Steemit ပေါ်က ကျွန်တော့်အခြေအနေနှင့် တစ်လရလဒ်

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ။
စတီးမစ်မှာ မြန်မာတွေကတော့ ရှားရှားပါးပါးပါပဲ။
မြန်မာတစ်ယောက်အနေဖြင့် လှုပ်ရှားတတ်ကြွနေရတာ
ပျင်းစရာတော့ ကောင်းလာပါပြီ။ စသိ စသုံးခဲ့စဉ်တုန်းကလို
မြိုင်ဆိုင်စည်ကားနေရင်တော့ ပျော်စရာပေါ့။

မြန်မာတွေ ပျောက်ချက်သား ကောင်းနေဆို စတင်းဈေး
ကလည်း တတ်မလာသေးပေကိုးဗျ။ ဈေးမတတ် ဈေးမမြင့်တော့
ရလဒ်က နည်းပြီး တွက်ခြေ မကိုက်ကြလို့ ထင်ပါ့ဗျာ။

သို့ပေသော်လည်း ပုံမှန် လှုပ်ရှားနေသူ အချို့တော့
ရှိကြပါတယ်။ လက်ဆယ်ချောင်း ပြည့်အောင်တော့ မရှိပါဘူး။
ကျွန်တော်ကတော့ အထီးကျန်ကျန် တတ်ကြွ လှုပ်ရှားနေမိတာပါပဲ။

ကျွန်တော့် အကောင့် ‌အ‌ခြေအနေကို ဆန်းစစ်ကြည့်ရရင်
SP 2000 ကျော် ရရှိ‌ပါပြီ။

RP အနေဖြင့် ဆိုရင်လည်း 64 ကျော်ခဲ့ပါပြီ။ နေ့စဉ် ပုံမှန်
ပို့စ်တင်နေခြင်း ဂုဏ်သိက္ခာလေးပေါ့ဗျာ။
aitfds1vjf.png
ScreenShot image source

ယခု ဒီဇင်ဘာလ တစ်လ ရီဝဒ် ကို စစ်ကြည့်ရပါလျှင်
Steem Power 130 ကျော် နှင့် Steem 120 ကျော်
ရရှိခဲ့တာဆိုတော့ စုစုပေါင်း 250 ပမာဏ ရခဲ့တယ်
ထားပါတော့။
250 ကို လက်ရှိဈေး 0.13 $ ဖြင့် တွက်လျှင် 32.5 USD$
ဆိုတော့ MMK ဖြင့် ဆိုပါလျှင် 48750 ကျပ် ဝန်းကျင်
ရရှိပါမည်။
အပိုဝင်ငွေ သဘောအရပါ အပျော်တမ်းရငွေလည်း ဖြစ်တာကြောင့်
ရလဒ် မဆိုး ကောင်းသည်ဟုသာ ပြောချင်ပါသည်။
အကယ်၍ မျှော်လင့်ထားသလို ၂၀၂၀ အတွင်းမှာ ဈေးကောင်း
လာပါလျှင်တော့ အကျိုးအမြတ် ကြီးမားပေလိမ့်မည်။
အများကြီး မမှန်းပါ။ 1 Steem = 1$ ပေါက်လျှင်ပင်
USD $ 2000 ကျော် ဖြစ်သွားမည် ဆိုတော့ မြန်မာငွေ
သိန်း ၃၀ ဝန်းကျင် ရောက်သွားပါမည်။
ဒါလောက်သည် မက်မောစရာကြီး မဟုတ်သေးပေမယ့်
အချိန်ပိုအား အပျော်တမ်း အသုံးပြုခဲ့သည့် ရလဒ် အဖြစ်တော့
တန်ဖိုးကြီးမားပါသည်ဟု ပြောချင်ပါတယ်။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

MSC 193
@golden.future

Sort:  

ကိုထွေး၊ ကိုဒွန် ၊ ကိုဟိန်း နဲ့ ယွန်းသီရိ တို့ ပဲရှိတော့တယ်။ Steem စျေးတက်လာရင် ကိုဟိန်းတို့က update ဖြစ်ပြီးသားမို့ ပြသနာမရှိပေမယ့် SP 200 , 300 လောက်စုထားပြီး Password မသိမ်းထားတဲ့သူတွေ အသဲကွဲရလိမ့်မယ်။

မျှောလင့်ရင်း ရှေ့ဆက်နေတာ ခရီးရောက်တာ မဆိုးပါဘူး။
လွယ်လွယ်တော်ရုံနဲ့လည်း မရပ်ပစ်ချင်သေးလို့ပါဗျာ။
Steem အိပ်မက် ပြည့်ဝကြပါစေ။

မြန်မြန် ဈေးတက်ပါစေတော့ 😁😁

များများဆုတောင်းပေး

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Special thanks

Posted using Partiko Android

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 62512.15
ETH 2436.07
USDT 1.00
SBD 2.66