ယနေ့ကုသိုလ် သာဓုခေါ်စေလို

in #myanmar6 years ago

မင်္ဂလာပါဗျ။
tw9isf4p6m.jpg
ဒီနေ့တော့ သိပ်ပြီး စတီးမစ်ပေါ် ခါတိုင်းလောက် မရောက်ဘူး။
မရောက်ဆို လူမှုရေးလေး ရှိနေလို့ပါ။ မနက်ခင်းမှာတော့
မိန်းမ၏ ဘကြီးဘုန်းကြီးတစ်ပါး မန္တလေးဆေးရုံ တတ်နေတယ်
ကြားလို့ သတင်းသွားမေးရင်း ဆေးဖိုး ၅၀၀၀၀ လောက်
လှူဖြစ်ခဲ့ပါတယ်။

နေ့လည်ခင်းကြတော့ မိတ်ဆွေကျန်းမာရေးမှူးတစ်ယောက်၏
မိန်းမ မီးဖွားတာကို မုန့် သစ်သီးဝလံလေးတွေ ဝယ်ပြီး
သတင်းမေးဖြစ်ခဲ့ပါတယ်။

ညနေပိုင်းရောက်တော့ ရွာတစ်ရွာသို့ လူနာ ဆေးကုသွားရင်း
သံဃာတစ်ပါး နေမကောင်းတာ ပြတော့ ဆေးကုသပေးပြီး
ကုသိုလ်ယူခဲ့ပါတယ်။

ဒီလိုဆိုတော့ ဒီနေ့ဟာ ဝင်ငွေ မများလှပေမယ့် ကုသိုလ်တွေပါ
ရတော့ သံသရာအတွက် ကောင်းပါတယ်။

ကုသိုလ် ဥစ္စာ ပညာ သုံးခုလုံး နေ့စဉ် ရယူနိုင်ရင်တော့
ဘဝဟာ အကောင်းဆုံးပေါ့ဗျာ။

ဒါနဲ့ ဒီနေ့တော့ စာမဖတ်ဖြစ်တော့ပါဘူး။

ဒီနေ့ ပြုသမျှ ကုသလလေးတွေကို စတီးမစ်က မိတ်ဆွေတို့
ဖတ်ဖြစ်ခဲ့ရင် ကုသိုလ်အမျှ ရကြစေဖို့ ဒီစာလေးကို
ရေးတင်လိုက်ရပါတယ်။

ယနေ့ပြုသမျှ ကုသလကို မိတ်ဆွေအပေါင်းအား
အမျှပေးဝေပါ၏။ သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ။

MSC 193
@golden.future

Sort:  

သာဓု သာဓု သာဓု

ပြည့်စုံပါစေဗျာ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.094
BTC 62734.17
ETH 1754.33
USDT 1.00
SBD 0.39