုတ်တယ် လူတွေသာ အဲ့လိုပဲဆိုရင်တိရိစ္ဆာန်နဲ့တူသွားမှာ စိုးလို့ ပါ

လူတွေလည်း နေ့စဉ် ကျင့်ကြံအားထုတ်မရှိဘဲ အိပ်တာနဲ့စားတာသာလုပ်မယ်ဆိုရင် တိရိစ္ဆာန်နဲ့ မခြားတော့ဘူးဆိုတောကို တရားပြတဲ့အတွက် မှတ်သားထိုက်ပါတယ် ဘုရား

တစ်ချို့က လူ့ ဘဝကို စားဖို့  သောက်ဖို့ အတွက်ပဲ အသုံးချတာမြင်မိလို့  သတိပေးလိုတာပါ

ဒါန၊သီလ၊ဘာဝနာ ဆိုတဲ့တရားများကိုလည်း တတ်​နိုင်​သ၍ကျင့်​ကြံအားထုတ်​ပါ့မယ်​ဘုရား

ဒါပေါ့ ကိုအောင်ကြီး လူ့ ဘဝက မီးစတစ်ဖက် ရေမှုတ်တစ်ဖက်လိုပါပဲ ရေများအောင် လေ့ကျင့်ရမယ်လေ

ခဏတာရတဲ့ လူ့ဘဝကိုတန်ဖိုးထားသင့်လှပါတယ်ဘုရားသံသရာအကြောင်းတွေးမိတိုင်းလည်း အလွန်ကိုထိတ်လန့်မိပါတယ်ဘုရား

လူတိုင်းမတွေါး်မိကြဘူးလေ သတိမထားမိကြဘူး

မ​သေခင်​တရားရှာ

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 69516.43
ETH 3791.51
USDT 1.00
SBD 3.84