Real Life Be Today

in #myanmar6 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ

မနေ့ကတော့ စစ်ကိုင်းမြို့ မြို့တော်ခန်းမမှာ SDCCI
စစ်ကိုင်းခရိုင် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း
မှ ကြီးမှူးကျင်းပသော #စစ်ကိုင်းနိုင်ငံတကာကုန်စည်ပြပွဲ_၂၀၂၀
သို့ တတ်ရောက်ဖြစ်ခဲ့ပါတယ်။

တတ်ရောက်ရခြင်း ရည်ရွယ်ချက်ကတော့ စာရေးဆရာဦးကျော်ရင်မြင့် နှင့် ဦးအောင် (အောင်သမာဓိ) တို့၏
ဟောပြောပို့ချချက်များကို နားထောင်ရန် ဖြစ်ပါတယ်။
dp2peb0koi.png
ဤတွင် ဆရာဦးကျော်ရင်မြင့် ဟောပြောချက်များထဲမှ
ရင်ကို စွဲသွားစေခဲ့သော ဒဿနစကားစုတစ်ခု ပြန်လည်မျှဝေ
ပေးပါမယ်။

နေ့တိုင်းကို ဒီနေ့ စာမေးပွဲ ရှိလို့ လုပ်ဆောင်တဲ့ အတိုင်း ကျင့်ကြံရမည်။

ကျွန်တော်တို့တွေ ကျောင်းသားဘဝ #အတန်းတင်စာမေးပွဲ
ဖြေဆိုခြင်းကို ပြန်တွေးကြည့်ရအောင်ပါ။

အတန်းတင်စာမေးပွဲကို ဖြေဆိုကြရာတွင် နံနက် ၉ နာရီ
စာမေးပွဲ စမည်ဆိုပါက ထိုမနက်ခင်း၌ ထိုနေ့ ဖြေဆိုရမည့်
ဘာသာရပ်ကို ကျက်မှတ်လေ့ကျင့်ကြလေ့ ရှိကြပါသည်။

ထိုမနက်၌ ဖြေပြီးသား ဘာသာရပ်ကို စိတ်မချ၍ ပြန်ကျတ်မှတ်
တာမျိုး မလုပ်ကြသလို နောက်တစ်ရက် ဖြေရမည့် ဘာသာ
အတွက်လည်း ကြိုမကျက်မှတ်ကြပါဘူး။
ဒီနေ့ ဖြေဆိုရမည့်ဘာသာရပ်ကိုသာ လေ့လာကျက်မှတ်ကြရသည်
မဟုတ်ပါလား။

ဤအလေ့အကျင့်ကို နမူနာယူ၍ ကျွန်တော်တို့၏ နေ့စဉ်ဘဝ
ဖြတ်သန်းမှုကိုလည်း ဒီနေ့ စာမေးပွဲ ရှိသည့်အလား ကျင့်ကြံ
ကြရပါမည်။
ဆိုလိုရင်းမှာ...

ကျွန်တော်တို့တွေဟာ မနေ့က ပြုခဲ့ဖြစ်ခဲ့ပြီးသည်တို့ကို
အမှား ဖြစ်ခဲ့၍ နောင်တရနေမည့်အစား၊ စိတ်တိုင်းကျအားမရခဲ့၍
ပြန်ပြင်လုပ်ချင်နေမည့်အစား၊
ဒီနေ့ အရေးကြီးဆုံး ဆောင်ရွက်သင့်တာကိုပဲ အာရုံစိုက်
အကောင်းဆုံး လုပ်ဆောင်ဖို့ လိုအပ်ပါသည်။

မနက်ဖြန် ဆောင်ရွက်ရမည့်အရာ သို့မဟုတ် ဖြစ်လာနိုင်စရာ
သို့မဟုတ် ဖြစ်ချင်ရာအတွက် ကြိုတင်တွေးတောနေရုံမျှသည်လည်း
ဒီနေ့ အရေးကြီးဆုံး ဆောင်ရွက်သင့်တာအတွက် အချိန်၊ အားအင်
လျော့ကျသွားစေနိုင်တာကြောင့် သိပ်တွေးမနေဘဲ ဒီနေ့အတွက်
အကောင်းဆုံး အားစိုက် လုပ်ဆောင်သင့်ပါတယ်။

ဤသည်မှာ မနေ့က အရာအတွက် သင်ခန်းစာ မယူရဟု
မဆိုလိုသလို မနက်ဖြန်အတွက် အစီအစဉ် မချမှတ်ရဟုလည်း
မဆိုလိုပါ။

ဒီနေ့အတွက် ကျွန်တော်တို့၏ လုံ့လ၊ဝီရိယ၊ဉာဏ်ပညာနှင့်အချိန်အခါကို အကောင်းဆုံး အသုံးချတတ်ဖို့ကို
ရည်ရွယ်လိုရင်း ဖြစ်ပါသည်။

မိတ်ဆွေများလည်း လိုက်နာကျင့်ကြံအောင်ပွဲအမှန်ရကြပါစေ။

MSC 193
@golden.future

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.086
BTC 60398.95
ETH 1628.09
USDT 1.00
SBD 0.41