ဒိုင္ယာရီ ေရးရမလား (My Diary)

in #myanmar5 years ago

မဂၤလာပါ.....
Screenshot_2019_0918_141404.png
စတီးမစ္ပလက္ေဖာင္းေပၚတြင္ ပို႔စ္တင္ေနျခင္း၌ စာေရးသားျခင္းကို
မိမိ၏ ဒိုင္ယာရီ အျဖစ္ ေရးတင္ရန္ စိတ္ကူးရမိသည္။
ဒိုင္ယာရီကို ရသေျမာက္ေအာင္ ဖြဲ႔ႏြဲ႔ေရးလွ်င္ကား
ဖတ္လို႔ ေကာင္းႏိုင္မည္။ ထိုသို႔ မဟုတ္မူဘဲ ေန႔စဥ္ လုပ္ေဆာင္ခ်က္
မ်ားသာ ေရးတင္ပါလွ်င္ မထူးျခားနား ပ်င္းဖြယ္ ျဖစ္လိမ့္မည္။

မိမိ၏ ေန႔စဥ္ ေဆာင္ရြက္ခ်က္မ်ားသည္ကား မထူးျခားနားလွပါ။
နံနက္ ၄နာရီခြဲ ႏိႈးစက္ျမည္လာလွ်င္ အိပ္ရာမွ ႏိုးထသည္။
မ်က္ႏွာသစ္ကာ ဘုရားဝတ္ျပဳ၊ တရားထိုင္ျခင္းႏွင့္ စိတ္ပိုင္းဆိုင္ရာ
ေလ့က်င့္ခန္းအျဖစ္ စိတ္ေရာကိုယ္ပါ ေျဖေလ်ာ့ကာ ညႊန္းခ်က္ေပးျခင္းတို႔ကို တစ္နာရီမွ် ေဆာင္ရြက္သည္။
ထို႔ေနာက္ မုန္႔တစ္ခုခု စားသည္။ လက္ဖက္ရည္ သို႔မဟုတ္
ေကာ္ဖီ ေသာက္သည္။
ေဆးခန္းႏွင့္ေဆးဆိုင္ေလး ဖြင့္ထားသည္ျဖစ္၍
လူနာလာလွ်င္ ေဆးကုသမႈေပးသည္။ ေဆးဝယ္လာလွ်င္လည္း
ေရာင္းသည္။ လူနာၾကည့္ရန္ အိမ္ပင့္ေခၚလွ်င္ သြားသည္။
ေန႔ခင္း ၁၂ နာရီ ေက်ာ္ေလာက္၌ ေန႔လည္စာ ထမင္းစားသည္။
ထမင္းက တစ္ေန႔မွ ေန႔လည္စာ တစ္နပ္သာ စားသည္။
ညေန အဆာေျပ မုန္႔အနည္းငယ္သာ စားသည္။
ႏွစ္ရက္ျခား သံုးရက္ျခား ဇနီး ေနထိုင္ရာ စစ္ကိုင္းၿမိဳ႕သို႔
သြားေလ့႐ွိသည္။ ထိုအခါ ညစာ အျဖစ္ အရြက္အပြင့္အသုတ္
စားသည္။ စစ္ကိုင္းေရာက္လွ်င္ မိတ္ေဆြ ဦးစိုး ထံ ဝင္၍
လက္ဖက္ရည္ ေသာက္ေလ့ ႐ွိသည္။
လိုအပ္ေသာ ေဆးပစၥည္းမ်ား ဝယ္သည္။
အားလပ္သည့္ အခ်ိန္အမ်ားစုတြင္ စတီးမစ္ အသံုးျပဳမႈ
မ်ားသည္။ ပို႔စ္တင္ရန္ စာေရးေလ့ ႐ွိေနတတ္သည္။ ေဖ့ဘုပ္
အနည္းငယ္ သံုးသည္။
ညေနခင္း အားလပ္ရင္ လမ္းေလွ်ာက္သည္။
ည ၉နာရီေက်ာ္ ဝန္းက်င္၌ ဘုရားဝတ္ျပဳ ၊ တရားထိုင္ျခင္းႏွင့္
စိတ္ေရာကိုယ္ပါ ေျဖေလ်ာ့ကာ ညႊန္းခ်က္ေပးျခင္းတို႔ ျပဳလုပ္ၿပီး
အိပ္ရာဝင္သည္။
ဤသို႔ျဖင့္ မိမိ၏ တစ္ေန႔တာ တစ္ပတ္တာ တစ္လတာ
ဒိုင္ယာရီမွာ ထူးမျခားနား ႐ွိေပသည္။ ဤသည္ကို ေန႔စဥ္
ေရးတင္ေန၍ကား မျဖစ္ေပ။
မိမိ ေဆာင္ရြက္သမွ်၌ ခံစားရသမွ် ဖီလင္ကို ေရးတင္လွ်င္ကား
အမ်ိဳးမ်ိဳးအေထြေထြ ႐ွိႏိုင္သည္။
ယေန႔ေတာ့ ဤမွ်ေလာက္သာ...

မိတ္ေဆြအားလံုးျပံဳးေပ်ာ္ႏိုင္ၾကပါေစ...

MSC 193
@golden.future

Zawgyi code

မင်္ဂလာပါ.....

စတီးမစ်ပလက်ဖောင်းပေါ်တွင် ပို့စ်တင်နေခြင်း၌ စာရေးသားခြင်းကို
မိမိ၏ ဒိုင်ယာရီ အဖြစ် ရေးတင်ရန် စိတ်ကူးရမိသည်။
ဒိုင်ယာရီကို ရသမြောက်အောင် ဖွဲ့နွဲ့ရေးလျှင်ကား
ဖတ်လို့ ကောင်းနိုင်မည်။ ထိုသို့ မဟုတ်မူဘဲ နေ့စဉ် လုပ်ဆောင်ချက်
များသာ ရေးတင်ပါလျှင် မထူးခြားနား ပျင်းဖွယ် ဖြစ်လိမ့်မည်။

မိမိ၏ နေ့စဉ် ဆောင်ရွက်ချက်များသည်ကား မထူးခြားနားလှပါ။
နံနက် ၄နာရီခွဲ နှိုးစက်မြည်လာလျှင် အိပ်ရာမှ နိုးထသည်။
မျက်နှာသစ်ကာ ဘုရားဝတ်ပြု၊ တရားထိုင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ
လေ့ကျင့်ခန်းအဖြစ် စိတ်ရောကိုယ်ပါ ဖြေလျော့ကာ ညွှန်းချက်ပေးခြင်းတို့ကို တစ်နာရီမျှ ဆောင်ရွက်သည်။
ထို့နောက် မုန့်တစ်ခုခု စားသည်။ လက်ဖက်ရည် သို့မဟုတ်
ကော်ဖီ သောက်သည်။
ဆေးခန်းနှင့်ဆေးဆိုင်လေး ဖွင့်ထားသည်ဖြစ်၍
လူနာလာလျှင် ဆေးကုသမှုပေးသည်။ ဆေးဝယ်လာလျှင်လည်း
ရောင်းသည်။ လူနာကြည့်ရန် အိမ်ပင့်ခေါ်လျှင် သွားသည်။
နေ့ခင်း ၁၂ နာရီ ကျော်လောက်၌ နေ့လည်စာ ထမင်းစားသည်။
ထမင်းက တစ်နေ့မှ နေ့လည်စာ တစ်နပ်သာ စားသည်။
ညနေ အဆာပြေ မုန့်အနည်းငယ်သာ စားသည်။
နှစ်ရက်ခြား သုံးရက်ခြား ဇနီး နေထိုင်ရာ စစ်ကိုင်းမြို့သို့
သွားလေ့ရှိသည်။ ထိုအခါ ညစာ အဖြစ် အရွက်အပွင့်အသုတ်
စားသည်။ စစ်ကိုင်းရောက်လျှင် မိတ်ဆွေ ဦးစိုး ထံ ဝင်၍
လက်ဖက်ရည် သောက်လေ့ ရှိသည်။
လိုအပ်သော ဆေးပစ္စည်းများ ဝယ်သည်။
အားလပ်သည့် အချိန်အများစုတွင် စတီးမစ် အသုံးပြုမှု
များသည်။ ပို့စ်တင်ရန် စာရေးလေ့ ရှိနေတတ်သည်။ ဖေ့ဘုပ်
အနည်းငယ် သုံးသည်။
ညနေခင်း အားလပ်ရင် လမ်းလျှောက်သည်။
ည ၉နာရီကျော် ဝန်းကျင်၌ ဘုရားဝတ်ပြု ၊ တရားထိုင်ခြင်းနှင့်
စိတ်ရောကိုယ်ပါ ဖြေလျော့ကာ ညွှန်းချက်ပေးခြင်းတို့ ပြုလုပ်ပြီး
အိပ်ရာဝင်သည်။
ဤသို့ဖြင့် မိမိ၏ တစ်နေ့တာ တစ်ပတ်တာ တစ်လတာ
ဒိုင်ယာရီမှာ ထူးမခြားနား ရှိပေသည်။ ဤသည်ကို နေ့စဉ်
ရေးတင်နေ၍ကား မဖြစ်ပေ။
မိမိ ဆောင်ရွက်သမျှ၌ ခံစားရသမျှ ဖီလင်ကို ရေးတင်လျှင်ကား
အမျိုးမျိုးအထွေထွေ ရှိနိုင်သည်။
ယနေ့တော့ ဤမျှလောက်သာ...

မိတ်ဆွေအားလုံးပြုံးပျော်နိုင်ကြပါစေ...

MSC 193
@golden.future

Unicode

Sort:  

Congratulations @golden.future! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You got more than 500 replies. Your next target is to reach 600 replies.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

You can upvote this notification to help all Steem users. Learn how here!

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63103.76
ETH 2556.80
USDT 1.00
SBD 2.82