ဝဠာဟိန်းသူ နှင့် စတင်းအနာဂတ်
မင်္ဂလာပါ စတီးမစ် မိတ်ဆွေတို့ရေ။
ဒီနေ့တော့ သိပ်မအားလှနာရယ်၊ အိပ်ရေးပျက် ပင်ပန်းနေတာရယ်
တို့ကြောင့် စတီးမစ်သုံးမှု အနည်းငယ် လျော့ကျပါတယ်။
သို့ပေသော်လည်း မသေးလှသော ပိုးသံယောဇဉ်အစွဲကြောင့်
ပို့စ်မတင်ဘဲ မနေနိုင်သေးတာနဲ့ ခုညပိုင်းကျမှပဲ ရေးတင်လိုက်
ရပါတယ်။ အားပေးဂုဏ်ပြုကြပါဦးဗျ။
ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၆:၁၅ မှာ ကျွန်တော်ဇနီးမှ
၈ ပေါင် ၆ အောင်စ ရှိသော သားဦးရတနာ မွေးဖွားခဲ့ပါတယ်။
ဒီတော့ ကျွန်တော် ဖခင်တစ်ယောက် ဖြစ်ပြီပေါ့ဗျာ။
MSC ခေါင်းဆောင် ကိုဟင်နရီအောင်သည် စတီးမစ်အား
သူ၏မဖိုးဆက်သို့ အမွေချန်ထားပေးနိုင်စေရန် အိပ်မက်ကြီး
ရှိသည်ဟု ပြောခဲ့တာ အမှတ်ရမိပါတယ်။
ကဲ။ ခုတော့ ကျွန်တော်မှာ မျိုးဆက် သားရတနာတစ်ယောက်
အောင်မြင်ခဲ့ပြီဆိုတော့ ဖခင်တစ်ယောက်၏ ဝတ္တရားထက်
ပိုသာသော တာဝန်ကျေမှုနှင့်တကွ အမွေကောင်းတွေ
ပေးအပ်ချင်စိတ် ဖြစ်မိပါတယ်။
သို့ကလို ခုလောလောဆယ်အခါမှာတော့ အခြား ကြီးကြီးကျယ်ကျယ် မရှိသေးတာမို့ စတင်းအမွေတစ်ခု
ပေးအပ်ဖို့ စိတ်အကြံပေါက်မိပါတယ်။
ဒါနဲ့ပဲ ဒီနေ့လည်ခင်းမှာတော့ မိမိဘာသာ မဟာဘုတ်ခွင်ချပြီး
ပက္ခလွတ်သော နာမည်ပေးနည်းဖြင့် အဓိပ္ပါယ်ပြည့်ဝကျယ်ဝန်းသော
အမည်တစ်ခု နာမသမုတ်ခဲ့မိပါတယ်။
သားလေး၏ နာမည်ကို ယနေ့တွင်ပဲ
ဝဠာဟိန်းသူ
ဟု မှည့်ပေးမိခဲ့ပါတယ်။
ဒီနောက်တော့ Walar Heinthu အမည်ဖြင့်ပဲ
walar.heinthu ဟု ဂျီမေးလျှောက် ဖွင့်ခဲ့ပြီးပါပြီ။
၎င်းအမည်ဖြင့်ပဲ စတီးမစ်အကောင့်တစ်ခု ဖောက်ထားဖို့လည်း
စိတ်ကူးမိပါတယ်။
စတီးမစ်အား ထရွန်ပိုရှက်ဆီ ရောင်းလိုက်ပြီး ဖြစ်သောအခါ
စတင်းအနာဂတ်မှာ မည်သို့ ရှိတော့မည် သေချာမသိသေးပါ။
သို့သော် စတီးမစ်အား စွဲလန်းနေသော မိမိမှာ
အမျှော်လင့်ကြီး မျှော်လင့်လျက်သာဖြင့် အထက်ပါ
စိတ်ကူးအိပ်မက်တွေ မက်နေဆဲပါသော်ကောဗျာ။
ကဲ ဘယ်သို့ပင် ရှိစေ ဖြစ်စေကာမူ
ကျွန်တော့်သားလေး အမည်အား ဝဠာဟိန်းသူ ဟု
ခေါ်တွင်စေဖို့ ကောင်းမြတ်ပါရဲလား မိတ်ဆွေတို့ရေ။
အကြံပေးကြပါဦးဗျ။
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ
MSC 193
@golden.future
ကလေးမွေးပြီပေါ့။ချစ်စရာလေး။
ဟုတ်။ ကျေးဇူးပါ
ကောင်းပါ့ဗျာ..ကိုဟိန်းရေ..
ကျနော်လည်း..သားလေးတစ်ယောက်လောက်တောင်..ထပ်လိုချင်လာပီ...
ထပ်ကြိုးစားလိုက်ပေါ့ဗျာ
Yay!
Your post has been boosted with ESTM. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app!
Learn more: https://esteem.app
Join our discord: https://discord.me/esteem
Special thanks
ESTM Boosting refund to @golden.future!
Due to one of these reasons:
1. Not posted from eSteem apps.
2. Already curated by eSteem team.
3. Need bit more improvement on quality of post.
4. Might be too old post.
5. User already received vote in last couple hours, you can try boosting again afterwhile.
Android, iOS, Windows, Mac, Linux
Learn more: https://esteem.app
Join our discord: https://discord.me/esteem