Saving Pot For My Son As Steem Power
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ဒီနေ့တော့ စုဗူးတစ်လုံး ဝယ်ယူခဲ့ပြီး ငွေစုမယ့်အကြောင်း
ပြောချင်ပါတယ်ဗျ။

ဘဝလောကဓံ ရိုက်ချက်တွေ ဘယ်လိုပင် ရှိစေကာမူ
အရှုံးမပေးဘဲ အမြဲတမ်း ခေါင်းထောင်နေနိုင်ရေး
ရည်ရွယ်ချက်ဖြင့် ပစ်တိုင်းထောင်စုဗူးအိုး ကို အသုံးပြု
ရတာပါ။
ငွေစုရခြင်းကတော့ ကျွန်တော်ရဲ့ မျိုးဆက်သားရတနာလေး
အတွက် အနာဂတ်ဘဝ စိတ်ချငြိမ်းအေးရအောင်
ငွေပုံငွေရင်း စုမိဆောင်းမိစေရန် ဖြစ်ပါတယ်။
ဖခင်တစ်ယောက် ဖြစ်ခဲ့ပြီ ဆိုတဲ့အခါ မိဘမေတ္တာဘာဝ အရ
သားတော်မောင် နောင်ရေး ခုကတည်းက တွေးပြီး
ကောင်းစားစေရန် ကြံစည်စိတ်သန်ရပါတော့တယ်။
ဒီတော့အခါ ဝင်ငွေရအလုပ်ကို ပိုအာရုံစိုက်ခြင်းသာမက
ရလာဝင်လာသမျှ ငွေတွေထဲမှ မသုံးခင် မဖြုန်းခင်
ပမာဏတစ်ခု စုဗူးထဲ အရင်ဦးဆုံး ထည့်ထားရတော့မှာပါပဲ။
စုဗူးထဲ ရောက်သွားသော ငွေကို လွယ်လင့်တကူ ဖောက်ယူ
မသုံးဖြစ်တော့ ငွေပိုငွေရင်း စုမိမှာပေါ့ဗျာ။
ဒါနဲ့ စကားစပ်လို့ပဲ ပြောရဦးမယ်။
မိမိ၏ မျိုးဆက်အတွက် အိပ်မက်တစ်ခု ဖြစ်သော
Steem စုဆောင်းခြင်းမှာလည်း Power Up ထားလိုက်
လေသောအခါ အလွယ်တကူ ထုတ်မရောင်းဖြစ်တော့
Reward ပိုရ၊ အတိုးလည်း ရကာ အမွေပေးလို့
ရနိုင်ကောင်းပါရဲ့ဗျာ။
မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ။
MSC 193
@golden.future
Yay!
Your post has been boosted with ESTM. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app!
Learn more: https://esteem.app
Join our discord: https://discord.me/esteem
Special thanks for your great job