တစ်သက်မှာတစ်ခါကြုံ ၊ တက္ကသိုလ်ကျောင်းသားဘဝ အဖုံဖုံ (အပိုင်း ၉)

in #myanmar7 years ago

အပိုင်း (၉)

image

ကျွန်တော်တို့တုန်းက အခုလိုမျိုး GTC က စာသင်နှစ်တွေလိုမျိုးမဟုတ်ဘူး။ A.G.T.I ကို ၂ နှစ် ၊ B.Tech ကို ၂ နှစ် ၊ B.E ကို ၁ နှစ် လေ။ A.G.T.I အတွက်က Diploma ပဲပေးတာ၊ B.tech နဲ့ B.E မှ ဘွဲ့ပေးတာဆိုတော့ A.G.T.I နဲ့ကျောင်းပြီးတဲ့သူတွေဟာ ဘွဲ့တစ်ခုရဖို့အတွက် ရိုးရိုးတက္ကသိုလ်မှာ အဝေးသင် ပြန်တက်ခွင့်ရှိတယ်။ ဒါကြောင့် ကျွန်တော် A.G.T.I နဲ့ပြီးတော့ ပဲခူးတက္ကသိုလ်မှာ ပြန်တက်ခွင့်ရတယ်။ မေဂျာကတော့ Physics ပေါ့ ။ ကြိုက်တဲ့လိုင်းကိုတက်လို့ရပေမည့် အများဆုံးက Physics ပဲယူကြတယ်။ နောက်တစ်ခုက အဲ့ဒီလို A.G.T.I Diploma လက်မှတ်ရတဲ့သူတွေဟာ B.Sc ပြန်တက်ရင် ဒုတိယနှစ်ကနေ တက်ခွင့်ရတယ်။ ကျွန်တော်တို့တုန်းကတော့ B.Sc ဟာ သုံးနှစ်တက်ရတယ်။ အဲ့ဒီလိုနဲ့ ပဲခူးတက္ကသိုလ်မှာ Physics Major တက်ပါလေရော။ အိမ်ကတော့ အရင်လိုမဟုတ်ဘူး။ သိပ်ပြီးအလိုမလိုက်တော့ဘူး။ အဲ့ဒီတော့ ကျောင်းမတက်ရတဲ့နေတွေမှာ အိမ်က အထည်ဆိုင်မှာ ဆိုင်ဝိုင်းထွက်ရတယ်။ စနေ၊ တနင်္ဂ​နွေ မှာ အဝေးသင်တက်ပေါ့။ အဲ့လိုနဲ့နေရတာပေါ့။ ဒီလိုနဲ့ Second year physics ဖြေဖို့ သိပ်မကြာတော့ဘူးဗျ။ အဲ့ဒီအချိန်မှာပဲ ကျွန်တော့်ဘဝရဲ့ တစ်ဆစ်ချိုးအပြောင်းအလဲဖြစ်ရပ်တစ်ခုဖြစ်လာပါရော။ ကံကောင်းတယ်လို့ဆိုရမလားပဲ။ ဘာလဲဆိုတော့ B.Tech နဲ့ B.E ကျောင်းဆက်တက်ချင်တဲ့သူတွေအတွက် Entrance ဖြေခွင့်ကို သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာန ကခွင့်ပြုလိုက်တယ်ဆိုတဲ့သီတင်းပဲ။ အဲ့ဒီ သီတင်းကြားကြားချင်းတော်တော်ပျော်သွားတယ်။ အိမ်ကိုလည်းပြောတော့ အိမ်က အဆင်သင်လုပ်ထားတော့တဲ့။ ဒါနဲ့ ကျွန်တော်တို့သူငယ်ချင်းတွေတောင်ငူကို ပြန်သွား။ ဆရာတွေ ကိုမေးရတာပေါ့ ။ ဘယ်လိုမေးတာလဲ။

image

ဘယ်လိုမျိုးတွေမေးမှာလဲ ဆိုပြီးတော့ မေးရတာပေါ့။ ပြီးတော့ စာကြည့်တိုက်ထဲမှာ ဟိုးအရင်က Entrance မေးခွန်းဟောင်းတွေကိုပြန်လေ့လာ နဲ့ အလုပ်ကိုရှုပ်နေတာပဲ။ အော် ပြောရဦးမယ်။ ကျွန်တော်တို့ B.Tech မပါလို့ ပဲခူးမှာ အဝေးသင်ပြန်တက်နေတဲ့အချိန်မှာ ကျောင်းမှာ သင်ရိုးညွှန်းတွေပါပြောင်းကုန်တယ်ဗျ။ စာမေးပွဲဆိုလည်း ကျွန်တော်တို့တုန်းကလို အကုန်မဖြေရတော့ဘူး။ First Semester ၊ Second Semester ဆိုပြီး ဖြေရတော့တာ။ အဲ့တော့ ကျောင်းသားတွေသက်သာတာပေါ့ ။ အဲ့ဒီလို အဝေးသင်တက်နေတုန်း GTC တွေ ပထမနှစ်ဝက် (First Semester) အပြီးမှာ ကျွန်တော်တို့ တောင်ငူGTC ဟာ ကန်ရိုးရွာကနေ ကေတုမတီမြို့သစ်ကို ပြောင်းသွားရတယ်။

image

ကျွန်တော်တို့တက်ခဲ့တဲ့ကန်ရိုးကကျောင်းဟောင်း ကို Computer တက္ကသိုလ်က ပြောင်းလာတယ်။ သဘောကတော့ Computer နဲ့ GTC ကျောင်း ချိန်းလိုက်တဲ့သဘော။ မြို့သစ်မှာ ကျောင်းသစ်ကလည်းဆောက်ပြီး သွားပြီဆိုတော့ ပြောင်းရတာလေ။ ထားတော့ ။ အဲ့ဒီတော့ မြို့သစ်ရောက်ခါစမှာ GTC ကျောင်းသားတွေဟာ အရမ်းဒုက္ခရောက်ရတယ် ။ အဆောင်ရှားပါးမှု၊ သွားရေးလာရေးခက်ခဲမှု တွေနဲ့ကြုံရတယ်။ ကျွန်တော်တို့ Entrance ဖြေဖို့ ကျောင်းသစ်ကိုသွားရတာပေါ့။ အဲ့ဒီမှာ ဘာဖြစ်လဲဆိုတော့ အထူးသဖြင့် လမ်းတွေ ။ လမ်းတွေ က မကောင်းသေးဘူး။ တစ်ချို့နေရာဆို လမ်းတောင်မရှိဘူး။ လယ်ကန်သင်းရိုးပေါ်ကသွားရတာ။ ပြီးတော့ Entrance ဖြေတဲ့အချိန်က မိုးတွင်းကြီးဆိုတော့ ထမင်းသွားစားရင် ဖိနပ်ကို ခါးကြားထိုး ကန်သင်းရိုးပေါ်ကလျှောက် ၊ သွားမရရင် ခြေသလုံးလောက်မြုပ်တဲ့ ဗွက်တွေထဲကသွားရတာ။ အော် Entrance ဖြေတဲ့အကြောင်းနည်းနည်းပြောပြမယ်ဗျာ။ Entrance ဖြေတဲ့အခါ သချာင်္ ဘာသာကိုမဖြေရဘူး။ English က ၁၀၀ ဖိုး ၃ နာရီမေးခွန်း ၊ နောက် ကျန်တဲ့ Major ဘာသာပေါင်း က ၁၀၀ ဖိုး ၃ နာရီမေးခွန်း။ အဲ့လိုဖြေရတာ ။ အတွေ့အကြုံမရှိတော့ English က ထားတော့ ၊ တစ်ဘာသာတည်း။ Trade လို့ခေါ်တဲ့ Major ဘာသာ အားလုံးပေါင်းထားတဲ့ဟာ ကျတော့ ဘာကိုဦးစားပေးကြည့်ရမလဲ မသိဘူး။ Major အားလုံးပေါင်းမှ ၁၀၀ ဖိုးဆိုတော့ ကျွန်တော် သိပ်တော့မမှတ်မိတော့ဘူး၊ စုစုပေါင်း ၇ ဘာသာလား မသိဘူး။ နည်းတာမှမဟုတ်တာ ။

image

အဲ့ဒါတွေကိုကြည့်ရတာ။ အော် နောက်တစ်ခုက English ဘာသာ၊ အဲ့ဒီနှစ်ကစပြီး English မှာ IELTS ကို စဖြေရတာ။ ကိုယ်တွေကလည်း IELTS ကို အဲ့ဒီတုန်းက ဘာမှန်းမသိဘူး။ ရွာလည်နေတာများ မပြောချင်ဘူး။ နောက်ဆုံး ကျွန်တော့်တို့ ဌာနမှူးက အကုန်လျှောက်ကြည့်မနေနဲ့တဲ့ ရူးသွားလိမ့်မယ်တဲ့။ အဓိက Major ဘာသာပဲကြည့်လို့ပြောပြီး CE (Contral Engineering) နဲ့ PLC ( Programmable Logic Controller) ဆိုတဲ့ အဲ့ဒီ နှစ်ဘာသာပဲကြည့်ခိုင်းတယ်။ ကျွန်တော်ကလည်း အဲ့ဒီနှစ်ဘာသာကို ကျောင်းကတည်းကစိတ်ဝင်စားလို့၊ သဘောကျလို့ ရပြီးသား ဆိုတော့ထွေထွေထူးထူး သိပ်ကျက်စရာမလိုဘူးပေါ့။ အော် နောင်တစ်ခုက ကျွန်တော်တို့ Entrance စာမေးပွဲဖြေတော့ မနက်ပိုင်း ၉ နာရီကနေ ၁၂ နာရီအထိက English ဖြေရတယ်။ ပြီးတော့ကြားထဲမှာ ထမင်းစားချိန် တစ်နာရီပဲပေးပြီး နေ့လည် ၁ နာရီ ကနေ ညနေ ၄ နာရီ အထိက Trade လို့ခေါ်တဲ့ ဘာသာပေါင်းစုံ မေးထားတဲ့မေးခွန်းကို ဖြေရတယ်။ ဆိုလိုတာက တစ်နေ့ထဲမှာ ၂ ဘာသာ အပြီးဖြေရတယ်။ အဲ့ဒီလို စာမေးပွဲလည်းဖြေပြီးရော နှစ်ရက်လောက် နေတော့ ပဲခူးကိုပြန်လာရတာပေါ့ ။ အဝေးသင်တက်နေတဲ့ Physics ကလည်းဖြေရတော့မှာ တစ်လကျော်ကျော်ပဲကျန်တော့တာကိုး။ အဲ့ဒီလို နေရင်းနဲ့ Physics ဖြေဖို့ ၃ ပတ်လောက်အလိုမှာ Entrance စာမေးပွဲ အောင်စာရင်းထွက်ပါလေရော။ ဖြေဆိုသူ စုစုပေါင်း ၂၄ ယောက်မှာ ၂၂ယောက်အောင်တယ်ဗျ။ ကျွန်တော်က Roll 3 နဲ့အောင်တယ်။ အဲ့ဒီနေ့က လုံးဝအပျော်ဆုံးနေ့ပဲ။ လာမည့်နှစ်ကို GTI ပြန်တက်ရမှာကိုး။ အဲ့ဒါနဲ့ အမေ့ကို ပြောတယ်။ သား Physics ကိုမဖြေတော့ဘူး ၊ အလုပ်ရှုပ်တယ် ၊ ဟိုမှာပြန်တက်ရတော့မယ်၊ အဲ့ဒီတော့မဖြေတော့ဘူးပြောတော့ အမေ က ဟိုမှာ ပြန်တက်တာက တက်ရတာပဲ အဝေးသင်လည်းဖြေရမယ်၊ Physics ကို ကျလို့ကတော့ အိမ်ပေါ်က ခေါင်းနဲ့ဆင်းရမယ် ဆိုတာနဲ့ သွားဖြေရပါရော။
အမှန်တိုင်းဝန်ခံရရင် ကျွန်တော် အဝေးသင်က စာကိုမကျက်တော့တာ ။ ကျလဲဘာဖြစ်လဲပေါ့။ တစ်ကယ်တန်းလည်းဖြေရော အဝေးသင် Physics ကို အောင်တယ်ဗျာ။ ဘယ်လိုအောင်လည်းတော့မသိဘူး။ နောက်တော့ အဝေးသင်ကို နားထားမယ် ဆိုပြီး ကျောင်းသားရေးရာ ကိုသွားမေးပြီး GTC ပြီးမှ ပြန်တက်လို့ရလားလို့မေးတော့ ရတယ်တဲ့ ဒါပေမည့် ဘွဲ့တော့မပေးဘူးတဲ့ ။ ဟ ဘာဖြစ်လို့လဲဆိုတော့ GTC က သက်မွေးပညာရပ် ဖြစ်တဲ့အတွက် အဲ့ဒီက ဘွဲ့ရပြီးရင် ဒီဘက်ကဘွဲ့ကိုမပေးဘူးတဲ့၊ အဝေးသင်ဘွဲ့ယူပြီးမှ GTC ကဘွဲ့ယူရင် ရတယ် တဲ့။ အဲ့ဒါနဲ့ ကျွန်တော်လည်း အိမ်ကိုပြောပြီး မတက်တော့ဘူး ဆိုပြီး နေရော။ နောက်ပိုင်းတော့ ကျောင်းပြန်တက်ဖို့အတွက် ပြင်ဆင်ရင်း B.Tech First Year တက်ဖို့အချိန်ရောက်လာပါရော။
....
....
photo credit by Google and facebook
....
....
အပိုင်း( ၁၀ )
ဆက်လက်ဖတ်ရှုပေးကြပါကုန်...
.....
.....MSC No-238
@generalpyone

Sort:  

ကျောင်းသားဘဝအမှတ်တရလေးတွေဆိုတာ ဘယ်တော့မှမေ့မသွားနိုင်မယ့်အကြောင်းအရာလေးတွေပါ

ဟုတ်ကဲ့

ဖတ်လို့ကောင်း good ပါတယ် မောင်လေးရေ..😁

မျှော်​​နေပါတယ်​..

စောင့်မျှော်နေလျှက်ပါ

ရေးတာထက် Tagတွဲ ထားတာ ပိုကြိုက်တယ် ခိခိ

ဆက်​ဖတ်​ပါ့မယ်​....​ကျောင်းသားဘ၀အ​တွေ့အကြုံများးကို....

ဟုတ်ကဲ့

ကံရိုးရွာကနေပြောင်းသွားတော့ မရောက်ဖူးတော့ပါဘူးဗျာ။

ကံရိုးကပျော်ဖို့ကောင်းတယ်

နောက်အပိုင်းတွေလည်း အားပေးဖို့ စောင့်မျော်နေပါတယ်လို့

ဆက်​လက်​​မျှော​နေအုံ့းမယ်​ဗျာ

ခိခိ😂😂😂

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62025.78
ETH 2417.09
USDT 1.00
SBD 2.49