ဆက်၍သာ (Continuously)

in #myanmar5 years ago

မင်္ဂလာပါ...
Screenshot_2019_0910_120035.png
စတီးမစ် အပေါ် အာရုံကျဲလာခဲ့ပါပြီ။
သို့သော် ဆက်လက် ပို့စ် တင်နေဖြစ်သည်။
အကြောင်းမှာ လုပ်လက်စ အကျင့် ပါနေခြင်းနှင့်
လူက အားနေသောအခါ စတီးမစ် မသုံးလျှင် ဖေ့ဘုက်
သုံးဖြစ်သည်။ ဘေကုန်တာခြင်း အတူတူ စတီးမစ်က
ဘေဖိုးတော့ ပြန်ရဦးမည်။
ကံကောင်းလို့ ဈေး တတ်လာခဲ့ရင်တော့ အက်စ်ပီ စုမိရာက
ပွကိန်း ဆိုက်လိမ့်မည်။
ထို့ကြောင့် ဆက်လုပ်နေဖြစ်ပါတယ်။

ဒီနေ့တော့ ဒဿနစကားလေး နည်းနည်းမျှဝေပါမည်။

  • မင်းရဲ့ အိပ်မက်တွေ တစ်ကယ်ဖြစ်လာဖို့
    စောင့်မနေပါနဲ့။ အခွင့်အလမ်းက ဝင်လာဖို့
    တံခါးမခေါက်ရင် ကိုယ်ကိုယ်တိုင် တံခါး
    တည်ဆောက်ဝင်ရောက်ရမှာပေါ့။

အထက်ပါ စကားစုကို ဖတ်မိပြီး စတင်း ဈေး အတတ်ကို
စောင့်နေရုံဖြင့် မဖြစ်ပေ။ မိမိ လက်ထဲ စတင်း ရှိနေဖို့က
ပို အရေးကြီးသည်။
ထို့ကြောင့် အချိန်ရသလောက် စတင်း ရှာဖွေ စုဆောင်း
ထားရမည်။ သို့မှသာ ဈေး တတ်လာသောအခါ
ရောင်း၍ အကျိုးအမြတ် ရရှိပေမည်။

ထို့ကြောင့် ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါသည်။
ယုံကြည်ရာ စွဲလန်းရာ ဆက်လျှောက်နေခြင်းလည်း
ဖြစ်ပါမည်။😁😁😁

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC 193
@golden.future

Sort:  

Fighting ပါ။ ကြိုးစား နေသရွေ့ Fighting ။ ကျွန်တော်လည်း ဒီလ ကုန် သည် အထိ အခြေအနေ မဟန်ရင် တပ်ခေါက် တော့မယ် ဗျာ။ 😁😁

Posted using Partiko Android

ညီတို့ကမှ ဂိမ်း ဗုတ်တွေ ရနေသေး

Posted using Partiko Android

ကြိုးစားပေမဲ့လည်း......

အရာမထင်လေသောအခါ....

Posted using Partiko Android

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61361.03
ETH 2932.71
USDT 1.00
SBD 3.67