တစ်စေ့တစောင်း သာအေး အကြောင်း

in #myanmar7 years ago (edited)

မိုးကလေး တဖွဲဖွဲကျနေပီး လေပြင်းက တစ်ခါတခါ
ဆောင့်ဆောင့်ပီး တိုင်ခတ်လာသောကြောင့် "သာအေး"
ဒီနေ့ ဈေးရောင်း မကောင်းတော့မှာကို ကြိုတင် နမိတ်
ဖက်မိသလိုလိုတော့ ရှိ၏ ဒါပေမယ့် ပျင်းရိ
လေးလံနေသော စိတ်တွေကို ပြန်လည် အားတင်းကာ
ငါဒီနေ့ ဈေးရောင်းကောင်း ရမယ်ဟူသော စိတ်ဖြင့်
ဆိုင်ကို စောစော သွားပီး ဖွင့်ဖြစ်သည် ။

IMG_20171015_194555.jpg

ဈေးသို့ ရောက်သော် ခွေးတစ်ကောင် ကြောင်တမှီးမျှ
မမြင် တဈေးလုံး ကိုယ်တစ်ယောက်တည်းသာ
သို့သော် ကံကောင်းသည်ဟု ပြောရမည် နေ့လည်
နေ့ခင်း လမ်းလျှောက်ရင်း ဈေးအတွင်းဝယ် ဈေးဆိုင်များ
ဖွင့်မထားသော်လည်း လာရောက် လှည့်ပါတ် ကြည့်ရှု့
နေသော ဧည့်သည်အချို့မှ ဈေးဦးပေါက်၉၅၀ ဖိုး
ဝယ်ယူ အားပေးသွားသောကြောင့် အနည်းငယ် အသက်ရှု
ချောင်သွား၏ ။ လူကသာ ရပ်နေသော်လည်း အချိန်က
ရပ်မနေသဖြင့် ထပ်ပီး ဈေးမရောင်းရသော အချိန်
အနည်းငယ် ကြာလာသည်ဟု ထင်သဖြင့် နာရီသို့
ပြန်လည်ငုံ့ကြည့်မိသောအခါ ၈ နာရီပင် ခွဲတော့မည်

IMG_20171015_194552.jpg

မျက်လုံး မျက်စံများ ပြူးသွား၏ အနည်းဆုံး တစ်ရက်
၁၀၀၀ ကျော်အောင် ရောင်းနိုင်မှသာလျှင် တော်ခါကျမည်
ထို့ကြောင့် ကျန်ရှိနေသော အချိန်လေးကို ကြိုးစား
အားထုတ်ကာ ရောင်းရစေရန် ဧည့်သည်များအား အမျိုးမျိုး
မရ ရအောင်ခေါ်ရလေပီ သိပ်ကြာကြာ မခေါ်လိုက်ရပါ
ပျိုမေတသိုက် ၀င်ရောက်လာပါပီ မပီတပီ How much
ဆိုသော အသံစကြားလိုက်ရပီ ဆိုကတည်းက

logo.png
Credit ;google photo

မြန်မာပြည်ကနေ အလည်လာကြသော ဧည့်သည်များ
ဆိုတာအလွှတ်ရပီး သိပီးဖြစ်၏ ကိုယ်လည်း မြန်မာလူမျိုး
ဒါပေမယ့် မြန်မာစကား တစ်လုံးမျှထွက်မသွားအောင်
သတိနှင့် ပြန်လည် ရှင်းပြနေရ၏ အဘယ့်ကြောင့်ဆိုသော်
ကျွန်ုပ်မှာ သူများအလုပ်လုပ်ပီး လခစား လုပ်နေရသောကြောင့်
ဆိုင်က သတ်မှတ်ထားသော ဈေးထက် ပို၍ဈေးလျော့ရောင်း
မရသောကြောင့်ဖြစ်ပီး မြန်မာလူမျိုးအချင်းချင်းဆိုပီး
ဈေးတအား လျော့ခိုင်းတက်တာကြောင့်ပါ ကျွန်ုပ်လည်း
လျော့ရောင်းခြင်ပါ၏ သို့သော် အလုပ်သဘောအရ
မတက်နိုင်ပါ ဒီလိုနဲ့ ကိုယ်ကလည်း အင်္ဂလိပ်စကားပြော
သူတို့လည်းအင်္ဂလိုပြောစသဖြင့် ခနကြာတော့

being-too-social-300x200.jpg
Credit ;google photo

ဆပ်ပြာလေးတွေက လှလည်းလှ အနံ့လည်းကောင်းတော့
ယူလည်းယူချင်၏ သို့သော် သူတို့ မြန်မာငွေဖြင့် ပြန်လည်
တွက်ချက်ကြည့်သောအခါ ဈေးကလည်း တအားများ
နေသောကြောင့် ဈေးလျော့အုန်း e လိုပြောသဖြင့်
ကျွန်ုပ်လည်း e လို လျော့မရလို့ပါဟု ပြန်ပြောသောအခါ
သူတို့အချင်းချင်း " မသာလေးက နည်းနည်းလေးတောင်
ဈေးမလျော့ဘူး" ဟု မြန်မာစကားဖြင့် အချင်းချင်း
အတင်းတုတ်နေသံကို ကြားရ၏ ကျွန်ုပ်လည်း ဈေးကလည်း
ရောင်းမကောင်း ဖြစ်နေတာကြောင့် "မချစ်သော်လည်း
အောင့်ကာနမ်း " ဆိုသည့်အတိုင်း ကိုယ့်အား

river.jpg
Credit ;google photo

အတင်းတုတ်နေခြင်းအပေါ် မသိသလို သဘောထားကာ
ပြုံးပြုံးကလေးဖြင့် အမတို့ရယ် အသားဖြူတယ် ဘာညာ
စသဖြင့်ပြောပြကာ အတင်းရောင်းလိုက်ရ၏ တော်ပါသေး
ဝယ်သွားပေလို့သာ ၀ယ်မသွားရင်ဖြင့် ဈေးရောင်းဖို့
အချိန်လည်းမကျန်တော့ နေ့တွက် ၁၀၀၀လည်း ကျော်မည်
မဟုတ် သက်ပြင်းကလေးအသာချကာ ရောင်းရသမျှ
တစ်ရက်စာ ငွေတစ်ထောင်ကျော်အား သူဌေးမထံသို့အပ်ခါ
တစ်နေ့အလုပ်ချိန် ပီးဆုံးသွားပီဖြစ်သဖြင့် ဆိုင်ပိတ်ခါ
အိမ်ပြန်လမ်းတစ်လျှောက် ကိုသာအေး ၏ အမေနှင့်
ရွာကိုလွမ်းတယ် ဆိုသောသီချင်းသံမှာ လမ်းတစ်လျှောက်
ပြန့်နှံ့လျက်........

Post writer :Thihako(@gelatofresco)
From Myanmar
Credit ;google photo

MSC - 019

Sort:  

ကိုယ်လဲထိုင်မှာအဲလိုခံရတာနဲ့တူပါ့ကွယ် ကနီသားတွေမှန်းသိရက်နဲ့ သူတို့က မသိယောင်ဆောင်နေတော့ သွေးနထင်ရောက်မှတ်နေတာ။

စာဥ​ကောမပါဘူးလား

ပါဘူး စာဥ က စာမ ဗိုက်ထဲ ရောက်နေတာကိုး

တောက သာအေးက အ ရယ်
နိုင်ငံခြား ရောက်လာအေးက လည်

အင် လယ်ပါဘူး ဟီးးးး

ပျော်တတ်တာgoodတယ်

ဟုတ် ပျော်ပျော်ဘဲနေပါတယ်ခင်ဗျ

သူတို့ မသာလေး အတင်းတုတ်တော့ နိက သူတို့ ဝယ်ပြီးဆိုင်က အထွက် တေရှင်ဆို့လေးတေ နောက်လဲလာအားပေးအုံးအော်လိုက်ပါလားကွဲ့

အဲလို အော်လိုက်ရင် နာ့ကိုပြန်ချဲမှာပေါ့အေ့ ဟီးးးးး

ကျေးဇူးပါ

ကိုသာ​အေးကြီးက​ဆော့ လုပ်​ပြီ

အယ် ဘာလုပ်တာလဲ ရှင်းအောင်ပြော တော်ကြာ အထင်လွဲမှဖြင့် ဟာ

good post bro

Thanks friend

ဈေး​ရောင်း​ကောင်းပါ​စေ ကိုသာ​အေး​ရေ

ဟုတ်ကျေးဇူးပါခင်ဗျ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64222.70
ETH 2651.63
USDT 1.00
SBD 2.77