About Me & The Beauty Of Sunset

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ။
တစ်နေ့တစ်နေ့ ဓာတ်ပုံတွေရိုက် စာတွေရေး ပို့စ်တင်နေရတာ
မောတယ် မရှိပါဘူး။
2019 ကတော့ ခရီးတွေ ရှည်ရှည် မထွက်ဖြစ်ဘဲ ကုန်ဆုံး
ခဲ့ရပါတယ်။
2020 တော့ ထွက်ဖြစ်လိမ့်မယ် ထင်ပါတယ်။
လောလောဆယ်တော့ ‌ဆေးခန်းဖွင့်ထားရာ တံတားဦး
မြင်းသည်ရွာမှနေ အိမ်သူသက်ထား ရှိရာ စစ်ကိုင်းမြို့သို့
နှစ်ရက်ခြား တစ်ခေါက်လောက် သွားဖြစ်နေခဲ့ပါတယ်။
5uyalq.jpg
သွားတိုင်းသွားတိုင်းလည်း ညနေခင်း အခါသမယဆိုတော့ကာ
နေဝင်ချိန် နေလုံးကြီးကို လည်ကြည့်လည်ကြည့် ခဏခဏ
ကြည့်ဖြစ်ခဲ့ပါတယ်။
နေ မင်း ကြီး ဟာ ထွက်လာပြီး အမြင့်ရောက်သွားလိုက်
နိမ့်ဆင်းပြီး ဝင်သွားလိုက် နဲ့ မမြဲသော သင်္ခါရတရားကို
ပြသနေပေမယ့် သံဝေဂတရားကိုတော့ မှတ်မှတ်သားသား
မနာယူဖြစ်သေးသလို၊
နေလုံးနီနီ ညနေစောင်း ချစ်သူလာဖို့ အချိန်အခါကောင်း ဟု
အိမ်သူမယားက တေးဆိုလို့ မျှော်နေမှာကိုလည်း
စိတ်ကူးနဲ့ ကြည်နူးနေတာမျိုး မဟုတ်ပါဘူးလေ။
f103v0.jpg
ခဏခဏ နေဝင်ချိန်အလှကို အမိအရ ဖမ်းယူ ဓာတ်ပုံ
ရိုက်ပြီး စတီးမစ်မှာ ပို့စ်တင်ရဖို့သာ စိတ်အတွေးတို့
ထင်ဟပ်နေတတ်တာပါပဲ။
စတင်းလောဘ တတ်လေသလားဟု မဆိုသာချင်ပါဘူး။
နေ့ညမပြတ် ရက်ဆက်အစဉ်လာ နှစ်နှစ်ကျော်ကြာခဲ့ပြီမို့
စတင်းသံယောဇဉ် အစွဲအလန်းကြောင့်သာဟုပဲ
ပြောချင်ပါတော့တယ်။

ကဲ ခုဆို စတင်းဈေးလေး တလှုပ်လှုပ် တတ်လာပြီမို့
ပိုလို့စွဲလန်းငမ်းငမ်းတတ်ရပြီပေါ့ကွယ်။
လှလိုက်ပါပေ့ နေမင်းကြီးရယ်။။။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

MSC 193
@golden.future

Sort:  

ဟ အိမ်သူသက်ထားဆီပြန်တာလည် ပိုစ့်တစ်ခုရတာပါပဲလေ

ဒါပဲပေါ့ဗျာ
နေ့စဉ်တင်နေရတာဆိုတော့ လုပ်တတ်ရတာပေါ့

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Special thanks

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63657.90
ETH 2656.15
USDT 1.00
SBD 2.84