တစ်သက်မှာတစ်ခါကြုံ ၊ တက္ကသိုလ်ကျောင်းသားဘဝ အဖုံဖုံ (အပိုင်း ၁၆)

in #myanmar6 years ago (edited)

အပိုင်း -၁၆
...
image
Crd-org-source

B.Tech အတွက် ဘွဲ့ယူပြီးသွားတဲ့နောက်မှာတော့ ကျွန်တော် ရဲ့ တစ်နေတာ အလုပ်ဟာ အရင်အတိုင်းပါပဲ။ အရင်အပိုင်းတွေမှာ ပြောခဲ့သလို ကျွန်တော်ကစာမေးပွဲနီးရင် ကျွန်တော့်သူငယ်ချင်း ရဲ့ အိမ် ကနေပြီး Ferry နဲ့ စာမေးပွဲသွားဖြေတာကိုး ။ အဲ့ဒီမှာပဲ သူနဲ့အတူတူကားစီးတဲ့ ကျွန်တော်တို့ထက် နှစ် နှစ်လောက်ငယ်တဲ့ ကောင်လေး တွေရော ကောင်မလေးတွေနဲ့ရော သူငယ်ချင်းတွေဖြစ်ကြပါလေရောဗျာ။ နောက်ပိုင်း ကျောင်းပြန်တက်တော့ နေ့ခင်း ထမင်းစားရင်တောင် သူတို့တွေနဲ့အတူတူ စားကြတာလေ။ ဒီလိုနဲ့ ခင်မင်မှုတွေပိုလာတာပေါ့လေ။ B.E နှစ်မှာက ပို အလေလိုက်လို့ကောင်းတယ်လေ။ ဒီလိုနဲ့ first semester ဖြေတယ်ပေါ့ ။ အဲ့ဒီ စာမေးပွဲ မတိုင်ခင်မှာပဲ ကျွန်တော်သူငယ်ချင်း တောင်ငူက ကောင် နဲ့ အဲ့ဒီ ကျွန်တော်တို့အဖွဲ့ထဲက ကောင်မလေးတစ်ယောက်နဲ့ကြိုက်ကြပါလေရော။ အဲ့ဒီ့အကြောင်းကို ကျွန်တော့်သူငယ်ချင်းအိမ်က သူ့မိဘတွေက သိပါလေရော။ ကျွန်တော့်ကို မပြောရမလားဆိုပြီး ပြောတာပေါ့။ စဉ်းစားကြည့်လေဗျာ။ သူ့မိဘတွေနဲ့က ကျွန်တော်နဲ့ တစ်ခါတစ်လေမှတွေ့ရတာလေ။ သူနဲ့က အမြဲတမ်းတွေ့နေရတာဆိုတော့ ကျွန်တော်ပြောလိုက်ရင် သူငယ်ချင်းဖြစ်တဲ့သူ ကစိတ်ဆိုးမှာပေါ့ဗျ။ ဒါကြောင့် မပြောဘဲနေလိုက်တာ။ မွေးနေ့တို့ဘာတို့ဆိုရင်တောင် အတူတူကျော်ဖြတ်ကြတယ်။ အဲ့လိုမျိုး ချစ်ကြတဲ့သူတို့ဘဝလေးဟာ တစ်နေ့တော့ ဘာမဟုတ်တဲ့ကိစ္စလေးကြောင့် ပြသနာတက်ရင်းကနေြုပတ်ကြပါလေရောဗျာ။ ပြောဦးမယ် အဲ့ကောင်မလေးက အရမ်းကြီးချောတဲ့အထဲ မပါဘူးဗျ။ သို့ပေမည့် သူ့ရဲ့ ကံလို့ပဲပြောရမလားမသိဘူး။ သူ့ကို ကောင်လေးတော်တော်များများက ကြိုက်ကြတယ် ဗျ။ ဒီလိုပဲနေရင်းနဲ့ Second semester ဖြေဖို့ အချိန်ရောက်လာပါလေရော။

image
Crd-org-source
.......
.......
photo credit by Google ,Facebook and Me
....
....
အပိုင်း( ၁၇)
ဆက်လက်ဖတ်ရှုပေးကြပါကုန်...
.....
.....MSC No-238
@generalpyone

Sort:  

နောက်တစ်ပိုင်း မျှော်နေတယ်နော်

နောက်အပိုင်းရောက်ရင် Resultလေးပါ ထည့်ပါဗျို့ ဟီး😁😁

Second semester တွင် ဘာတွေဆက်ဖြစ်ကြဦးမလဲလို့ စောင့်စားရင်း

ဆက်လာပါမည်

အား​ပေး​နေပါတယ်​​။

ကောင်မလေးနဲ့ပြတ်တဲ့အကြောင်းလေးပြောပါအုံး😆😆
ဒါနဲ့ pro အတွက်ဆို စာက တိုသလိုပဲနော်😄😄

ရေးရင် ကောင်းမကောင်းစဉ်းစားနေတာ

ဖတ်​​ကောင်းပါတယ်​...ဆက်​အား​ပေးပါ့မယ်​.. .

သူများ ရည်းစားရတာ သွားရည်‌ကျမ‌နေနဲ့ ။

မကျပါဘူး

bro ကောင်မလေး ရသွားတဲ့ အကြောင်းလည်း
ထည့်ရေးပေးပါ

လာမယ်လေ ရေးသင့် မရေးသင့် စဉ်းစားနေတာ

အချိန်မှားနေတယ်နော်
မပြောချင်ဘူး
ကလေးထိန်းနေရလို့လား

ဟုတ်တယ် ကလေးက တအား ဂျီကျနေလို့ ရုံးကရောက်ကတည်းက လွှတ်လို့မရလို့ လုမှအားလို့ပါ ဆြာရယ် sorry ပါ

ကျောင်းသားဘဝ အမှတ်တရတွေကို ဒီလောက်အထိ မှတ်မှတ်ရရ ရေးနိုင်တာ သဘောကျစရာကောင်းပါတယ်။အားပေးလျက်

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 64951.20
ETH 3557.52
USDT 1.00
SBD 2.35