Steemit New Generation Will Birth: Name My Son

in #myanmar6 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ
ဒီနေ့ကတော့ မင်္ဂလာရှိသောနေ့လေး ဖြစ်ပါတယ်။
wse9xs.png
နံနက်၂ နာရီလောက်က ဇနီးသည် ကလေးမီးဖွားတော့မှာမို့
လာခဲ့ရန် ခေါ်တဲ့ အိပ်မက် မက်ပါတယ်။ အိပ်မက်မှ နိုးလာပြီး
အပေါ့စွန့်ကာ ပြန်အိပ်ခဲ့ပါတယ်။

သို့သော် ကောင်းကောင်းပြန်အိပ်မပျော်ခင် ဖုန်းသံမြည်လာခဲ့
ပါတယ်။ မနေ့က ညဦးပိုင်းမှာ အကယ်၍ ညအခါ မိန်းမ
ဗိုက်နာလာခဲ့ရင် ခေါ်ဆိုနိုင်ဖို့ ဖုန်းဖွင့်ထားခဲ့သည်မှာ မှန်သွားပါသည်။
ခါတိုင်းညဆို ဖုန်းပိတ် အိပ်လေ့ရှိပါသည်။ ကိုယ်စောင့်နတ်က
နှိုးဆော်နေ၍လား ၊ အတွင်းစိတ်က ခန်းမှန်းမိနေ၍လား၊
ဖြစ်နိုင်ပါသည်။

၂:၃၀ ကျော်လောက်မှာ မိန်းမ သားလေးဖွားမြင်ရန်
ဇော် အထူးကုဆေးခန်းသို့ သွားနှင့်မည့်အကြောင်း ဖုန်းပြော
ကြားခဲ့ရသည်။ သို့အတွက် ကျွန်တော်လည်း အိပ်ရာသိမ်း၊
မျက်နှာသစ်ကာ တတားဦး မြင်းသည်ရွာဆေးခန်းမှ
စစ်ကိုင်းမြို့ ဇော်အထူးကု ဆေးခန်းသို့ ဆိုင်ကယ်ဖြင့်
လာရောက်ခဲ့ရပါတော့သည်။

ဆေးခန်းရောက်တော့ မိန်းမမှာ မွေးဖွားရန် စောင့်နေရဆဲ
ဖြစ်၍ ယနေ့ အင်္ဂါနေ့ ဖွားမြင်ပါလျှင် သားလေး နာမည်
ပေးရန် စဉ်းစားမိပါသည်။ ငယ်ငယ်က အနည်းငယ်
တတ်မြောက်ထားသော မဟာဘုတ်ခွင်နှင့် ပက္ခလွတ်အောင်
နေ့နံရွေးကြည့်သောအခါ မွေးနံဖြင့် အမည်သုံးလုံး
မှည့်မည်ဆိုပါလျှင် အင်္ဂါ ဗုဒ္ဓဟူး သော‌ကြာ အစဉ်လိုက်
မှည့်ရပါမည်။

စဆဇဈည ... စိုး ဆန်း ဇွဲ ဉာဏ်
ရယလဝ ... ရဲ ယဉ် လင်း ဝင်း
သဟ ... သစ် ဟိန်း

ဉာဏ်လင်းသစ် ဉာဏ်လင်းဟိန်း
ဇွဲဝဠာဟိန်း ဝဠာဟိန်း လင်းသစ်ဟိန်း
ဆန်းသစ်ဟိန်း စသဖြင့်ပေါ့။

ကဲ မင်္ဂလာရှိသောနေ့လေးမှာ မင်္ဂလာရှိသောအမည်လေး
ရွေးပေးကြပါဦးဗျ။

လူနတ်ဗြဟ္မာ သတ္တဝါဟူသမျှ ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍
ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

MSC 193
@golden.future

Sort:  

မိသားစုအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်အစ်ကို။

ကျေးဇူးပါဗျို့

မဂ်လာရှိသောနေ့လေးပါဗျာ
ကျန်းမာချမ်းသာတဲ့မိသားစုလေးဖြစ်ပါစေ.....

အမည်အတွက်ဆို
စဥ်းစားရတစ်ခုတိုးအောင်
ဥာဏ်ဝင်းဟိန်း ဆိုပြီးတစ်ခုထပ်တိုပေးမယ်နော့ကိုဟိန်း😁😁
ဥာဏ်လင်းဟိန်းတော့ကြိုက်တယ်ဗျိုး

ကျေးဇူးပါ ဉာဏ်က မသေချာလောက်ဘူး

မင်္ဂလာရှိစွာဖြင့် ဗုတ်ပေးလိုက်ပါသည်။
မိသားစုအားလုံး ကျန်းမာ ချမ်းသာပါစေ။

ကျေးဇူးပါဗျ

ချစ်စရာကောင်း​​တဲ့ သားလေးမွေးပါစေ။

ကျေးဇူးပါ ပြည့်စုံမှာပါ

ကလေးရော အမေရော ကျန်းမာချမ်းသာကြပါစေခမျ...

ကျေးဇူးတင်ပါတယ်

Congratulations Congratulations Congratulations 💛❤️💚💙💜🖤

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.104
BTC 65117.10
ETH 1964.04
USDT 1.00
SBD 0.37