တစ်သက်မှာတစ်ခါကြုံ ၊ တက္ကသိုလ်ကျောင်းသားဘဝ အဖုံဖုံ (အပိုင်း ၈)

in #myanmar7 years ago

image

တက္ကသိုလ် ဒုတိယနှစ်ရောက်တော့ ကျွန်တော်ဟာ ကျောင်းစာကို ပိုလုပ်ရတော့မယ် ဆိုတာ သိလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒုတိယနှစ် ကအရေးအကြီးဆုံး ပဲလေ ။ ဒုတိယနှစ်မှာ အောင်ယုံတင် မရပါဘူး။ Qualified ပါ ပါမှ B.Tech ကိုတက်ရောက်ခွင့်ရမှာကိုး။ သို့ပေမည့် စာကို သိပ်မလုပ်ဖြစ်ပါဘူး။ ကျောင်းရောက်တာနဲ့ Canteen ထိုင်တယ် ။ ညနေပြန်ရောက်ရင် ဘောလုံးကန် ခြင်းခတ် ပြီးရင် ရေချိုး ထမင်းစား TV ဂိမ်းလည်း နှိပ်တယ်။ ကျွန်တော်တို့တုန်းက P2 ဂိမ်းပဲရှိတော့ အဲ့ဒါပဲ ကစားရတာ။ပြီးရင် လက်ဘက်ရည်ဆိုင်ထိုင် ။ အဲ့ဒါတစ်နေ့တာအလုပ်။ ကျောင်းမှာလည်း တခြားမေဂျာနဲ့ ချိန်းပြီးဘောလုံးကန်ရတာလည်းအမော။ အဲ့ဒါတစ်နေတာ အလုပ်ပဲ။ စိတ်ပါတဲ့အချိန်မှ စာလုပ်တာ။ အဲ့ဒီလိုအချိန်ဖြုန်းကောင်းလို့ ပထမနှစ်ဝက်စာမေးပွဲမှာ ၃ ဘာသာ ထပ်ကျတယ်။ နောက်ပိုင်းတော့စာကို အချိန်ဇယားနဲ့ဆွဲပီး စာပြန်လုပ်ရတာပေါ့။ မလုပ်လို့မဖြစ်ဘူးလေ B.Tech မပါရင် အိမ်က သတ်မှာကိုး။အဲ့လိုအဆောင်နေတဲ့အချိန်မှာ ကျွန်တော် တွဲနေတဲ့အစ်ကိုကြီးတစ်ယောက်ရှိတယ်။ သူကစာအရမ်းတော်တယ် ။ မေဂျာ မတူပေမယ့် ဘယ်ဘာသာမဆိုသူသိတယ်။ ဒီတော့ နားမလည်တဲ့စာဆိုရင် သူ့ကိုမေးရတယ်။ ကြာလာတော့ သူက ညဆိုရင် ကျူရှင် သဘောမျိုးသင်ပေးတယ်။ ဒုတိယနှစ်မှာ ကျွန်တော် ကျူရှင် တက်တယ်ဗျ။ သခ်ာၤဘာသာကို တက္တာ။ နောက်တစ်ခုက ဒုတိယနှစ်လောက်ကစပြီး ကျွန်တော်တို့ GTC က သူတွေဟာ Scientific Calculator ကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် နှိပ်တက်မှတော်ကာကျတယ်ဗျ။ ဘာလို့လဲဆိုတော့ တစ်ချို့ တွက်စာဘာသာက A4 သုံးမျက်နှာ လေးမျက်နှာစာလောက်ကို တွက်ရတာ။ စာမေးပွဲမှာ ၁၀၀ ဖိုး ၅ ပုဒ် ပဲမေးတာကို ပြီးအောင်မတွက်နိုင်ကြဘူး။ ပြီးတော့ သချာင်္ဘာသာကို ဘာလို့ကျူရှင် တက်ရလဲဆိုတော့ Differentiates နဲ့ Integrate ကိုနားမလည်လို့။ ဒီလိုနဲ့ နေလာရင်း နောက်ဆုံးစာမေးပွဲအတွက် ဇြေို့ အချိန်ဇယားထွက်လာပါရော။ အဲ့ကျတော့ စာမှစာပဲ။ ထမင်းစားလည်း ခပ်သွက်သွက် ဘာလုပ်လုပ် ခပ်သွက်သွက်ပဲ ပြီးတာနဲ့ စာကြည့်စားပွဲမှာ စာလုပ်။ အဲ့လိုနဲ့ စာမေးပွဲဖြေဖို့ နှစ်ရက်အလိုညမှာ ကျွန်တော်တို့ရဲ့ စာမေးပွဲကြီးကို တစ်လနောက်ဆုတ်မည့် ကိစ္စတစ်ခုပေါ်လာပါရော။

image

၂၀၀၈ ရွှေဝါရောင်သံဃာ့အရေးအခင်း ပေါ့။
မှတ်မှတ်ရရ ကျွန်တော်က English ဘာသာကို လုပ်နေတဲ့အချိန် ၊ ကျွန်တော့်အထင် ည ၈ နာရီလောက် ကျောင်းရှေ့မှာ ကျောင်းသားတွေ စုရုံးစုရုံးနဲ့ အများကြီးပဲ၊ တစ်ချို့ကလည်း သတင်းသဲ့သဲ့ကြားထားပြီးသွားပြီ။ သေချာတော့မသိကြဘူး။ ကျွန်တော်ကလည်းဘာလဲပေါ့ဆိုပြီးထွက်ကြည့်မယ်လုပ်တော့ အဆောင်မှူးကပေးမထွက်ဘူး။ နောက်ဖြစ်ကြောင်းသိလည်းသိရော သန်လျင် GTC မှာတက်နေတဲ့သူငယ်ချင်းကိုဖုန်းဆက်တော့ သူတို့ဆီမှာ ဝန်ကြီးဌာန က စာဝင်လာတယ် ၊ စာမေးပွဲတွေ တစ်လ နောက်ဆုတ်တယ် ဆိုတဲ့အကြောင်းကိုပြောရော။ အဲ့သတင်းကြားကြားချင်းတော်တော်ပျော်သွားတယ်။ အရေးအခင်းဖြစ်လို့ပျော်တာမဟုတ်ဘူး။ စာမေးပွဲတွေနောက်ဆုတ်လို့ပျော်တာ၊ အဲ့ဒီလိုနဲ့ ကျွန်တော်တို့အဆောင်က BE က အကိုကြီးတွေက ကျောင်းက ဆရာမတွေဆီကို သွားမေးတော့မှ သေချာပြီ စာမေးပွဲနောက်ဆုတ်တာ ဒါပေမယ့် မနက်ဖြန် ၉ နာရီကျမှ တရားဝင် စာကပ်ပါ့မယ် ဆိုပြီးပြောလိုက်တယ်။ ကျွန်တော်လည်း စာကိုဆက်မလုပ်တော့ဘူး ပျော်လို့၊ အဆောင်မှာလည်း သောင်းကျန်းကုန်ပြီ ပျော်လို့ဆိုပြီးတော့၊ နောက်နေ့မနက်လည်းကျရော ပြန်တဲ့သူတွေကပြန်ကျတာပေါ့၊ ကျွန်တော်ကတော့ ပျော်လွန်းလို့ တောင်ငူမြို့ထဲ ဂစ်တာသွားဝယ်ပြီး ဂစ်တာတီးတာကို တစ်နေ့လုံးသင်တာ။ အဲ့ဒီကနေစပြီး ဂစ်တာတီးတက်သွားတာပေါ့။ နေ့လည်လောက်ကျတော့ အဆောင်တွေအားလုံးကို စစ်တပ်ကရော ကျောင်းကရော တာဝန်ရှိတဲ့သူတွေက အကုန်လိုက်စစ်ပြီး နယ်ဝေးသမားတွေကို ချက်ချင်းအိမ်ပြန်ခိုင်းဖို့ အဆောင်မှူးတွေကို ဆော်သြပါလေရော။ အဲ့ဘိုနဲ့ နောက်နေ့မနက်ကျတော့ ကျွန်တော့်မှာ ဂစ်တာတစ်လုံး နဲ့ စာအုပ်အထုပ်နဲ့ ရထားစီးပြီး အိမ်ပြန်ရပါလေရော။ အိမ်ပြန်ရောက်တော့လည်းဂစ်တာတီးလိုက် စာလုပ်လိုက်နဲ့ ပဲ အချိန်တစ်လကုန်သွားရော။ ဒီလိုနဲ့စာမေးပွဲပြန်ဖြေကြရတာပေါ့။ အဲ့မှာ ဒုက္ခရောက်တာပဲ။

image

စာမေးပွဲနောက်မဆုတ်ရင်ကောင်းသားဗျာ။ နောက်လည်းဆုတ်ပြီး စာမေးပွဲလည်းပြန်ဖြေရော စာတစ်လုံးမှ မရတော့ဘူး။ အပျော်လွန်တာလေ။ ထားတော့ စာမေးပွဲပြီးလို့ အိမ်ပြန် ၊ တစ်ပတ်လောက်နားပြီး ကျောင်းပြန်ရပါလေရော။ အဲ့ဒီမှာ တစ်ခုပြောပြမယ်ဗျ။ GTC ကျောင်းသားတွေဟာ စာမေးပွဲပြီးရင် Field ဆင်းရတယ်။ ကျွန်တော်တို့တုန်းက GTI First year နဲ့ B.Tech First year က ကြိုက်တဲ့ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင် တွေဟာ Field ဆင်းရတယ်၊ တစ်လ တန်သည် တစ်လ ပေါ့။ပြီးရင် အဲ့ဒီ Field ဆင်းတဲ့နေရာက သက်ဆိုင်ရာ လူကြီးက Field ဆင်းကြောင်းကို လက်မှတ်ထိုးပေးရတယ်။ နောက် GTI Second year ရယ် B.Tech Second year ရယ် B.E ရယ်ကတော့ ကိုယ့်ကျောင်းမှာ ကိုယ် လက်တွေ့ဆင်းရတယ်။ အဲ့ဒီအခါကျရင် စာမကျက်ရဘူး စာမေးပွဲမဖြေရဘူး ။ တနည်းပြောရရင် Free ပဲ။ ကြိုက်တဲ့ အဝတ် ဝတ်လို့ရတယ် ။ ကျွန်တော်တို့က Project လုပ်တယ်လို့ခေါ်တယ်။ အဲ့ဒီလို Project လုပ်ရင် သူ့အဖွဲ့နဲ့သူ ခေါင်းစဉ်တစ်ခုစီလုပ်ရတယ်။ ပြီးရင် Report တင်၊ အဖွဲ့အားလုံးပြီးပြီဆိုမှ Viva ဖြေရတယ်။ သက်ဆိုင်ရာ ဌာနမှူးတွေ Supervisor ဆရာ ၊ ဆရာမတွေ ကမေးတာကိုဖြေရတယ်။ စာမေးပွဲအောင်ဖို့အတွက် အဲ့ဒါလည်းအရေးကြီးတယ်။ ပြောရရင်တော့ Carry လုပ်တဲ့အမှတ်တွေပေါ့။ အဲ့ဒီလိုနဲ့အားလုံးလည်းပြီးရော အိမ်ပြန်ပြီး အောင်စာရင်းထွက်မည့်နေ့ကိုစောင့်နေကြတာပေါ့။

image

အောင်စာရင်းထွက်တဲ့နေ့မှာ တအားရင်ခုန်ရပါတယ်။ B.Tech မပါမှာစိုးလို့။ တစ်ကယ်တန်း အောင်စာရင်းလည်းထွက်ရော ကျွန်တော်တို့အခန်းမှာ ၄၅ ယောက်ရှိတာ ၂၂ ပဲအောင်တယ်။ B.Tech ကို ၂ ယောက်ပဲပါတယ်။ ကျွန်တော်က ရိုးရိုးပဲအောင်တယ် ၊ B.Tech မပါဘူးဆိုတဲ့သီတင်းလည်းကြားရော အမေကလေ တော်တော့်ကို စိတ်ပျက်သွားတာ။ နောက်နေ့ကျတော့ ကျွန်တော့်မှာ တောင်ငူကို ပြန် အဆောင်ကပစ္စည်းတွေ သိမ်းပြီး ပဲခူးကိုအပြီးပြန်လာရပါလေရော။
....
....
photo credit by Google and facebook
....
....
အပိုင်း( ၉ )
ဆက်လက်ဖတ်ရှုပေးကြပါကုန်...
.....
.....MSC No-238
@generalpyone

Sort:  

နောက်အပိုင်းတွေမျော်နေပါတယ်ကွယ်။ဆက်လက်ပြီးအပိုင်းလေးတွေများများတင်ပေးပါနော်။အမြဲအားပေးလျက်ပါနော်

ဟုတ်ကဲ့ပါ

အမှတ်တရလေးတွေပေါ့ဗျာ

အဟုတ်ဗျာ အမှတ်တရ မှသည် လွမ်းဆွတ်တမ်းတခြင်းဆီသို့ပေါ့

တော်တော်ရေးနိုင်တာပဲ
မင်းတော်တယ်လူလေး

Korea ရုပ်သံတွဲ ကြည့်နေရသလိုပဲ အဟဲ

မင်းတို့ပြောလို့ မြန်မြန်သိမ်းမ့စဉ်းစားနေတာ

ဖတ်​ရတာ​ကောင်းပါတယ်​။ကျောင်းသားဘ၀အမှတ်​တရများ...

ဟုတ်ကဲ့ အမှတ်တရဆိုတာ တစ်ချိန်မှာ လွမ်းစရာလည်းဖြစ်လာနိုင်တယ်လေ အမ

အပိုင်း​(၉) ကို ​မျှော်​​နေမယ်​ ok

အိုကေ နောက်ပိုင်းမှာ ရထားပေါ်မှာ အဖမ်းခံရတာ လာဦးမယ်

အမ်​ အဖမ်းခံရတယ်​လား..။

ရွှေဝါရောင်တော်လှန်ရေးခေတ်က ကျွန်တော်တို့လည်း နောက်ကျမှ ကျောင်းတက်ခဲ့ရပါတယ်ဗျ

ဘယ်လိုနောက်ကျမှကျောင်းတက်ရတာလဲ ပြောပြပါဦးဗျာ

ကျောင်းသား ဘဝသတိရလာပြီ ..

ဟုတ် အန်တီတို့ကတော့ ၈၈ အရေးအခင်းပါမှီမယ်ထင်တယ်

လွမ်းမောစရာတွေပြန်စဉ်းစားပီးရေးရတာဆိုတာမလွယ်လှဘူးဗျ

ဟုတ်တယ်ဗျ တော်တော်စဉ်းစားရတာ

မမ ရွှေဝါရောင် တော်လှန်ရေးမှာ b.tech ရောက်နေပီ စာမေးပွဲ တစ်လ နောက်ဆုတ်တော့ ပျော်လိုက်တာအေ😁အဲ့ဒီတုံးက

ကျနော်လည်း တူတူပဲ ပျော်လိုက်တာလေ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63267.39
ETH 2572.65
USDT 1.00
SBD 2.80