( ၁၈ ) ကြိမ်မြောက်သွေးအလှု

in #myanmar7 years ago

မိမိသွေးစလှုတော့ အသက်က ၁၈ နှစ်နဲ့ ၂ လ. ၊ မော်လမြိုင် ဆေးရုံမှာ စတင်လှုဒါန်းခဲ့ခြင်းဖြစ်ပါသည် ။လူက ဗန္ဓုလမျိုး ဆိုတော့ ဆေးထိုးအပ်မြင်တာနှင့် ထပြေးခဲ့ဖူးပါသည် ။အဖော်လိုက်လာတဲ့ သူငယ်ချင်းက ဖြောင်းဖျပြောဆိုတာနှင့်လှုတော့ လှုဖြစ်ခဲ့ပါသည် ။သို့ ပေမဲ့ မျက်ရည်အရွဲသားနဲ့ပေါ့ ၊ပထမဦးဆုံး လှုဒါန်းလိုက်ခြင်းကြောင့် ရရှိခဲ့ရတဲ့ အတွေ့အကြုံနဲ့ ဝမ်းသာပီတိက နောင်တစ်ချိန်မှာလိုအပ်သူတိုင်းကို၊ ပေးဖို့ အဆင်သင့်ဖြစ်ခဲ့တဲ့အထိ အားအင်ဖြစ်ခဲ့ရပါသည်။ မှတ်မှတ်ရရဆိုလျှင် ဥဉ့့် နက်သန်းခေါင်ကျော်မှ လာပင့်လို့ ၊ လိုက်ပြီး လှုဒါန်းခဲ့ရတဲ့ အရေးကြီး မွေးလူနာတွေ ၊အရေးကြီး accident ဖြစ်ခဲ့တဲ့သူတွေ ၊သူတို့ အားလုံးကျန်းမာချမ်းသာကြပါစေ ။ငါ၏အသွေးအသားတို့ ဖြင့် ဘဝကို သက်တမ်းစေ့ဖြတ်သန်းနိုင်ပါစေဟု​သွေးသာမက မေတ္တာများလည်းပေးခဲ့ရဖူးပါသည်။
image

မော်လမြိုင်မှာ ဆိုလျင် သွေးလိုတာနှင့် စာသင်တိုက်များကိုသာ လာရောက်အလှုခံကြသည်ဟု ထင်ခဲ့သည် ။မိမိရန်ကုန်ပြောင်းရွှေ့သီတင်းသုံးတော့လည်း၊ သွေးလှုအသင်းတော်တော်များများဟာ စာသင်သားသံဃာတွေနှင့်ဖွဲ့စည်းထားမှန်းသိခဲ့ရသည် ။ကျန်သည့်အချိန်များမှာ မေ့ချင်မေ့ထားကြပေမဲ့၊ သွေးလိုတဲ့အချိန် ကျောက်ကပ်လိုတဲ့အချိန်မျိုးဆို ငယ်ရွယ်တဲ့ သံဃာတော်များထံသာ လာရောက်အလှုခံကြသည်ကို တွေ့မြင်ရပါသည် ။လှုလည်းလှုရဲကြပါသည် ၊စာသင်သားသံဃာတော်များ၏ တူညီတဲ့ခံယူချက် တစ်ခုကတော့ " မိမိတို့  အသက်ရှင်ဖို့ အတွက် ဆွမ်းစသော အာဟာရများလိုအပ်ပါသည် ထိုဆွမ်းစသော အာဟာရကို လူများကလှုဒါန်းခြင်းပြုကြသည် ။ဒါကြောင့် လိုအပ်လာပြီဆိုလျင် အသွေးအသားကိုပင် ပေး၍ ကျေးဇူးဆပ်သင့်သည် " ဟူသော ခံယူချက်ရှိကြသည် ။၂၀၁၇ ခုနှစ် ၃ လပိုင်းလောက်တုန်းက ကျောင်းမှာ အလှုခံစာရွက်တစ်ခု လာကပ်ထားသည်ကို တွေ့ရသည်။ ကျောင်းဒါယိကာမကြီး****အသက် ၅၄ နှစ် A+ အမျိုးအစားကျောက်ကပ် လဲရန်အတွက် အလှုခံတဲ့စာရွက်လေး ဘယ်အချိန်က ကပ်သွားသည်မသိပေမဲ့ ၊မိမိတွေးလိုက်သည်က ငါတော့ကုသိုလ်ပြုခွင့်ရပြီ၊ အောက်မှာပါတဲ့ ဖုန်းနံပါတ်လေးနှိပ်ပြီး ၊မိမိသွေးအမျိုးအစားလည်း A+ ပါ လိုအပ်ပါက လာရောက်အလှုခံနိုင်ပါပြီဟု ပြောဆိုရုံရှိသေး ၊ခဏနေတော့ ကားဖြင့်ရောက်လာပြီး ဆေးစစ်ဖို့ ဆိုပြီး ခေါ်သွားသည်ကို ကြုံခဲ့ရသည် ။သူတို့ မျက်နှာမှာတော့ ဝမ်းသာမှုအပြည့် ကျေနပ်ပါသည် ၊ဝမ်းလည်းဝမ်းမြောက်မိပါသည် ။သို့ ပေမဲ့ မိမိပဲ လှုခွင့်မကြုံလိုက်တာလား ၊အလှုခံသူကပဲ သက်တမ်းစေ့သွားသည်လား မပြောတတ်ပါ။ ရက်အနည်းငယ်အတွင်းမှာပဲ လောကကြီးထဲက ထွက်ခွာသွားပြီ်ဟုသာ အကြောင်းပြန်လာခဲ့သည် ။ကိုယ့်ဂုဏ်ကိုယ်ဖော်ပြနေခြင်း မဟုတ်ရပါ ကျေးဇူးရှိရင် ကျေးဇူးဆပ်ရမယ် ဆိုတဲ့ မိမိခံယူချက်ကို ပြောပြနေခြင်းပါ၊ မိဘနှစ်ပါးအတွက်ကောဟု မေးလာခဲ့လျှင်လည်း ကြိုတွေးထားပြီးပြီဟုသာ ဖြေဆိုမှာပါ ။မိမိကို ဒီအသက်ဒီအရွယ်ထိ ကျွေးမွေးပြုစုခဲ့တဲ့ ကျေးဇူးကို ၊မိမိကလည်း ဒီဘဝသာ မက နောင်ဘဝထိပါ အေးချမ်းမှုပေးနိုင်တဲ့ ဗုဒ္ဓရဲ့တရားတော် တွေနဲ့ ကျေးဇူးဆပ်ဖို့ ၊အဓိကရည်မှန်းထားခဲ့ပြီးပါပြီ ။လူတိုင်းမှာလည်း မိမိကို ထမင်းတစ်လုတ် ရေတစ်မှုတ် ကျေးဇူးပြုခဲ့ဖူးသူတွေရှိနေနိုင်ပါတယ်။ ကျေးဇူးမဆပ်နိုင်တောင် အမူအရာနှင့်ဖြစ်စေ အပြောအဆိုနှင့်ဖြစ်စေ၊ ကျေးဇူးကန်းခြင်း မပြုစေလိုပါဘူး ။ခင်ပွန်းကြီးဆယ်ပါးမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့၊ ကျေးဇူးရှင်ကို ပြစ်မှားမိခြင်းဟာ ဒီဘဝကော နောင်ဘဝပါ ၊အကျိုးဖြစ်ထွန်းဖို့ ဆိုတာ မျော်လင့်ခွင့်တောင်မရှိတဲ့ အရာဖြစ်သွားနိုင်ပါတယ်။ စကားပြန်ဆက်ပါရစေ၊ အလှုအတန်းတွေနဲ့ ပတ်သတ်ပြီး ၊အိန္ဒိယက ဆရာဝန်ကြီးတစ်ယောက် မန္တလေးကို အလည်လာတော့ အံ့အားသင့်စရာ တစ်ခုတွေ့သွားခဲ့ပါသည် ။မစိုးရိမ်စာသင်တိုက်ထဲမှာ ကျောက်ကပ်စတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအလှုခံတဲ့စာရွက်တွေ အများအပြားတွေ့လိုက်ရလို့ ပါ ။ဒါတွေက" ဒီလိုအလှုခံလို့ ရလားတဲ့ သူတို့ ဆီမှာတော့ ပိုက်ဆံများစွာအကုန်အကျခံတာတောင် ပေးမဲ့သူမရှိပါဘူးတဲ့ ၊ဒီလိုလှုဖို့ ဆိုတာ ကြားတောင်မကြားဖူးပါဆိုပြီး "မှင်သက်သွားလောက်တဲ့ အထိကို ဖြစ်ခဲ့ဖူးပါတယ်။ဘာလို့ လှုရဲတာလဲ ဘာကြောင့်လှုရဲတာလည်း ရှင်းပြပါမည် ။ ပေးရတဲ့အရသာနဲ့ ယူရတဲ့အရသာ
နှစ်ခုမှာ ပေးရတဲ့အရသာကို ပိုပြီးနှစ်သက်မိလို့ ပါ။
image

နောက်တစ်ချက်က ဒီခန္ဓာကိုယ်က ကိုယ်ပိုင်မဟုတ်ဘူး။ သေရင် ကိုယ်နဲ့လိုက်မှာမဟုတ်ဘူးဆိုတာလည်း သိထားလို့ ပါ ။သူတစ်ပါးလိုအပ်နေတဲ့အချိန်မှာ ပေးလိုက်ရတဲ့ ၊ပီတိဆိုတဲ့ စေတသိတ်က ယခုဘဝတွင်သာမက၊ နောင်ဘဝထိပါ အကျိုးပြုနိုင်တယ်ဆိုတာ သိထားခဲ့လို့ ပါ။ သို့ ပေမဲ့ မိမိလှုဒါန်းသည်မှာ" အကျိုးလိုလို့  ညောင်ရေလောင်းနေခြင်း "မဟုတ်ဘဲလှုနေရတာကို နှစ်သက်မိတဲ့အတွက် မိမိအကျိုးမမျှော်ကိုးပဲ ၊ စေတနာသက်သက် ပေးလှုခဲ့ခြင်းဆိုတာကိုတော့ သက်သေပြုပါရစေ။

image
" အသက်သည်သွေး၊ သွေးသည်အသက် "ဟုဆိုသည့်အတိုင်း သွေးလှုတဲ့သူဟာ ဇီဝိတဒါနလို့ ခေါ်တဲ့ ၊အသက်ကိုပေးလှုရာရောက်ပါတယ် ။လို့ ဆိုပင်ဆိုသော်ငြား မိမိမှာတော့ ကိုယ်သွေးဖြင့် တစ်ပါးသ်ူအသက်ရှင်နိုင်ဖို့ အထောက်အကူပြုနိုင်သည်ကိုပင် ဝမ်းသာပီတိဖြစ်ခဲ့ပါသည် ။တစ်နေ့  သုတမြတ်မွန်သွေးလှုအသင်းဥက္ကဋ္ဌက မိမိဆီသို့ ဖုန်းဆက်လာသည်။ " ဦးဇင်း သွေးလှုဖို့ ရက်က ပြည့်နေပြီလား ၊ဒီမှာ ရှာပေးမယ်ဆိုတာကို မလိုချင်ဘူးတဲ့ ၊ဦးဇင်းသွေးပဲ လိုချင်တယ် ဆိုပြီးပြောနေလို့  "ဘယ်သူများပါလိမ့်ပေါ့ ၊မိမိသွေးကိုမှ လိုချင်သည်ဆိုတော့ စဉ်းစားရခက်သွားသည်။ ဒါနဲ့" သွေးလှုပြီးတာတော့ လေးလကျော်သွားပြီ ၊ခုအလှုခံတာက ဘယ်သူလဲ ၊ဘာလို့  ဦးဇင်းသွေးကိုမှ လိုချင်တာလဲ ၊အဲ့ဒါရှင်းပြဦး "
ဆိုပြီး မေးလိုက်တော့မှ အဖြေထွက်လာသည် ။" တင့်ပါဘုရား အခုသွေးလိုတဲ့ လူနာက ၊ ဦးဇင်းတစ်ခါ အဖွား အဖွားလို့  ခေါ်တဲ့ အဖွားလေ ၊ခုဆေးရုံတင်ထားရပြန်ပြီတဲ့ ၊အဲ့ဒါသူ့ သားသမီးတွေက ခွဲစိတ်ခန်းဝင်ဖို့ အတွက် လိုအပ်တဲ့သွေးကို၊ ဦးဇင်းဆီကပဲ လိုချင်တယ်ဆိုလို့ ၊တပည့်တော်မေးကြည့်လိုက်တော့ ဟိုတစ်ခါဆေးရုံဆင်းပြီးကတည်းက ၊အဲ့အဖွား ဖျားတာနာတာတောင်မရှိဘူးတဲ့ ၊မနက် ၅နာရီ ၆နာရီလောက်ဆို သူတို့ ကို နှိုးပြီး ဒကာကြီး ဒကာမကြီး ဆွမ်းကပ်တော့ ငါဗိုက်ဆာပြီ ၊ဆိုပြီး ပြောပြောနေလို့ သူတို့ အမေ အဲ့လို စားနိုင်သောက်နိုင်တာမြင်တော့ ၊သူတို့ လည်း စိတ်ထဲမှာ ကြည်နူးနေရတယ်ပေါ့ဘုရား ။အဲ့ဒါ ဦးဇင်းလှုနိုင်မယ်ဆို လှုပေးလိုက်ပါဦးဘုရား ၊အခုက ရေချိုးခန်းထဲ ချော်လဲလို့  တင်ပဆုံရိုးကျိုးသွားတယ်လို့ ပြောတယ်ဘုရား " ဆိုပြီးဖုန်းချသွားပေမင့် ၊ မိမိလည်း အဖွားဆီသို့  သွားချင်စိတ်များ ပေါ်လာခဲ့သည် ။မိမိမှာ ငယ်စဉ်ကတည်းက အဖေ ဘက် ၊အမေ့ ဘက်က အဖိုး အဖွားများကို မှီလိုက်သူမဟုတ်ပါ ။အဖိုးရယ် အဖွားရယ် ဟုလည်းခေါ်စရာမရှိခဲ့ဖူးပါ။ ယခုအဖွားဆိုသည်မှာ ရန်ကုန်မြို့ ဆာကူရာ ဆေးရုံတွင် သွေးလှုရင်းဆုံခဲ့ဖူးတာဖြစ်သလို၊ မိမိအဖွားအရင်းလို သံယောဇဉ်ဖြစ်ခဲ့သည်ဟုလည်းဆိုနိုင်ပါသည် ။မိမိပေးလှုလိုက်သော သွေးက အဖွားကိုယ်ထဲလှည့်ပတ်စီးဆင်းနေတယ်ဆိုတဲ့ အသိက၊ ကြက်သီးထလောက်အောင်ကို ကြည်နူးခြင်းဖြစ်မိခဲ့ပါသည် ။အချုပ်အနေဖြင့်ဆိုရသော မိမိတို့ နေထိုင်ရာ လူပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ၊ဆာလောင်နေသူကို အစာကျွေးနိုင်သော လိုအပ်တဲ့အချိန် ၊လိုအပ်တဲ့သူတိုင်းကို မိမိစွမ်းနိုင်သလောက် ပေးကမ်းလှုဒါန်းနိုင်ကြသော ကာလဒါန စေတနာရှင်များဖြစ်ကြပါစေဟု ဆန္ဒပြုလျက်. . . . . .

မိမိအား ချစ်သူ မုန်းသူထိုထိုလူ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံနိင်ကြပါစေ ။

Author @gunapeya
MSC-181

Sort:  

သာဓု....သာဓု....သာဓု ပါဘုရား...

မွန်မြတ်တဲ့အလှူတစ်မျိုးပါ ဘုရား
လှူချင်တဲ့စိတ်ရှိပေမယ့် တစ်ခါမှမကြုံကြိုက်သေးတော့ မလှူဘူးသေးဘူးဖြစ်နေတယ် ဘုရား

လှုခွင့်ရရင်တော့ ကုသိုလ်ပေါ့ဗျာ ဘာလို့ ဆိုတော့ သွေးပေါင်ပြည့်မပြည့် ရောဂါရှိမရှိ ဒါတွေက စစ်ကြဆေးကြသေးတယ်လေ

23နှစ်လောက်တုန်းက သွေးလှူ မလို့ လုပ်သေးတယ် ဒါပေမဲ့ သွေးပေါင်ချိန်တိုင်းလိုက်တော့ သွေးပေါင်ကျနေတာနဲ့ မလှူ ခဲ့ရဘူး
ခဏ ခဏသွေးတိုးသွေးကျတက်လို့ သွေးလှူ ဖို့ အခွင့်အရေးမရခဲ့ပါဘူး ဘုရား အရှင်ဘုရားရဲ့ မွန်မြတ်လှတဲ့ ကုသိုလ်အတွက် သာဓုခေါ်ပါတယ်

ကိုယ်မလှုရပေမဲ့ သူတစ်ပါးအလှုကို ဝမ်းမြေက်ပေးတာလည်း ထပ်တူအကျိုးရှိပါတယ်

မြင့်​မြတ်​လှတဲ့ အလှူအတွက်​ ဝမ်း​မြောက်​ဝမ်းသာ သာဓု​ခေါ်မိပါတယ်​ ဘုရား

သာဓုပါဗျာ ဘဝနဲ့ဆန္ဒတစ်ထပ်ထဲကျသောသူများဖြစ်ကြပါစေဗျာ

သာဓု သာဓု သာဓု ပါဘုရား.

သာဓုပါဗျာ ဘဝနဲ့ဆန္ဒတစ်ထပ်ထဲကျသောသူများဖြစ်ကြပါစေဗျာ

ကုသိုလ်အရေး လက်မနှေး
တပည့်တော်တော့ လှူဘူးသေးဘူး
တပည့်တော်လဲူတော့မယ်

လှုကြည့်ပါ ပထမကောင်းကျိုးကတော့ ကိုယ့်မှာဘာရောဂါရှိတယ် မရှိဘူးဆိုတာသိခွင့်ရတယ်ဗျာ ၄ လတစ်ခါလှုနေရင်တော့ ကျန်းမာရေးစစ်ဆေးမှုခံနေရတာနဲ့ တူတာပေါ့

သာဓု သာဓု သာဓု ပါဘုရား

မြင့်​မြတ်​တဲ့အလှူပါဘုရား

လူတိုင်းမှာ မြင့်မြတ်တဲ့ အလှုလုပ်ဖို့  အခွင့်အရေးတွေရှိကြပါတယ်

မွန်မြတ်တဲ့ကောင်းမှုလေးပါဘုရား

ဝေမျှပေးပါတယ်ဗျာ

ထားရှိတဲ့မေတ္တာတရား သဒ္ဒါတရားတွေ အတွက်ပီတိဂုဏ်ယူကြည်နူးမိပါ၏ ။

မျှဝေပေးပါတယ်ဗျာ ပြုခဲ့သမျှ ကုသိုလ်အပေါင်းကို

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63643.10
ETH 2582.85
USDT 1.00
SBD 2.75