ထိုင်းမဘ၀ပြောင်းပေးလိုက်တဲ့ ကတုံးသာအေး

in #myanmar7 years ago (edited)

image

အချိန်က 2018 ဖေဖ၀ါရီ 21 ရက် ဗုဒ္ဓဟူးနေ့ နံနက်ခင်း
တစ်ခုမှာ ဇနီးဖြစ်သူ ကချင်မလေးက အသံဝဲတဲတဲဖြင့်
"ကိုသာအေး ရှင် ဒီနေ့ ဆံပင်ညှပ်မယ်ပြောထားတာနော်
နေ့ရွှေ့ ညရွှေ့ လုပ်မနေနဲ့ ဒီနေ့ညှပ်ဖြစ်အောင် ညှပ် "
နံနက်ခင်း အသံပေးနိုးစက်ထက် ကျယ်လောင်သော အသံဝဲ၀ဲဖြင့်
ပြောလိုက်လေရာ နေကပူ စိတ်ရှူပ်မခံနိုင်တဲ့ ရွာကသာအေး
အေးပါကွာ သွားမယ် အခုဘဲသွားညှပ်လိုက်မယ် " ဟုဆိုကာ
ထိုင်းဘတ်ငွေ တစ်ရာတန်တစ်ရွက် လက်မှာ ကျစ်ကျစ်ပါအောင်
ဆုတ်ကိုင်လျှက် ကချင်မလေး၏ ၀ဲတဲတဲ အသံ၏ ဝေးရာ
ဆံပင်ညှပ်ဆိုင်လေးစီသို့ ခြေကုန်သုတ် လျှောက်လာလိုက်တာ
ဆံပင်ညှပ်ဆိုင်လည်းရောက်ရော့ ချွေးကိုပြန်သွားတယ် ဆိုပါတော့ဗျာ

IMG_20180222_123657.jpg

ဒါနဲ့ ဆံပင်ညှပ်ဆိုင်က ကောင်မလေးက " အကို ချွေးတွေလည်း
ပြန်လို့ ရာသီဥတုက ပူလာပီဆိုတော့ ခုခေတ် ယောင်္ကျားလေး
အများစု ညှပ်တဲ့ နွေရာသီစတိုင် လေးညှပ်လေ ပီးတော့ ဒီဇိုင်း
ဆန်းဆန်းလေးဖြစ်သွားတာပေါ့ တဲ့ " အင်း...ကိုယ်လည်းစဉ်းစား
မနေပါဘူး ကောင်းမယ်ထင်တဲ့ပုံစံလေး ညှပ်ပေးပါလို့ ပြောပီး
ဆံပင်ညှပ်ထိုင်ခုံရှိရာမှာ နေရာဦးရင်းဝင်ထိုင်နေမိတယ် (နေရာ
ဦးတယ်သာပြောတာ တစ်ဆိုင်လုံးမှာမှ ကိုယ်တစ်ယောက်တည်း
ရှိတာပါ) ဒါနဲ့ မချောက မလာဘူးဗျာ စောင့်နေရင်း ဟော....
ခနနေတော့ရောက်လာပါပီ ၀ါယာကြိုးတစ်ချောင်းနှင့် ဖုန်းတစ်လုံး
လက်ထဲမှာ ရှူပ်နေ၏ ပါလာသောဝါယာကြိုးအား ဘောက်စ်

received_569549996725940.jpeg

အတွင်းထိုးထည့်ကာ ဖုန်းမှ သီချင်းစိတ်ကြိုက် Disco လေးဖွင့်ပီး
အမယ် လှူပ်လီလှူပ်လဲ့ ကပီး သာအေးရှိရာ လာနေတယ်ဗျာ
ဒါနဲ့ ဆံပင်ညှပ်ဖို့ ခြူံထည်ဘာညာ ပြင်ဆင်ပီး လူကို ရိသဲ့သဲ့လေး
တစ်ချက်ငုံ့ကြည့်ကာ " ညှပ်တော့မယ် နော်" တဲ့ အယ်လယ်
ကိုယ်ကလည်း အွန်း ဆိုပီးချက်ဘဲပြောလိုက်တော့ စပါပီဗျာ
ဇာတ်လမ်းက Disco တီးလုံးလေးဖွင့် သူကတော့လှူပ်လီလှူပ်လဲ့
ကရင်း ထိုးစက်က ဆံပင်အလည်တည့်တည့်မှ နောက်စေ့ထိ
တစ်ခါတည်း.အပိုင်းထိုးလိုက်တာ "သွားပါပီ အလိုလိုမှ
အလိုလို ကိုယ့်အကြောင်းကိုယ်သိ ဆံပင်မပေါက်တဲ့ ကတုံးပုံစံ
အလွန်ကြည့်ရရုပ်ဆိုးမှန်းသိတယ် ဒင်းတော့ Disco လေးနှင့်
ညိမ့်နေ ခံနေရတဲ့ အောက်ကလူက အသားတွေ
စက်စက်ခါအောင်

IMG_20180222_002920.jpg

တုံနေပီ လုပ်တာကိုင်တာလည်း ကျွမ်းကျင်သလားမမေးနှင့်
၁၀မိနစ်သာသာဘဲကြာတယ် ဒါပေမယ့် ကိုယ့်အတွက်တော့
ကမ္ဘာပျက်တာ လက်တွေ့မြင်နေရသလိုဘဲ တဖြေးဖြေးချင်း
အနုချွေနေပုံကို တစိမ့်စိမ့် ကြည့်ခိုင်းနေသလိုဘဲ(ခုထိကိုမျက်စိ
ထဲကမထွက်ဘူး) အော်ရက်စက်လိုက်တာ တဖြေးဖြေးခြင်း
ညှပ်ပစ်လိုက်တာ ခေါင်းကဆံပင်ကုန်တော့ မျက်ခုံးမွှေးလေးကို
ပုံဖော်အု၃်းမလားတဲ့ဗျာ (မေးရက်တာ) အမလေး မလုပ်လိုက်ပါနဲ့
ထိုင်းမမရယ် တော်ပါပီ ကြောက်ပါပီဆိုပီး လက်ထဲမှာ ကျစ်ကျစ်
ပါအောင် ဆုပ်ကိုင်ထားတဲ့ ထျုင်းဘတ်ငွေ တစ်ရာတန်လေးကို
တုန်တုန်ယင်ယင် ပေးလိုက်ပီး အိမ်သို့သုတ်ချေတင်းပြန်အလာ
လမ်းမှာအတွေးတစ်ခုက ၀င်လာပါရော့ဗျာ ဒီတိုင်း တန်းပီးအခန်း
ထဲဝင်သွားရင် ငါ့မိန်းမ လန့်ပီးအော်မလားမသိဘူး
ပြောပြအုန်းမယ်လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကလည်း
အဲ့လိုဘဲ ငယ်ချစ်ဦးပေါ့ အဟဲ

ကိုယ်က ကတုံးလေးပြောင်နေအောင်တုံးပီး အမြင်ဆန်းသွား
စေမလားဆိုပီး သူရှေ့ကိုသွားတာ အမလေးပြောမနေနဲ့
၂လလောက် သူ့ရှေ့မလာခိုင်းလို့ ဆံပင်ညှပ်ဆိုင်က ဆံပင်တု
စွတ်ပီး သွားတွေ့ရတဲ့ အဖြစ် အဲလိုမျိုးပါဆို ဒါနဲ့ အိမ်ရောက်တော့
မိန်းမက "အမလေး ကိုသာအေး ဒါကဘယ်လိုဖြစ်လာတာလဲ
ရှင် ကျမကိုရွှဲ့တာလား "ဆိုပီး ပြသနာရှာလို့မပီးသေးဘူး သမီးက
မမှတ်မိဘဲ လန့်ပီး ဖျားပါဖျားတယ်ဗျာ ဒီတော့ ကိုယ်အချစ်ဆုံး
MSC G3 ဂရုလေးစီသွားလည်မယ်ပေါ့ ပြောလိုက်ကြတာ
ပြောလိုက်ကြတာဆိုတာ ရက်ရက်စက်စက်ဘဲ ကတုံးကို
သနားစရာလေး ဒါနဲ့ နောက်ဆုံး ဂရုက နာမည်ကြီး @phyozawooburmese က မစလိုက်တာ သာအေးကတုံး
ကနေ ရှောင်လင်ကတုံးကို ဖြစ်သွားတာဘဲ ဗျာ ဟားးးးး

image

Credit photo : @phyozawooburmese

Post writer :ThiHaKo(@gelatofresco)
Credit :photo
MSC 019

Sort:  

v100%$0.06 V n M .

ကျေးဇူးပါခင်ဗျ

ရှောင်​လင်​​ဘောသာ
GIF-180224_100642.gif

Heeee နာမည်တွေကိုစုံသွားတာဘဲ ဂရုမှာတော့ လူရွှင်တော်လုပ်နေရတာပျော်တယ်ဗျာ

ဟဲဟဲ ရှောင်လင်ကတုံးလုပ်လိုက်တော့

ဟီးးး လုပ်လိုင်တော့မယ်နော်

ချစ်ဆုံးလွှတ်လက်မယ် ပဒက် ပဒက်ဆိုပြီး ရိုက်မယ်ပြောနေတာ ပြီးမှထိုင်ကန်တော့မယ်တဲ့

ခ်ခ်ခ်အဲ့တယောက်ကို ကစ်လိုက်မယ် ဟားးးး

သာသနာဘြောင်သာအပီး ဝင်လိုက်ပါလား

ဟဲ့ ညည်း ငါ့ကိုအတော်ဒီလိုပြောရတာသဘောကျနေတယ်ပေါ့လေ တွေ့မယ် တွေ့မယ် ဒီည

ဟိ....​နွေရာသီစတိုင်​လ်​😀😀

ဟုပါ့ နေကပူလာပီလေဗျာ ကိုယ့်အသက်ကို ကြံဖန်မွေးရမယ်ဗျာ

ပူတဲ့ရာသီအတွက်တော့ ကောင်းပါတယ်ဗျာ။ကိုသာအေး မလျော့နဲ့ ကိုကရုပ်ခံရှိပြီးသားပဲဟာကို။လူချော ကတုံးပေါ့

ဟီးးး ကိုသန့်ဇင်တစ်ယောက်ဘဲ ခုလိုပြောတယ် ခ်ခ်ခ် ကျေးဇူးတင်လိုက်တာဗျာ

ထိုင်းမ​လေး​ရော ဂတုံးနဲ့ပွတ်​ခဲ့ဘူးလား

ပွတ်ခဲ့ပါဘူးတော် ဟားးးးး

ဘုန်းကြီးပါဝတ်​လိုက်​ရမှာ

လုပ်ပါနဲ့ဆို ဘုန်ကြီးဘဲဝတ်ခိုင်းနေကြတယ် ခ်ခ်ခ်ခ

အစ်‌ကိုက ကတုံးနဲ့ လိုက်‌ပါတယ်‌။ ‌ရှောင်‌လင်‌သာ‌အေး ‌ပေါ့ဗျာ။

ဟဲဟဲ သိုင်းလောကကိုပြန်သွားမလို့လေ

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 63362.14
ETH 2592.64
USDT 1.00
SBD 2.80