ခရစ်တိုငွေရှာ စတင်းမီယမ်လေး ကျွန်တော်ပါ

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ။။
ကျန်းခန့်သာလို့ မာကြပါရဲ့လားဗျ။
u5xnvp.png
ကျွန်တော်တော့ ဒီနေ့ အလုပ်လေး နည်းနည်းရှုပ်သွားလို့
ညကြမှ စာရေးနိုင်ပါတော့တယ်။ အလုပ်ရှုပ်တာ
ကောင်းပါတယ်။ ဝင်ငွေကောင်းတာပေါ့ဗျာ။
အမြဲတမ်းအလုပ်ရှုပ်နေချင်ပါတယ်ဗျ။

သို့ပေသော်ငြား အိပ်မက်တစ်ခုရှိခဲ့တဲ့ စတီးမစ်လေးကိုလည်း
ဝင်ရောက်ဆောင်ရွက်နိုင်ဖို့ အချိန်လေးတစ်ခုတော့ အနည်းအကျဉ်း
ရချင်မိပါသေးတယ်။
ဒါကြောင့်သာပဲ ရသလို ရသလောက် အချိန်လေးတွေကို
စတင်းမစ်ပေါ် ရင်းနှီးထားခဲ့လိုက်တာ ခုဆို စတင်းပါဝါ
၂၆၀၀ ကျော် စုမိဆောင်းမိခဲ့ပါပြီ။

မနှစ်က လုပ်ဆောင်ခဲ့တဲ့ စတင်းဟန့်ဆိုလည်း ၂၅၀၀၀ ကျော်
လောက် ရခဲ့တာ မြန်မာငွေ ထုတ်သုံးဖူးတယ် ရှိအောင်
ထုတ်သုံးခဲ့တာ ငွေတစ်သိန်းခွဲကျော်လောက်ပါပဲ။
စတင်းဟန့်ကို ဒေးဘစ်မှာ ဘစ်ကွိုင်ချိန်းပြီး ထုတ်ခဲ့တာပါ။
မထုတ်ဘဲ ထားခဲ့မိရင်တော့ ပိုကောင်းမှာပဲဟု ခုချိန် ဘစ်ကွိုင်
ဈေးတတ်နေတော့ အောင်းမေ့မိပါရဲ။ ထာပါတော့လေ။

ခုဆိုလည်း စတင်းဟန့်က ရီဗျူးဟန့် လွှင့်တင်ကာ
ဒေါ်လာတွေ ပေးနေပြန်ပါပြီ။ ဒီတော့လည်း ကွက်လေးတွေ
ဝင်ဖြေရင်း စုဆောင်းနေခဲ့တာ တစ်ပတ်အတွင်း ၇ ဒေါ်လာ
ကျော်တော့ ရနေပြန်ပြီဗျ။
ဒီတစ်ခါတော့ မြန်မာငွေနဲ့ ရောင်းမထုတ်ဘဲ ဘစ်ကွိုင်
သို့မဟုတ် အီးတီအိတ် လဲစုထားဦးမယ်ဗျ။ ကိုယ်လည်း
အရေးတကြီး ငွေလိုနေတာမှ မဟုတ်တာ ရင်းနှီးမြှုပ်နှံမှုပဲ
လုပ်ထားရမယ်ဗျို့။
ဒါမှ ဈေးကောင်း ကြိုက်ဈေး ရောင်းထုတ် သူဌေးလုပ်ရအောင်
ပေါ့ဗျာ။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

MSC 193
@golden.future

Sort:  

ကိုဟိန်းရေ ကျုပ်လဲသင်ပေးအုံး စတင်းဟန့်တွေ ဒီအတိုင်းပစ်ထားတာ။

ဟုတ် chat box လာမေးပါဗျ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 60607.86
ETH 2620.83
USDT 1.00
SBD 2.52