စိတ်ကျန်းမာရေးတစ်စိတ်တစ်ပိုင်း(ဖြစ်ရပ်မှန်)

in #myanmar6 years ago

steemit community myanmar
အဖွဲ့၏ အလှူအတန်းလေးတစ်ခုဖြစ်သော မန်းလေးစိတ်ကျန်း
မာရေး ကုသိုလ်အားပြန်ဝေမျှခြင်းအကြောင်းများ ယခုတလော
ဖက်မိနေရင်း ကျွန်တော့်အတွေးထဲတွင် မေ့နေတဲ့ လွန်ခဲ့သော
၁၅နှစ်ခန့်မှ ကျွန်ုပ်တို့၏ မိသားစုဝင်များဖြစ်ကြသော ဦးလေး နှင့်
ဒေါ်လေးတို့၏ စိတ်ကျန်းမာရေး ဖောက်ပြန်ခဲ့ကြပုံများကို ပြန်လည်
သတိရမိခါ ရေးသားတင်ပြရန် အတွေးတစ်ခုဝင်လာခဲ့ပါသည် ။

image

Credit : google image
အချိန်ကား ၂၀၀၃ခုနှစ်ခန့် မိုးကုတ်သို့ သူဌေးဖြစ်ရန် ရည်ရွယ်၍
ကျောက်တူးသွားသော အမေ့၏ မောင်လေး ကျွန်တော့်ဦးလေး
သူဌေးမဖြစ်ဘဲ ပြန်လာ၏ ဦးလေး၏ အဖေနှင့်အမေ ကျွန်ုပ်၏
အဘိုးအဖွားများမှာ အိမ်ထောင်ကွဲသွားတာ ဦးလေးတို့ငယ်စဉ်
ကတည်းဟုဆိုရပေမည် အဘမှာ လောကီရေးရာအားစိတ်ကုန်၍
ရွာတွင် ဦးဇင်းဝတ်ရာမှ ဘုန်ကြီးကျောင်းထိုင်ပင်ဖြစ်၍ နေချေပီ
သို့သော်အဘွားမှာမူ အသက်အရွယ်ကြီးလာသဖြင့် ကျွန်ုပ်၏
အဖေအမေကသာခေါ်ယူ၍ ပြုစုစောင့်ရှောက်ထားသောကြောင့်
ပြန်လာသော သူဌေးလောင်းမဖြစ်သူ ဦးလေးမှာလည်း ကျွန်ုပ်တို့
အိမ်မှာပင်နေ၍ ကျွန်ုပ်အဖေကဘဲ စောင့်ရှောက်ထား၏ မိုးကုတ်မှ
ပြန်လာ၍ တစ်လခန့်အကြာတွင် ဦးလေးမှာ စားသောက်ဆိုင်
တစ်ဆိုင်တွင်သွား၍ ကျွန်ုပ်တို့နေထိုင်ရာ လမ်းရှိအိမ်များ အားလုံး
စားသောက်ဆိုင်တွင်ခေါ်ယူကျွေးမွေးမည်ဟု ပြောသဖြင့် ဆိုင်ရှင်မှာ
ကျွန်တော့်အဖေ့အား ဖုန်းဆက်ခါအတည်ပြူပေးပါရန်တောင်းဆို
သောအခါ အဖေကချက်ခြင်းသိလိုက်၍ အတည်မပြုဘဲ
ထိုစားသောက်ဆိုင်သို့သွား၍ ဦးလေးအားအိမ်သို့ချော့ကာ
ခေါ်လာ၏ ဤသည်မှာဦးလေးယဉ်ယဉ်လေးဖြင့်စိတ်ရောဂါ
အစပြုသည့်နေ့ပင်ဖြစ်၍ အဖေက အမေ့အားခေါ်၍ ပြောပြလေ၏

image

Credit : google image
ထို့နောက်တွင်တဖြေးဖြေး စိတ်အခြေနေမမှန်လာသောကြောင့်
အဘွားနှင့်အမေက တိုင်းရင်းဆေးဖြင့်ကုသရန် ဗိန်းနှောဆရာထံ
ခေါ်၍ပြသတော့ ပို၍ပင်ဆိုးလာ၏ ထို့ကြောင့်ကျွန်ုပ်အဖေကိုယ်တိုင်
ဆရာဝန်အားခေါ်ယူပြသသောအခါ သည်းခြေအားနည်းနေခြင်း
ဖြစ်သည်ကိုတွေ့ရှိရ၏ ထို့ကြောင့် ချက်ခြင်းနီးပါးပြောက်သော
ဆေးရှိသည်ဖြစ်ကြောင်း သို့သော် ဤဆေးမှာ မြန်မာငွေ ၃သိန်း
၅သောင်းမျှ ကျသင့်မည်ဖြစ်ကြောင်း ထိုဆေးအားမတက်နိုင်ပါက
ဖြေးဖြေးချင်းပြောက်ကင်းစေနိုင်မည့် သည်းခြေအားတိုးဆေး
များအားဝယ်ယူသောက်သုံးသင့်ကြောင်း အကြံပေးလာ၍
ထိုအချိန်က ငွေ ၃သိန်းခွဲမတက်နိုင်သော ကျွန်တော့်အဖေနှင့်
အမေတို့မှာ သည်းခြေအားတိုးဆေးကိုသာခနတာမှေး၍
ရောဂါသက်သာစေရန် ဦးလေးအားတိုက်ကျွေးထား၏
တစ်ပူပေါ်တစ်ပူဆင့်ဆိုသလို ဦးလေး၏ညီမဖြစ်သူ ဒေါ်လေးမှာ
စိတ်ဖောက်လာပြန်၏ အရင်ကထိုကဲ့သို့စိတ်ဖောက်ခြင်းမရှိသော
ဒေါ်လေးမှာ စဉ်းစား၍မရ အဘယ့်ကြောင့်ဆိုသော် ဦးလေးနှင့်
ဒေါ်လေးအား ကျွန်ုပ်အဖေအမေကပင် ငယ်စဉ်ကတည်းက
ကျွေးမွေးစောင့်ရှောက်လာသောကြောင့် ဖြစ်၏ ဒေါ်လေး၏
စိတ်ဖောက်ပြန်မှူ့က အတော်ဆိုးရွားလှ၏ ဘေးပါတ်ဝန်းကျင်မှ
စုန်းပြုစားသည်ဟု မှတ်ချက်ပေးလေ၏ သို့သော်ကျွန်ုပ်အဖေက
အယုံကြည်မရှိပေ ထို့ကြောင့် ဒေါ်လေးမှာ စိတ်ရောအပြင်းအထန်
ရရှိနေပီဖြစ်သောကြောင့် သံကြိုးများဖြင့်ခတ်ကာထားရ၏

image

Credit : google image

အမေနှင့်အဘွားမှာ စုန်းပြုစားသည်ဟုယုံ၍ မေးမြန်သောအခါ
ဝက်သား ၅ပိသာအား နေ့လည် ၁နာရီခွဲတွင်ကျွေးရမည်ဟု
စုန်းပြုစားခံနေရသောဒေါ်လေးမှပြန်ဖြေသောကြောင့်
ဝက်သားအစိမိး၅ပိသာအား နောက်နေ့မနက် ၁နာရီခွဲတွင်
လမ်းလယ်ခေါင်မှာ ချ၍ စုန်းပြုစားခံနေရသော ဒေါ်လေးအား
ကျွေးလေရာ ကျွန်ုပ်မျက်စိပင် ထင်ရောင်ထင်မှားဖြစ်သွားနိုင်ပီး
လျှပ်တပြတ်အတွင်ုမှာ ထိုဝက်သားအစိမ်း၅ပိသာကုန်သွား၏
သို့သော် ညအရောက်တွင် ရောဂါမှာမပြောချေ ထို့ကြောင့်
အဖေက စိတ်တို၍ မရိုက်ဖူးသော ဒေါ်လေးပါးအား အချက်
၂၀ခန့် ဘယ်ပြန်ညာပြန်အားကုန်လွှဲရိုက်ရာ "အမလေး
သေပါပီတော် " ဟူ၍ စုန်းမကတောင်းပန်၏ အဖေရိုက်ပီး ၃ရက်
၎ရက်ခန့် ငြိမ်နေပီး အရင်လိုပြန်ဖောက်လာ၏ ထို့ကြောင့်
ဒေါ်လေးအား မြင်းလှည်းပေါ်တွင်သံကြိုးဖြင့် ခတ်ကာ
ဆရာဝန်ထံ မရ ရအောင်ခေါ်ဆောင်ကာ ပြသလေတော့
ဒေါ်လေးမှာ ဦးလေးကဲ့သို့ သည်းခြေအားနည်းခြင်းမတွေ့ရ
လုံးဝပကတိအကောင်း ကျန်းမာရေးဆိုင်ရာများမေးကြည့်
သောအခါလည်း အကုန်ကောင်းနေသောကြောင့် ဘာဆေးမျှ
မကုရဘဲအိမ်သို့ခေါ်ဆောင်လာရ၏ ထို့နောက် အဖေနှင့်အမေမှာ
အလွန်စိတ်ညစ်နေကြ၏ မောင်နှမနှစ်ယောက်လုံး လက်လွတ်
ဆုံးရှုံးရမည်ကိုကြောက်နေရ၏ ဦးလေးဖြစ်သူမှာဆေးစား၍
အနည်းငယ်သက်သာလာသောကြောင့် ရွာရှိအဘ ဘုန်းကြီး
ကျောင်းသို့ပို့ကာ စိတ်သစ်လူသစ်ဖြစ်စေရန် ခနတာမျှ
ဘုန်ကြီးဝတ်စေ၍ အဘထံအပ်ထားရ၏ ဒေါ်လေးကမူဘာလို့
ဒီလိုဖြစ်နေသလဲဆို ကျွန်တော့်အဖေစဉ်းစားရခတ်နေ၏

image

Credit : google image
တစ်နေ့ အဖေက အမေ့အား စိတ်ညစ်စရာများ၍ ရူးချင်ယောင်
ဆောင်နေသည်ဟု ဖွင့်ဟပြောပြသဖြင့်အမေက စိတ်ဆိုးပီး
အဖေနှင့်အမေ ရန်ဖြစ်ကြပြန်၏ ထို့ကြောင့်အိမ်မှာ ဆူညံနေလေ
တော့သည် ။ ဆူညံနေသောအိမ်ရှေ့သို့ကြွရောက်လာသော
ချောင်းထိပ်မှ အလွန်ဘုန်းတန်ခိုးကြီးသောဘုန်းကြီးက
"ဒကာလေးနှင့် ဒကာမလေးဘာလို့ဒီလောက်အော်ဟစ်ဆူနေလဲ"
ဟုမိန့်ကြားသောအခါ အဖေနှင့်အမေမှာငြိမ်ကျသွား၍
ဖြစ်ကြောင်းစုံပြန်လည်ပြောပြသောအခါ ဘုန်းကြီးက
ဒေါ်လေးအားစမ်းသတ်လေတော့ ဘု၃်းကြီးအား မျက်လုံးပြူးဖြင့်
ကြည့်ကာတကယ်စုန်းဝင်နေကြာင်း သက်သေပြတော့
ဘုန်းကြီးက ရယ်မောလျှက် "မနက်ဖြန် ငါ့ကျောင်းကိုခေါ်လာခဲ့"ဟု
မိန့်ကြားသဖြင့် အဖေနှင့်အမေက ခေါ်ဆောင်သွားလေတော့
ဒေါ်လေးအား မည်သို့ရွတ်ဖက်ခါ ကုသလိုက်သည်မသိ ၂ ရက်
၃ရက်ခန့်တွင် ဒေါ်လေးမှာ လူကောင်းပကတိဖြစ်သွားသည်မှာ
ယနေ့ထိတိုင်ပင် သို့သော် ပြသနာကမပီးသေးချေ ဘုန်းကြီးဝတ်
နေသောဦးလေးမှာ လုံဝထိန်းမနိုင်၍ ဘုန်ကြီးဝတ်မှလူ့ဘ၀သို့
ပြောင်းပေး၍ ရွာမှညတွင်းချင်းပင် ဂျစ်ကားဖြင့် ရွာသားများ
လိုက်လံကာ ဘုန်းကြီးကျောင်းထိုင်အဘကိုယ်တိုင် ကျွန်ုပ်တို့
အိမ်သို့ ရောက်လာ၏ အဖေက ကောင်းစွာသဘောပေါက်၏

image

Credit : google image
ထို့ကြောင့် ရှိသမျှ ရွှေတိုရွှေဆလေးများအားစုပေါင်းရောင်းချကာ
ဆရာဝန်ပြောသော ၃သိန်းခွဲတန်ဆေးတလုံးထိုးပေးလိုက်သည်ဖြင့်
ဦးလေးမှာ ရောဂါပျောက်မည်လား သေမည်လား ထင်ရ၏
အဘယ်ကြောင့်ဆိုသော် ဦးလေးမှာ ဆေးထိုးပေးလိုက်သည်နှင့်
အိပ်နေတာ ၁၅ရက်ခန့်ရှိပီဖြစ်၏ ထမင်းမစားနိုင်၍ ဆန်ပြူတ်အား
ပါးစပ်ဝမှာကတော့တပ်ခါ အစာဝင်အောင်တိုက်ရ၏ ဆီးဝမ်းများ
အားလည်းအျပ်ယာကုတင်ထက်ပက်သွား၍ ဆီးဗူးဝမ်းသွားရန်ဗူး
အစရှိသည်တို့ဆောင်ထားရ၏ အမေနှင့် မောင်နှမများမအိပ်ကြရ
တစ်ယောက်တစ်လှည့်စောင့်နေရ၏ အားလုံးက မျက်ရည်တရွှဲရွှဲ
သို့သော် ကျွန်ုပ်အဖေက အချိန်တန်ရောဂါပျောက်ကင်းသွားလိမ့်
မည်ဟုပြောပြ၏ သို့သော်ထူးခြားမလာသေးပေ တစ်ခန့်ရှိလာပီ
ဖြစ်၍ စိတ်ပူနေကြ၏ ပါးစပ်မှ အကျိအချွဲများ ခွေးရူးသကဲ့သို့
တစီစီ စီးကျနေသည်မှာ မြင်မကောင် အမေကဆေုနှင့်မတည့်၍
သေတော့မည်ဟုသာ ထင်နေ၏ သို့သော် ဦးလေး၏ မျက်နှာမှာ
သိသာလာပီ မျက်တွင်းများခွက်နေရာက ပြန်လည်ပြည့်ဖောင်း
လာချေပီ ညိုမဲနေသောအသားများ အနည်းငယ်ဝင်းလက်လာ၏

image

Credit : google image

တဖြေးဖြေး ၂လခန်ကြာသောအခါ ဦးလေးမှာ သာမန်လူတစ်ဦး
ဘ၀သို့ရောက်ရှိရလေပီ ထို့ကြောင့် အဖေနှင့်အမေက မိုးကုတ်
ကျောက်တူးသွားစဉ်က အဖြစ်အပျက်များအားချော့မော့ကာ
မေးမြန်းလေတော့ ညတွင်မအိပ်ခြင်း အစားမမှန်ခြင်း မူးယစ်
စေသောအရာများ တခါတရံသုံးစွဲခြင်းတို့အားကြားရသောအခါမှ
ရောဂါရခြင်းအကြောင်းအား နားလည်သဘောပေါက်ကြပေသည်
ကျွန်ုပ်ဖော်ပြပါရှိသောအကြောင်းအရာများတွင် မိမိ၏ကျန်းမာရေး
ဂရုစိုက်မှူ့အားနည်းသည်များနှင့် မြန်မာနိုင်တွင်ရောဂါခံစားရသူများ
အကြောင်းအမျိုးမျိုးကြောင့်ငွေကြေးအခက်အခဲရှိသူများ ရောဂါ
ပျောက်ကင်းအောင်မကုသနိုင်ဘဲ အသက်ဆုံးရှုံးနိုင်ခြင်း အလုံးစုံ
များစွာပါရှိသောကြောင့် စာဖက်သူအနေဖြင့် သံဝေဂရကာ
မိမိနောင်ရေးအတွက် တစ်ခုခုပြင်ဆင်နိုင်ကြပါလိမ့်ဟု ယုံကြည်ရင်း
"စိတ်ကျန်းမာရေးတစ်စိတ်တပိုင်း"ဆိုသော ပို့စ်အား နိဂုံးချူပ်အဆုံး
သတ် ရေးသားတင်ပြလိုက်ရပါသည်ခင်ဗျားးးးး

Post writer : ThiHaKo(@gelatofresco)
Credit : google image
MSC - 019

Sort:  

ကျန်းမာ​ရေး​ကောင်းမှစိတ်​ချမ်းသာရမှာ
တကယ်​ဖြစ်​လာချိန်​ဆိုရင်​​တော့
ဘာမှမတက်​နိုင်​ပါ

ဟု၂်တယ်ညီမရေကျန်းမာရေးကိုအထူးပြူဂရုစိုက်ရမယ်ယနေ့ခေတ်ဆိုပိုပီးကိုဂရုစိုက်ရမယ်ဗျာ

လူ​တွေက ခန္တာကို ယ်​ကျန်းမာ​ရေးကိုဘဲ
အဓိကထား​နေကြတာ အမှန်​က စိတ်​ကျမ်းမာ
ရေးကိုလဲဂရုစိုက်​သင့်​တယ်​ စိတ်​ကျမ်းမာမှခန္တာကျမ်းမာမှာ​လေ

ဖတ်ရတာ စိတ်မကောင်းလိုက်တာ ကိုသာအေးရယ်

ဟုတ်အကိုသီဟကျွန်တော်မျှဝေပေးတာလေးခံစားပေးလို့ကျေးဇူးပါခင်ဗျ

၂ ယောက်စလုံးပြန်ကောင်းသွားလို့
တော်ပါသေးရဲ့နော် ..

ဟုတ်တယ်အန်တီနန်းတော်သေးလို့ဆေးကောင်းနဲ့တွေ့တာအန်တီရေဘုရာမတာလို့ဘဲပြောရမယ်

ပင်​ပန်းသွားပြီ ကို​သာ​အေးတစ်​​ယောက်​​တော့

ဟုတ်ပါတယ်ဆိုဗျာအဲ့ဒီနှစ်တွေကပတော်လေးကိုပင်ပန်းခဲ့ရတာစဉ်းစားကြည့်တိုင်းရင်မောရတယ်

What a great performance! @gelatofresco ♩ •♬

ကျေးဇူးပါခင်ဗျအခုလိုလာရောအားပေးတာအထူးဝမ်းသာမိပါတယ်ခင်ဗျ

ကောင်းမွန်​တဲ့ စာပါအကို

ကျေးဇူးပါခင်ဗျ

ဦးလေးကတော့ ထားပါ အဒေါ်က စုန်းဝင်တာ တစ်ကယ်ပေါ့နော်

တကယ်ပါအကို

ဦးလေးနှင့်ဒေါ်လေးပြိုင်တူဖြစ်တာဆိုတော့ ကိုသာအေးတို့မိသားစုတော်တော်ပင်ပန်းခဲ့ကြရမှာပေါ့နော်

ဟုတ်တယ်အကိုအဲ့ဒီနှစ်တွေကတကယ်ပင်ပန်းခဲ့ရတာ

အသိတိုးရပါတယ် အကိုရေ

ဟုတ်ကျေးဇူးပါကိုလွမ်း

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61440.52
ETH 3447.43
USDT 1.00
SBD 2.52