စတင်းရူးချက် မျှော်လင့်လျက်ပါ

in #myanmar5 years ago

မင်္ဂလာပါဗျာ.....
e73n72988e.png
လုပ်လက်စနဲ့ ဆက်လုပ်နေဖြစ်ပါတယ်။
မျှော်လင့်စောင့်စားစရာ အက်စ်အမ်တီအက်စ် တစ်ခု
ကျန်နေသေးလို့သာပေါ့။
ဈေး ကောင်းမလာသေးတာ မပြောတော့ပါဘူး။
ရီဝဒ်တွေ လျော့နည်းသွားတာကတော့ အတော် စိတ်ပျက်စရာ
ပါပဲ။ ဈေး မတတ်လာဘဲ ရီဝဒ် ကျသွားတော့
ဆက်လျှောက်နေရတာ ယိုင်တိယိုင်ခွေပါပဲ။

မတန်ဘူး ထင်ရင် မလုပ်ဘဲ နေပေါ့လို့်လည်း
ကိုယ့်ကိုကိုယ် မပြောနိုင်ပါဘူး။ မျှော်လင့်ချက် မြင့်မြင့်
ထားခဲ့ရင် အကျနာတတ်တာလည်း သဘာဝလိုပါပဲ။

ခုတော့လည်း စားရမှာလည်း သဲနှင့်လျှပ်လျှပ် ပစ်ရမှာလည်း ဆီတဝင်းဝင်း ဆိုသလို ဗျာပွေရပါတယ်။

နှစ်နှစ်တာ အာရုံစိုက်ခဲ့လေတော့ သံယောဇဉ် အစွဲကြီး စွဲပြီး
အရူးမ လင်ပျောက်သလိုသာပါပဲ။ ခက်ရချည်ရဲ့ဗျာ...

ဒီလိုနဲ့ပဲ မလူးသာမလွန့်သာ ကိုယ့်စိတ်ကို ဖြေလျှော့ကာဖြင့်
ပေါက်သည့်နှာဖူး မထူးတော့ပြီမို့ ဆက်ရူးနေရပါတယ်။

ဪ စတင်းရယ်...
မင်းနဲ့ ပတ်သက်ရတာ ကိုယ့်မှာ ဆုပ်လည်းစူး စားလည်းရူး ပါပဲ😁

ဒီတော့လည်း ရူးလက်စနဲ့ ထူးလာမလား
မျှော်လင့်ချက် ကောက်ရိုးမျှဉ်ကို လှမ်းဆွဲကာဖြင့်
အားတင်းကာ ပို့စ် တင်လိုက်ရပါတယ်ဗျားးး

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ.....

MSC 193
@golden.future

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.034
BTC 63521.22
ETH 3319.09
USDT 1.00
SBD 3.91