တောအရိုင်းပန်းနီနီ

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ

ဒီနေ့မနက် ဆေးခန်းဖွင့်ထားရာ မြင်းသည်ရွာမှ
လူနာကြည့်ရန် အောက်တောရွာသို့ သွားဖြစ်ခဲ့ပါတယ်။
လမ်းတစ်လျှောက် ဟိုဟိုဒီဒီ ကြည့်ရင်း တောတွင်း
အလေ့ကျပေါက်သော အရိုင်းပန်းပင်တစ်ပင်ကို
တွေ့မြင်မိ၍ ဆိုင်ကယ် ခဏ ရပ်ကာ ဓာတ်ပုံ ရိုက်ယူ
ခဲ့ပါတယ်။
nn9okyy3il.jpg
ဤပန်းပွင့်ပင်တွေကို ကျွန်တော် ငယ်ငယ်ကတော့
တောထဲမှာ များစွာ တွေ့မြင်ခဲ့ဖူပါတယ်။ တောအရိုင်းပန်း
ဖြစ်တာကြောင့် အမည်နာမ ဘယ်လို ခေါ်ပြီး ဘယ်သို့သော
အကျိုးအာနိသင် ရှိလဲဆိုတာတော့ မသိပါဘူး။
ခုချိန်မှာတော့ ထိုပန်းပင်မျိုးတွေ ရှားပါးသွားပါပြီ။
ပိုးသတ်ဆေးများစွာကြောင့် သဘာဝအလေ့ကျတောပန်းပင်
တွေလည်း ရှားပါးကုန်ပါပြီ။

သို့ဖြစ်၍ ရှားရှားပါးပါးဖြစ်နေသော တွေ့ရခဲ့လာသော
တောအရိုင်းပန်းလေး‌တွေ တွေ့မြင်ဖြစ်တဲ့အခါ သတိတရ
ဓာတ်ပုံရိုက် မှတ်တမ်းတင်မိတော့တာပါပဲ။

ဤပန်းပင်လေး အမည်နှင့်အသုံးဝင်ပုံကို သိသူများ
ရှိရင်လည်း ပြောပေးကြပါဦးဗျ။

ငယ်ငယ်က ကြားဖူးတဲ့ သီချင်းထဲမှာတော့
** ပန်းနီနီ မပေးနဲ့ကွယ် ပန်ချင်ပါဘူး🎶
ပန်းနီနီ မပေးနဲ့ကွယ် မပန်ချင်ဘူး🎶
ချစ်ဦးသူနဲ့ လွဲမှာစိုးလို့ 🎶
ပန်းနီနီ မပေးနဲ့ကွယ် ပန်ချင်ပါဘူး🎶**

ဒါပေမယ့် ကျွန်တော်ကတော့ အနီရောင်ကို ချစ်တယ်ဗျ။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

MSC 193
@golden.future

Sort:  

မလုပ်လိုက်ပါနဲ့ ဆရာ ရွာအခေါ်တော့ ဆီမီးခွက်ပင်လို့ခေါ်တယ်။ အဆိပ်ရှိတဲ့အပင်မျိုးပါ ဘယ်လိုအသုံးဝင်သလဲတော့ကျွန်တော်လည်းမသိပါဘူး။

ကျေးဇူး ညီရေ
ရေနွေးကြမ်းဖျော်သောက်ကြည့်ရမလား စိတ်ကူးနေတာ

Posted using Partiko Android

I can not read your article.
Is it uncode? 😁

Yes, are you no change yet?

Posted using Partiko Android

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 58309.71
ETH 2617.30
USDT 1.00
SBD 2.42