Making Photography Painting

in #myanmar5 years ago (edited)

မင်္ဂလာပါ

Creative ကိုယ်တိုင်ဖန်တီးတယ် ဆိုတာ လွယ်သလားဗျာ?
ကိုယ်တွေလို Steemit ပေါ်မှာ ရူးသွပ်စွာ လျှောက်လှမ်းနေသူ
တစ်ယောက် အနေဖြင့် နေ့စဉ် ပို့စ်တင်ဖို့ ဆိုတာ မခက်လှပါဘူးဟု
ပြောချင်ပါတယ်။ သို့သော် Quality ပြည့်မှီဖို့တော့ လွယ်မလား။

Platform ပေါ်မှာ Community တွေ အစုအဖွဲ့ အလိုက်
လှုပ်ရှားနေကြတာ အားရစရာ အားကျစရာပါ။ အားကျစရာ
ဆိုတဲ့ စကားပြောရတာတော့ အားရစရာ Community တွေထဲမှာ ကိုယ်တွေရဲ့ Myanmar Community
မှ မပါပေဘဲကိုး။ မပါပေမယ့်လည်း အပစ် မဆိုသာသလို
အားလည်း မငယ်မိတော့ပါဘူး။

ထားပါတော့ Creative ပြန်ဆက်ပါဦးမယ်။ ကိုယ်တွေက
IT developer လည်း မဟုတ်လေတော့ it အကြောင်းလည်း
မလုပ်တတ် မပြောတတ်ပါဘူး။ Art အနေဖြင့် ပန်းချီ ပန်းပု
ဘာမှလည်း မတတ်။ ပုံ ဆိုလို့ SmartPhone Photo
လောက်သာရယ်။
ကိုယ်တွဲချင်တဲ့ tag တွေကလည်း Creat လုပ်မှ၊ Art ပါမှ
ဆိုတော့ကာ.....
Screenshot_2019_0728_132123.png
ကဲ... ဒီတော့လည်း ကိုယ်တိုင် ရိုက်ယူထားတဲ့ ဓာတ်ပုံလေးတွေ
ကို ဖုန်းထဲက app တွေနဲ့ပဲ ပြင်ဆင်ပြောင်းလဲပြီး
အနုပညာပါပါ ဖန်တီးလိုက်ပါတယ်။
ပန်းချီ ဆွဲထားသလို ဘာလိုလိုညာလိုလိုပေါ့ဗျာ...
ကြည့်ကြည့်ပါဦး အဆင်ပြေတယ် မဟုတ်လားနော်😁
ဒီလောက် အားစိုက်ထုတ်ပေးတာကိုပဲ ဒီဈေးနဲ့ကတော့
တန်ဖိုးပို ဝန်ဆောင်မှု တစ်ခုလို့ ပြောလောက်ပါတယ်ဗျာ။

ဟုတ်ပြီဗျာ..... ကိုယ်တွေက Steemit မှာ
ရူးသွပ်နေလေတော့ ရသလောက် အပတ်တကုတ် ကြိုးစား
ဆောင်ရွက်နေဖြစ်ဦးမှာပါ။
စိတ်မပျက်ရလေအောင် အားပေးကြပါဦးဗျာ လို့လည်း
အားငယ်ရအောင် မတောင်းဆိုချင်တော့ပါဘူး။
ဖြသ်သမျှအကြောင်း အကောင်းပေမို့ သဗ္ဗေသတ္တာ ကမ္မသကာပါပဲ😁

MSC 193
@golden.future

Sort:  

နိုင်ငံကျော်စာရေးဆရာကြီးတွေ အကြည်တော်တို့ အစရှိသဖြင့်တောင် နိုင်ငံခြား စာအုပ်များမှ ယူရေးကြသည့် နေရာတွင် ကျွှန်တော်နေသည် ။ ဇာတ်ကားတွေ မြန်မာစာတန်းထိုးတွေ ထွက်လာတော့ ငါဖတ်ဖူးသလိုဘဲပေါ့ ။ ဟွင်းဟွင်း သူတို့လဲ ဒါမျိုးတွေပါဘဲ ပြီးရင် ပြောဦးမယ် တိုက်ဆိုင်သွားလို့ပါ ။ မူပိုင်တွေ ရေးနေတာ ကိုယ်ဒေလို ခပ်ရူးရူးဒေဘဲ ။ ကွာလတီ မပါရင်တောင် ကိုယ်တေက သာများနေမလား ?

မူပိုင်တွေ ဖြစ်ညှစ်ထုတ်နေတော့ ကွာလတီကျလာတာတော့ သီးခံပါပေါ့။ အရူးက တစ်မူးသာပေါ့ဗျာ😁

Posted using Partiko Android

!ဖြစ်ညှစ်နေရတာပ

တစ်နေ့တစ်နေ့ ဘာရေးရမလဲ တွေးနေရတာ အမော😁

Posted using Partiko Android

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 59934.86
ETH 2666.82
USDT 1.00
SBD 2.45