ကျွန်တော့်ရဲ့ဖြစ်ပုံ

in #myanmar5 years ago

မင်္ဂလာပါဗျာ။
10349nc8qd.png
စတီးမစ်ကြီးက ဘာမှ ထူးထူးခြားခြား မရှိပေမယ့်
ဒေါင်းဗုတ်ဖြင့် အရေးဆိုနေတဲ့ အဖွဲ့အစည်းကတော့
ဆက်လက်ဆောင်ရွက်နေဆဲပါဗျို့။
အဲဒီလူတွေကတော့ အတော်ကို သံသယများတတ်တဲ့ကောင်တွေ
ထင်ပါရဲ့ဗျာ။
မက်ဘော့ဆိုတဲ့ ကောင်တစ်ကောင်လည်း မနေ့က ကျွန်တော့် အကောင့် ဆီ သုံးလေးဒေါင်းလောက် အလည်ရောက်လာခဲ့တယ်ဗျ။
ဒါနဲ့ ကျွန်တော်လည်း စတင်းကလင်နာမက်ဘော့အပီရယ်
ဒစ်စကော့ သွားပြီး မေးမြန်းခဲ့ပါတယ်။
ဒီတော့ ဂစ်တီပါတီ က စတင်းကီးတွေချိန်းဖို့ ပြောပါတယ်။
စတင်းအင်ဂျင်ထရေးကိုလည်း မသုံးဖို့ ပြောပါတယ်။

ဒါကြောင့် ကျွန်တော်လည်း စတင်းကီးအသစ် ဂျင်နရိတ်လုပ်
ပြောင်းလိုက်ပြီး ပြောင်းပြီးကြောင်း ဒစ်စကော့မှာ
ပြန်သွားပြောခဲ့ပါတယ်။
ဒီနော့လည်း ချက်ချင်းဆိုသလို မက်ဘော့ ဒေါင်းထားတာတွေ
ပြန်ဖြုတ်သွားခဲ့ပါတယ်။

ကျွန်တော့အနေဖြင့် တစ်ခု မရှင်းလင်းသေးတာတော့
ကျန်ရှိပါသေးတယ်။
၎င်းမှာ စတင်းအင်ဂျင်ထရေး မသုံးဖို့ ပြောခြင်းပါ။
စတင်းအင်ဂျင်ကို အသုံးမပြုဘဲ နေရမှာလား မသိပါ။
ထရေး ဆိုသည်ကိုလည်း ကိုယ်တိုင် ဘာမှ လုပ်မထားတော့
ဘယ်လို ဖြေရှင်းရမယ် မသိပါ။

သို့ပေသော်လည်း လောလောဆယ်တော့ ဒေါင်းထားတာတွေ
ပြန်ဖြုတ်ပေးသည့်အတွက် တော်ပါသေးသည်။

သို့သော်ငြားလည်း ကျွန်တော်မှာဖြင့် စတီးမစ်ကို
တတ်တတ်ကြွကြွ အသုံးပြုနေခြင်းအား တုန့်ဆိုင်းစေမိပါတော့
သည်။
2020 ခုနှစ်အစမှာ SP 2020 ရည်ရွယ်ချက်မှာ
ဘယ်သို့ ဆက်လုပ်ရမည် ဝေခွဲမရ ဖြစ်မိသည်တကား။
စတင်း၂၀၀ ဝန်းကျင်လောက်သည်ကား စတင်းအင်ဂျင်ထဲ
ရှိနေသည်ကို ပစ်ထားရဦးမည်လား မပြောတတ်တော့ပါဗျာ။

နောက်ရက်မှာတော့ မက်ဘော့ရဲ့ ပို့စ်အရ စတင်းအင်ဂျင်ထရေး
ကို သိလိုက်ရပါပြီ။ ၎င်းမှာ တုန်ကင်တွေ ထရိတ်လို့ရသော
စတင်းအင်ဂျင်ဒေါ့ကွမ်း မဟုတ်ဘဲ တွတ်တာမှာ ပေါ်သော
စတင်းအင်ဂျင်ဒေါ့နတ် သာ ဖြစ်ပါတယ်။
ဒီတော့လည်း ပုံမှန်ဆက်လျှောက်ရဦးမှာပေါ့ဗျာ။

မိတ်ဆွေများ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့်
ပြည့်စုံကြပါစေ။

MSC 193
@golden.future

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Special thanks for your encouragement program

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63184.34
ETH 2560.17
USDT 1.00
SBD 2.72