Get APX and Use APPICS

in #myanmar5 years ago

Nice a day!
I want to share about APPICS and APX Token.

မင်္ဂလာပါ...
မနေ့ညက ဟိုဒီ လျှောက်ကလိရင်း မိမိရဲ့ Email မှာ
ဘာ Message များ ပို့ထားကြမလဲလို့ ဝင်ကြည့်မိခဲ့ပါတယ်။
ထိုအခါ APPICS ကနေ July 30 ရက်စွဲဖြင့်
Mail တစ်စောင် ရောက်နေတာ တွေ့ခဲ့ရပါတယ်။
ဒါနဲ့ပဲ ဘာပါလိမ့်ဟု ဖွင့်ကြည့်သောအခါ APX Token
ရယူရန် ဆောင်ရွက်ရမည့် သတင်းပါးထားတာပါ။

APPICS သည် Blockchain system ကို အခြေခံသော
Social Media တစ်ခုပါ။ လွန်ခဲ့သော 2018 ကစလို့
ထုတ်လွှင့်ခဲ့ပြီး Steemit SMTs မှာ ပါဝင်လှုပ်ရှားမယ့်
APP ပါပဲ။ သို့သော် SMTs မှာ လွှင့်တင်မည့် ကြော်ငြာထား
သည့် အချိန်ထက် များစွာနောက်ကျနေခဲ့သည်မို့
၎င်းအဖွဲ့အစည်း အနေဖြင့် စောင့်စားရင်း တစ်မျိုးတစ်မည်
ကြံစည်ကြရသည် ထင်ပါသည်။

လွန်ခဲ့သော လက Bounty Program ထပ်လုပ်ကာ
APX Token Stake လုပ်ရန် ပေးလာခဲ့ပါသည်။
APPICS ၏ Token သင်္ကေတမှာ ယခင်က XAP ဟု
သတ်မှတ်ခဲ့သော်လည်း အခြားအဖွဲ့က မှတ်ပုံတင်သွားသောကြောင့်
APX ဟု ပြောင်းလဲ သတ်မှတ်ပေးခဲ့တာပါ။

ယခုအခါ ၎င်း APX token ကို Steem-engine မှာလည်း
Trade လို့ရအောင် လုပ်ဆောင်နေပါသည်။
သို့ဖြစ်သောကြောင့် APX token ရယူရန်
https://token.appics.com သို့ ဝင်ရောက်၍
မိမိ၏ Steem account name ကို ထပ်မံ
Register Confirm လုပ်ပေးရပါမည်။

၎င်း၌ မိမိ၏ steemit account name အား @ မပါဘဲ
ရေးထည့်ပေးရမည်။ ထို့နောက် အမည်ဘေးက အဖြူကွက်လေးကို
နှိပ်ပြီး ပေါ်လာသော Reset ကို နှိပ်ပေးရပါမည်။
Screenshot_2019_0814_094557.png
Image Source

ထို့နောက် မိမိ Email inbox သို့ ပြန်သွား၍ ပို့လာသောmail
မှ reset address ကို နှိပ်လိုက်ပါ။
ပေါ်လာသော အဖြူကွက်ထဲတွင် steemit account name (@ မပါဘဲ) ရေးထည့်ကာ မြားလေးကို နှိပ်ပေးပါ။
Screenshot_2019_0814_095013.png
Image Source

ထို့နောက် submit the address ကို နှိပ်လိုက်ပါ။
ထိုအခါ ပြုလုပ်ပြီးစီးကြောင်း ဖော်ပြပါလိမ့်မည်။
ဤတွင် မိမိတို့ လုပ်စရာ ပြီးပါပြီ။

APPICS သည် EOS and STEEM Blockchain နှစ်ခုပေါ်တွင် အခြေခံထားပါသည်။
ယခုအခါ Steem-engine တွင်လည်း List လုပ်ထားပြီ
ဖြစ်သောကြောင့် အထက်ပါအတိုင်း ဆောင်ရွက်ထားပြီး
နောက် တစ်ပတ်ကျော်လောက်တွင် မိမိ၏ Steemit account
သို့ APX token များ ရောက်ရှိနေနိုင်ပါသည်။
၎င်းAPX များကို Stake ထားမှသာလျှင် APPICS မှ
ပို့စ်တင်ပါလျှင် Reward များ ရရှိပါလိမ့်မည်။

သို့ဖြစ်ပါ၍ APX Bounty Program အား
ဆောင်ရွက်ထားရန် လိုပါမည်။ ၎င်း Program ကို ပါဝင်ဆောင်
ရွက်နည်းကို အောက်ပါAPPICS Bounty Program ၌ ဝင်ရောက်
လေ့လာနိုင်ပါသည်။

မိတ်ဆွေများ APX token များ များစွာ ရနိုင်ကြပါစေ...

MSC 193
@golden.future

Sort:  

လုပ်ပြီလေ

လုပ်တော့ ရမှာပေါ့ဗျာ

Posted using Partiko Android

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64440.63
ETH 2653.79
USDT 1.00
SBD 2.80