ထိုင်းဟင်း ချက်စားကြမယ် ( ကဖောင်လွမ်မစ်)

in #myanmar6 years ago

မြန်မာ စတီးမစ် မိသားစုဝင်အပေါင်းအား ရှေးဦးစွာ
" မင်္ဂလာပါ"လို့ ဂါရ၀ ပြူအပ်ပါ၏ ယခုတပါတ်တင်ဆက်ပေးမည့်
ကျွန်ုပ်၏ ပိုစ့်အား ထိုင်းနဖုင်ငံရောက် ရွှေပြောင်းအလုပ်သမား
တစ်ဦးအနေဖြင့် ထိုင်းနိုင်ငံမှာ အလွန်နာမည်ကြီးသော ဟင်းလျှာ
တစ်မျိုးကို မိတ်ဆက် တင်ပြပေးသွားပါမည်ခင်ဗျ..

image

Credit : google image

ဟင်း အမည်လေးကတော့ ထိုင်းဘာသာစကားဖြင့် " ကဖော်လွမ်မစ်"
လို့ခေါ်ဆိုပါတယ် ဟင်းအမည်အား မြန်မာစာဖြင့်ဖော်ပြရာမှာ
အနည်ငယ် မှားယွင်းကောင်းမှားယွင်းနိုင်ပေမယ့် ကျွန်ုပ် ဒီဟင်းကို
အပြင်မှာဝယ်စားလျှင် ယခုလိုဘဲ ပြောပီးဝယ်စားလို့ရတာကြောင့်
ယခုလိုဘဲ ဖော်ပြပေးတာပါခင်ဗျ ဒါပေမယ့် ဒီဟင်းကို ကျွန်တော်
ကိုယ်တိုင်လည်း အရမ်းကြိုက်နှစ်သက်တာကြောင့် မိတ်ဆွေ
အပေါင်းအသင်း သူငယ်ချင်းများလည်း အိမ်မှာ အလွယ်တကူ
ချက်ပြူတ်စားလို့ရအောင် ဗဟုသုတအနေဖြင့် ပြန်လည် မျှဝေတာပါ
ခင်ဗျ အဓိက ဒီဟင်းကို ချက်ပြူတ်မယ်ဆိုလျှင် အရေးကြီးဆုံး
လိုအပ်တာက ဟင်းရဲ့ ပါဝင်တဲ့ ဒီ ကဖောင် ဆိုတဲ့အရွက်က
အရေးကြီးဆုံးလိုအပ်ပါတယ် ဒီ ကဖောင်ရွက်က ကျွန်ုပ်တို့
မြန်မာပြည်မှာ သုံးတာသိပ်မတွေ့ရပေမယ့် အလေ့ကျပေါက်ပင်လေတစ်မျိုးဖြစ်ပါတယ် ကျွန်တော်လည်း ထိုင်းလိုဘဲဒီအရွက်ကိုသိပီး
မြန်မာလိုမသိဖြစ်နေပါတယ် ထိုင်းရောက်မှ ဒီအရွက်စားဘူးတာကိုး
ဗျ နော့ ဒီတော့ ဒီအရွက်ကရှာရလွယ်ကူမှာပါ နီးစပ်ရာလေးကိုယ့်
ဘာသာဘဲမေးကြည့်ပီး ဒီ ကဖောင်ဆိုတဲ့အရွက်ကို အရင်ဆုံးရှာ
ထားပါ ဒီကဖောင်ဆိုတဲ့ အရွက်ရပီဆိုရင် အိမ်မှာ ဟင်းစပ်ရှာ
မတွေ့လို့ဘဲဖြစ်ဖြစ် အချိန်မရှိလို့ဟင်းအလွယ်အကူချက်ပီး
ထမင်းစားမြန်စေမယ့် ဟင်းချက်နည်းလမ်းညွန်ကတော့ ဒီမှာပါ

image

Credit : google image

ပါဝင်ပစ္စည်းများကတော့
၁. ကဖောင်အရွက် ၁၀ ရွက်ခန့် ( အမွှေးသိပ်မကြိုက်ပါက ၅ရွက်)
၂.ပါးပါးလေးလှီးထားတဲ့ ၀က်သား ၅ ကျပ်သား
၃.ပုဇွန် 3 လက်မအရွယ် ၄ ကောင်
၎.ကြက်သား ၅ကျပ်သား
၅.ကြက်အသဲအမြစ် ၅ကျပ်သား
၆.ရေဘ၀ဲ ၅ ကျပ်သား ( ပြည်ကြီးငါး)
၇.ပဲသီး 1 တောင့်
၈.ကိုက်လန်ရွက် ၂ ရွက်
၉.ငရုပ်သီးတောင် အနီရောင် ၅ တောင့် (အစပ်မကြိုက်က ၂တောင့်)
၁၀.ကြက်သွန်ဖြူ ၅မြှောင့်
၁၁.ခရုဆီ ထမင်းစားဇွန်း ၂ဇွန်း
၁၃.အုန်းနို့ရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၄.ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
၁၅.မျှင်ငံပြာရည် ထမင်းစားဇွန်း ၁ဇွန်း ( အငံကြိုက်ပါက ၅ဇွန်း)😂

ဒီတော့ လိုအပ်တာတွေပြင်ဆင်ပီးပီ ဆိုပါစို့

image

Credit : google image

ချက်ပြူတ်ခန်း စလိုက်ကြရအောင်ဗျာ

ပထမဆုံး ဆီပူပူမှာ ငရုပ်သီးနှင့် ကြက်သွန်ဖြူ အရင်ဆုံး
၁မိနစ်ခန့် ကြော်လိုက်ပါ ခင်ဗျ ပီးတာနဲ့ ဖော်ပြထားတဲ့အသားတွေ
အားလုံး ရောထည့်လိုက်ပီး ၅မိနစ်ခန့် ကြော်ပါ ထို့နောက်
လိုအပ်သော အဆာဗလာအားလုံးကို ဖော်ပြထားတဲ့အတိုင်းထည့်ပါ
အဆာဗလာအားလုံးလည်းထည့်ပီးပီဆိုရင် ပဲသီးလေးအရင်ဆုံးထည့် ၁၀စက္ကန့်လောက်ကြာတာနဲ့ ကိုက်လန်ရွက်လေးထည့် ပီး
ကဖောင်ရွက်ကိုပါ တပါတည်း ထည့်ချလိုက်ပါခင်ဗျ ဟင်းချက်နည်း
အရမ်းလွယ်ကူပါတယ် ထိုင်းဟင်းများက အုန်းရည်ပါတာမလို့
သွေးတိုးရှိရင်တော့ အုန်းရည်နဲ့ ပုဇွန်ထည့်မချက်လည်းရပါတယ်
တော်ကြာအမှု့ပါတ်မှားလည်းစိုးရသေးတယ်မို့လားဗျ
ခနခနချက်စားခြင်တယ်ဆိုရင် လိုအပ်တဲ့အသားလေးတွေ
အရွက်လေးတွေ ရေခဲသေတ္တာထဲမှာ သိမ်းထားလို့ရပါသေးတယ်
လိုအပ်တဲ့ဘအဆာဗလာတွေကို တစ်ခါတည်း ပြင်ဆင်ထားမယ်
ဆိုရင် ချက်ပြူတ်ချိန်ဟာ ၁၀ မိနစ်ခန့်လောက်ပါဘဲခင်ဗျ
တစ်ကိုယ်တည်းသမားတွေ နှစ်ကိုယတည်းသမားတွေအတွက်
အလွန်ချက်ပြူတ်ရလွယ်ပီး ထမင်းစားလို့လည်းမြိန်စေမှာ
ဖြစ်ပါကြောင်း တင်ပြရင်း နောက်အပါတ်မှာ ဟင်းနှင့်ချက်ပြူတ်နည်း
မတင်ဘဲ အသုပ်သုပ်နည်းလေး မျှဝေသွားပါမည်ဖြစ်ကြောင်း
သတင်းကောင်းတပါတည်း ပါးလိုက်ပါစေခင်ဗျ အားလုံးကို
ကျေးဇူးတင်လျှက် ရွာက သာအေး

image

Credit : google image

မှတ်ချက် ။ ။ မိမိကြိုက်သော အသား သို့မဟုတ် အရွက် များများ
ထည့်ချက်ပါ ကဖောင်ရွက်အဓိကလိုအပ်သည်

Post writer : ThiHaKo(@gelatofresco)
Credit : google image
MSC -019

Sort:  

လုပ်​နည်း​လေတင်​ပြ​ပေးလို ​ကျေးဇူးတင်​တယ်​ဗျာနောက်လည်းခုလိုဗဟုသုတရှိသော အသိပညာလေးတွေမျှဝေပေးပါ။အမြဲအားပေးနေပါမယ်

ကျေးဇူးပါခင်ဗျ

ထိုင်းဟင်းအများစုချက်ပြုတ်ရတာအလွယ်ကူဆုံ
အရိုးရှင်းဆုံးပါ ဒါကြောင့် နောင်မှာလည်း ဖော်ပြပေးသွာပါမယ်
ဒီထက်ပိုပီးစုံလင်အောင်ဖော်ပြပေးပါမည်ခင်ဗျ

ချက်စားမယ်

ချက်စား တကယ်ကောင်းတယ်

အကိုရေမင်္ဂလာပါခင်ဗျကျွန်တော်မောင်သာအေးဘုမန့်ပြူလုက်နေခြင်းဖြစ်ပါသဖြင့်ပို့စ့်နှင့်မစက်ဆိုင်သောကွန်မန့်အတွက်အထူးတောင်းပန်အပ်ပါသည်ခင်ဗျ

က​ဖောင်​ရွက်​ကဘယ်​လိုပုံစံမျိုးလဲ?
ခုလို​ပြောပြ​ပေးလို့​ကျေးဇူးပါ

ဟုတေနော့ကြားဖူးဘူး ရှမ်းနံနံလား ပဲ😁

ရှမ်းနံနံတော့ဟုတ်ဘူး ကြည်

ကြညရေမင်္ဂလာပါခင်ဗျကျွန်တော်မောင်သာအေးဘုမန့်ပြူလုက်နေခြင်းဖြစ်ပါသဖြင့်ပို့စ့်နှင့်မစက်ဆိုင်သောကွန်မန့်အတွက်အထူးတောင်းပန်အပ်ပါသည်ခင်ဗျ

အယ် နောက်နေ့ကျပုံသေချာရိုက်ပြမယ်လေ နော့

ပင်စိမ်းရွက် မဟုတ်လား ?
သူတို့ ပင်စိမ်းသုံးတာများတယ် ..

အန်တီရေမင်္ဂလာပါခင်ဗျကျွန်တော်မောင်သာအေးဘုမန့်ပြူလုက်နေခြင်းဖြစ်ပါသဖြင့်ပို့စ့်နှင့်မစက်ဆိုင်သောကွန်မန့်အတွက်အထူးတောင်းပန်အပ်ပါသည်ခင်ဗျ

လိုင်း ပြောင်းသွားပီး @thetnaingmin ပြောသလို ဖစ်မေလား မတိ မီယန်မာပြည် ပန်လာရင် ချက်ကျွေးပါ😁

ကြည် စားခင်ေဆယ်ဆို ခက်ေပီးယူလာခဲ့မယ်လေ အပြန်လက်ဆောင်ပေါ့ ထိုင်းဟင်း ကျုယ်တိုင်ချက်လေးလေ ဒါပေမယ့်မကောင်းဘူးတော့မပြောနူ့အုန်းနော်

ကဲ ညီမ ယုံဘီမို့လား

ကိုသက်နိုင်မင်း ဘာတွေအချွန်နဲ့မနေတာလဲ
ဟဲဟဲ သိနေတယ်နော်

ယုံဘူးကိုကို

မဖြစ်ပါဘူးဟယ် အဲ့ တစ်ယောက် လျှောင်ကျောနေတာ

ဗိုက်တောင်ဆာလာပီ ချက်ကြွေးပါဗျာ

ချက်ကြွေးမယ် ထိုင်းအရင်လာခဲ့ ဟီးးး

ကိုလွမ်ရေမင်္ဂလာပါခင်ဗျကျွန်တော်မောင်သာအေးဘုမန့်ပြူလုက်နေခြင်းဖြစ်ပါသဖြင့်ပို့စ့်နှင့်မစက်ဆိုင်သောကွန်မန့်အတွက်အထူးတောင်းပန်အပ်ပါသည်ခင်ဗျ

ကိုသာ‌အေးက စားဖိုမှူးလား။‌တော်‌ပါတယ်‌။

စားဖိုမှူးဟုတ်ဘူး ဟီးးးးးချက်တက်တယ်

အကိုလေးရေမင်္ဂလာပါခင်ဗျကျွန်တော်မောင်သာအေးဘုမန့်ပြူလုက်နေခြင်းဖြစ်ပါသဖြင့်ပို့စ့်နှင့်မစက်ဆိုင်သောကွန်မန့်အတွက်အထူးတောင်းပန်အပ်ပါသည်ခင်ဗျ

ငါကဝိတ်ချနေတာဆိုတော့ အစားတွေသိပ် စိတ်မဝင်စားဘူး အဟိ

ဟုတ်မှာ အချိန်တန်ပြေးရတာအမော

သက်သက်ရေမင်္ဂလာပါခင်ဗျကျွန်တော်မောင်သာအေးဘုမန့်ပြူလုက်နေခြင်းဖြစ်ပါသဖြင့်ပို့စ့်နှင့်မစက်ဆိုင်သောကွန်မန့်အတွက်အထူးတောင်းပန်အပ်ပါသည်ခင်ဗျ

စားချင်လာပြီဗျာ

စားပါဗျာ

ကိုဝင်းကိုကြီးရေမင်္ဂလာပါခင်ဗျကျွန်တော်မောင်သာအေးဘုမန့်ပြူလုက်နေခြင်းဖြစ်ပါသဖြင့်ပို့စ့်နှင့်မစက်ဆိုင်သောကွန်မန့်အတွက်အထူးတောင်းပန်အပ်ပါသည်ခင်ဗျ

ဖတ်​ရင်းနဲ့စားချင်​​တောင်​လပြီ

စားပါခင်ဗျ

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61440.52
ETH 3447.43
USDT 1.00
SBD 2.52