ခုထိတော့ လုပ်ပျော်နေဆဲပါ စတင်းရေ

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ
zmy5vbpao4.png
စတင်းဈေးလေးကလည်း လှုပ်လာမလိုနဲ့ ပြန်ကျသွားပါတယ်။
စတင်းဖတ် ပြီးသွားသော်လည်း သိပ်ထူးထူးခြားခြား
မရှိလှ မတွေ့ရပါဘူး။ ဒီအနေအထားမျိုးမှာ တတ်ကြွစွာ
အားထုတ်ကြိုးပမ်းရတာလည်း ခက်ခက်ခဲခဲပါပဲ။

မိမိမှာလည်း ဘဝရေးရာ အောင်မြင်ရေးစာတိုပေစ ဗဟုသုတ
ရဖွယ်လေများ ရေးတင်ဖို့ အားမထုတ်ချင်သလို မစွမ်းဆောင်
ဖြစ်ပါဘူး။ ကိုယ်က ဖြစ်ညစ် အားထုတ်သော်မှ မြန်မာလို
အရေးအသားဖြင့်တော့ ဖတ်မှတ်မယ့်သူလည်း မရှိသလောက်
ရှားနေတာမို့ ဂိမ်းနှင့်ဓာတ်ပုံ ပို့စ်လေးတွေပဲ ဖြစ်ကတတ်ဆန်း
တင်နေမိတော့တာပါပဲ။

ဂိမ်းတစ်ခုတည်း ကစားဖြစ်တာလေး လုပ်ဆောင်ချက်များ
ရေးတင်နေရတာလည်း ကြာလာတော့ အကြောင်းအရာက
ထပ်ချင်လာပြပါပြီ။ မထပ်ရလေအောင် ဖုန်းလေးဖြင့်
ရသလောက် ရှာကြံကစားရင်း ရေးဖြစ်ပါတယ်။ ကွန်ပျူတာဖြင့်
မဟုတ်လေတော့ သိပ်မပြည့်စုံသေးပါဘူး။
ဂိမ်းပို့စ် အပ်ဗုတ်လေးကလည်း တဖြည်းဖြည်း နည်းလို့
လာပါပြီ။

အီးစတင်းကလည်း နှစ်ရက်ခြား သုံးရက်ခြား သုံးဖြစ်ရင်
အပ်ဗုတ်လာတတ်တာမို့ သူ့ကိုလည်း ကြိုးကြားကြိုးကြား
သုံးပေးနေပါတယ်။

မိမိမှာ ကံကောင်းတာက အက်စ်ပီယူဒီ စတင်းပါဝါအပ်
အဖွဲ့ ထောက်ပံ့သူအချို့က အော်တိုဗုတ် ပေးနေတာ
ရနေခြင်းပါ။ ဒါနဲ့ တစ်နေ့ သုံးပို့စ်လောက် တင်ဖြစ်နေပါတယ်။

မိမိတို့ အမ်အက်စီ အဖွဲ့ ပရိုကလည်း တစ်ပတ် ခြောက်ရက်
ရနေသေးလေတော့ အများနဲ့ ယှဉ်ရင် မိမိပို့စ်လေးတွေမှာ
အက်စ်တီယူ တတ်တာ မဆိုးပါဘူး။

ခု နိုဝင်ဘာလဆို စတင်းရီဝဒ်က အက်စ်ပီ ၁၀၀ စတင်း ၁၀၀ နီးပါး
ရရှိခဲ့ပါတယ်။
ဈေးမရှိပေမယ့် ရလဒ်ကတော့ ပမာဏ ကောင်းတယ်လို့
ပြောရပါမယ်။

ကျေးဇူးအထူးတင်ပါတယ် အပ်ဗုတ်တာများ ခင်ဗျား။
ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ။

MSC 193
@golden.future

Coin Marketplace

STEEM 0.16
TRX 0.12
JST 0.026
BTC 56792.41
ETH 2444.34
BNB 487.19
SBD 2.39