တစ်သက်မှာတစ်ခါကြုံ ၊ တက္ကသိုလ်ကျောင်းသားဘဝ အဖုံဖုံ (အပိုင်း ၇)

in #myanmar6 years ago

အပိုင်း (၇)

7817966526_6dcef7fa26_b.jpg

First year Mid term မှာ စာမေးပွဲဖြေကြတဲ့အချိန်က သင်္ကြန်ပြီးမှလား သင်္ကြန်မတိုင်ခင်လား မမှတ်မိတော့ဘူး။ စာမေးပွဲဖြေပြီးတော့ အဖြေလွှာတွေကို ကိုယ့်ဆရာတွေကပဲပြန်စစ်ရတာကိုး။ မကြာဘူး အောင်စာရင်းထွက်ရော။ ကျွန်တော်တို့ အခန်းမှာ ယောကျာင်္းလေး က ၃၀ ကျော် လား ၄၀ ကျော်လားမသိဘူး ရှိတယ်ဗျ။ အရင်အပတ်တွေက ပြောခဲ့သလို ကျွန်တော် တို့ Major က ၁၀ ဘာသာစာမေးပွဲဖြေရတာကိုး။ အဲ့ဒီမှာ ဘာသာစုံအောင် တဲ့ သူက ယောကျာင်္းလေးထဲမှာ ၁ယောက် ပဲရှိတယ်။ ကျွန်တော်က ၃ ဘာသာကျတယ်။ အမှန်က တကယ်ဆို ၄ ဘာသာကျတာ။

download (2).jpg

ဆရာတစ်ယောက်သင်တဲ့ဘာသာ မှာ ဆရာက Answer paper ကို သူကိုယ်တိုင်မစစ်ဘူး။ Second year ကသူတွေကိုစစ်ခိုင်းတာ။ သူတို့တွေကလည်း ကျွန်တော့်ကို Roll 1 ဆိုပြီး အထင်တွေကြီးပြီး စစ်လိုက်တာ ကျွန်တော် အောင်မှတ်တောင်မရဘူး ၊ စာမေးပွဲကျရော။ အဲ့ဒါနဲ့ ဆရာ့ ကို ပြောတာပေါ့။ "ဆရာ Roll 1 ကျတယ် " လို့လည်းပြောရော ဆရာက " ဟာ ဒီကောင် Roll 1 ဖြစ်ပြီး ကျရသလားဟ ၊ ဟင်း Roll 1 ဖြစ်ပြီး ကျတာ ကြားမကောင်းပါဘူး၊ ၃ ဘာသာကလည်းကျထားသေးတယ် ၊ အအောင်ပေးလိုက်စမ်း" ဆိုလို့ ကျွန်တော် အဲ့ဒီဘာသာ မကျတာ။ အောင်စာရင်းတွေလည်း ထွက်ပြီးရော၊ ကျောင်းက စာထွက်လာတယ် ၊ ဘာစာလည်းဆိုတော့ ၃ ဘာသာနဲ့ အထက်ကျတဲ့သူတွေကို မိဘ ခေါ်မယ် ၊ ကျောင်းအုပ်ကြီးနဲ့တွေ့ရမယ်ဆိုပြီး စာထွက်လာတော့ ၊ တော်သေးတာပေါ့ ဆရာအအောင်ပေးလို့ ၊နို့မို့ဆို ငါတော့ မိဘခေါ်ရတော့မှာပဲ ဆိုပြီးတွေးပူနေတာဗျာ။ အဲ့ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ အမေက မေးတယ် "သား စာမေးပွဲအောင်လားတဲ့ " ကျွန်တော်က လည်း မညာဘူး အမှန်အတိုင်းပဲပြောလိုက်တော့ အမေ က အရမ်းစိတ်ထိခိုက်သွားတယ်ဗျာ။ အဲ့ဒါနဲ့ အဖေ့ ဆီကိုဖုန်းလှမ်းဆက်ရော။ အဲ့ဒီတုန်းက ကြိုးဖုန်းတွေပဲရှိတဲ့ခေတ်၊ ကိုယ့်အိမ်မှာ ဖုန်းမရှိလို့ သူများဆီမှာ ပိုက်ဆံပေးပြီးဆက်ရတာကိုး။ အဲ့ဒီအချိန်မှာ အဖေက မော်လမြိုင် ဘူတာရုံ ဆောက်လုပ်ရေးစီမံကိန်းမှာ ။ တစ်ဆက်တည်းမှာ ကျွန်တော့အဖေ အလုပ် အကြောင်းနည်းနည်းလေးပြောမယ်ဗျာ။ အဖေ က အရင်တုန်းက တောင်ကုတ်၊ ဖျာပုံ၊ ရန်ကုန်၊ ဘိုကလေး ၊ ပုသိမ် တို့မှာ ဂဏန်းရောင်းဝယ်ရေးလုပ်တယ်၊ ပင်လယ် ဂဏန်းတွေကို နိုင်ငံခြားကို export လုပ်တာ။ နောက်ပိုင်းကျတော့ ဆွေမျိုးတွေက သူများအသက် တွေကိုမလုပ်ပါနဲ့လို့ ဝိုင်းပြောလို့ ဆောက်လုပ်ရေးလုပ်ငန်းဘက်ကိုပြောင်းသွားတာ။ ပထမဦးဆုံး ဆောက်လုပ်ရေးလုပ်ငန်းလုပ်တာက ပြည်မြို့ နားက အင်းမ ဆိုတဲ့ ရွာနားမှာ တပ်မ ၆၆ စစ်တပ်ဆောက်တော့ အဲ့မှာ စလုပ်တာ။ အဲ့ဒါပြီးတော့ မော်လမြိုင်ဘူတာ၊ နောက်ပြီးတော့ နေပြည်တော်ဘူတာ ဆောက်လုပ်ရေးတွေမှာလုပ်တာ၊ သူက ကျွန်တော့်ဆီက ဖုန်း ကြားတာက သောကြာနေ့ ကြီးဗျ၊ ကျွန်တော်စာမေးပွဲကျတယ်ဆိုရော ကျွန်တော့်ကို ငါ ခုချက်ချင်းပြန်လာခဲ့မယ် ဆိုပြီးပြောရော။ ကျွန်တော်က သိတာပေါ့။

2017-03-04.jpg

သူက လာမယ်ဆိုရင် သူ့စာရင်းတွေကို တခြားသူလွှဲရဦးမှာကိုး။ အနည်းဆုံး မကြာဘူးဆိုရင်တောင် တစ်ပတ်လောက်ကြာမှ လာလို့ရမှာလေ။ ကျွန်နော်က သန်ဘက်ခါကျောင်းကို ပြန်မှာဆိုတော့ သူနဲ့တွေ့စရာ အကြောင်းမရှိဘူးကိုး။ ဒါကြောင့် အေးဆေးပဲနေတာ။ အဲ့ဒီည ကျတော့ မနက် ၃ နာရီလောက်ကြီး ရောက်ချလာရော။ ရောက်ရောက်ချင်း ဘာမှမပြောဘူး အိပ်သေးတယ်။ မနက်ကျမှ "ဟျောင့်မင်းလာဦး ထိုင်စမ်း " ဆိုပြီး ဆူတော့တာ။ စာမေးပွဲကျတာ ဒီတစ်ခါ ပထမဆုံး နဲ့ နောက်ဆုံးဖြစ်ပါစေ ဆိုပြီးတော့ ပြောတာ။ကျွန်တော် တော်တော်ကြောက်သွားတယ်။ အဖေ က တစ်ခါမှဒီလိုမပြောဖူးဘူး။ ဒါပေမည့်လည်း ကျွန်တော် ဟာ စာမေးပွဲဖြေတိုင်း အမြဲ ၂ ဘာသာ ၃ ဘာသာ ကျတယ် ။ သို့ပေမယ့် Final မှာတော့ တစ်ခါမှ မကျဖူးဘူး။ တစ်နှစ် တစ်တန်းအောင် အောင်ကြိုးစားတယ်။ ဘာလို့လဲဆိုတော့ တစ်နှစ်တစ်နှစ် ကုန်ကျစရိတ်က မနည်းလှဘူးလေ။ ဒါကြောင့်တစ်နှစ်တစ်တန်းတော့ အောင် အောင်ကြိုးစားရင်းနဲ့ပဲ ပထမနှစ်ကို အောင်မြင်ခဲ့ပါတယ် ။ ဒုတိယနှစ်ကို ပြန်စတက်တဲ့အချိန်မှာတော့ ကျွန်တော်ဟာ လက်ဖက်ရည်ဆိုင် ထိုင်တတ်နေပြီဗျ။ဒီလိုနဲ့ ဒုတိယနှစ်ရောက်လာပါရော။
....
....
....
အပိုင်း( ၈ )
ဆက်လက်ဖတ်ရှုပေးကြပါကုန်
....
....
....
Photo credit by Google image and Facebook
Author @generalpyone
MSC No. 238

Sort:  

နဲနဲ ဆိုးတတ်လာပီပေါ့ ကျောင်းတက်ရတာ ပျော်သလောက် စာကျက်ရမာပျငိကြတေလေ ဟုတေဟုတ်😁

အင်း နည်းနည်းဆိုးတတ်လာပြီ

အန်တီ ကတော့ ပထမနှစ်ကတဲက လဖက်ရည်ဆိုင်ထိုင်တတ်နေပြီ .. မနက်ဆို ကျောင်း canteen မှာ .. လဖက်ရည်နဲ့ အီကြာကွေး မနက်တိုင်းစားတယ် .. ညနေ ကျောင်းဆင်းရင် ည စာကျက်ရင် အိပ်မငိုက်အောင် .. သူငယ်ချင်းတွေနဲ့ အဆောင်ရှေ့ ကဆိုင်မှာ .. လဖက်ရည်နဲ့ အကြော် စား .. အဲ့ တုန်းက လဖက်ရည် တစ်ခွက်မှ ... ??? မှန်းကြည့်ကြည့်

ဘာရှိမှာလဲ အန်တီ တစ်မတ်ပေါ့

အဖေမလာဘူးထင်ပြီး နှပ်နေတာ တကယ်လည်းရောက်ချလာတော့ ဆော်ပြီမှတ်တာ တော်သေးတာပေါ့ အပြောလေးတွေနဲ့တင်ပြီးသွားလို့ မဟုတ်လို့ကတော့ မလွယ်ဘူးနော် အစ်ကို

အာ တစ်ကယ်ဗျ ကျနော် တစ်ခါမှ အဲ့လို ပုံစံကိုမတွေ့ဖူးဘူး တော်တေကြာက်သွားတာ အဲ့ဒါကြောင့်ပြောတာဖြစ်မယ် အဖေ တွေက မဆူရင်လည်းမဆူဘူး ဆူရင်လည်း နေစရာ မရှိဘူး ဆိုမှပဲ

ကျောင်းပြန်တက်ချင်တယ် စာမွဲမဖြေရတဲ့ကြောင်းရှိရင်ကောင်းမယ် ။ စာမွဲဖြေတိုင် one subject one night သမားတွေရှိရင် cheer

တစ်ခါတစ်လေ ဘောပွဲ ရှိရင် one subject one night တောင်မဟုတ်ဘူး one subject one morning

စာ‌မေးပွဲ ‌ဖြေတိုင်း ကျတာလား ။‌အော်‌

ဘာသာတိုင်းကျပါဘူးဗျာ

အတွေ့အကြုံးလေးတွေ ကို ဆက်လက်စောင့်မျှော်လျှက်ပါ

ဟုတ်ကဲ့ပါဗျာ

Nice post ​ကျောင်းတက်​ရမှာမပျင်း​သော်​လည်း
စာကျက်​ရန်​အလွန်​ပျင်းသည်

ဟ တူတူပဲ စာကလွဲရင် ကျန်တာ အကုန်စိတ်ဝင်စားတယ်

ဆက်​ဖတ်​ပါမယ်​...ဖတ်​​ကောင်းပါတယ်​...

ဟုတ်ကဲ့ပါ

ပျော်​ စရာအချိန်​​တွေ့​ပေါ့ဗျာငယ်​ငယ်​တုန်းက

ဟုတ်ပါ့

လွမ်းကြ​စေ...​ကျောင်းသားဘဝ..။

ဟုတ်တယ်ဗျာ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 61402.08
ETH 3386.94
USDT 1.00
SBD 2.49