စဉ်းစားချင့်ချိန်တက်ပါစေ

in #myanmar7 years ago

အေးချမ်း သာယာသော ရွာထိပ် လက်ပံပင် ပေါ်တွင်
တေးသီ ငှက်မျိုးစုံ လာရောက် နားခို ကြသဖြင့် ရွာသူ
ရွာသားများ နေ့စဉ် အစာ လာရောက်၍ ကြွေးမွေးခါ
ကုသိုလ် ကောင်းမှု့ ယူကြ၏ သို့သော် တစ်နေကုန်
ထိုသစ်ပင်ကြီးအောက်မှာ ထိုင်နေသော " မောင်သာအေး "
မှာ အစာလာ ကြွေးခြင်း မဟုတ်ဘဲ အိမ်မှ ဘကြီးက
မိန်းမ တောင်းရမ်း မပေး၍ အကြံအိုက် စိတ်ညစ်သဖြင့်
စိတ်ပြေ လက်ပြောက် လာရောက် ထိုင်နေခြင်း ဖြစ်၏ ။

IMG_20171021_221124.jpg
Credit : google photo

သာအေး စွဲလမ်းနေသော နတ်မိမယ်လေးကား ရွာမှ
အလှ ကွမ်းတောင်ကိုင် "ရွှေဥ" ဖြစ်၏ ညနေ စောင်းသော်လည်း
ပြန်မလာ၍ စိတ်ပူကာ ဘကြီး " သာအေး " အား
လိုက်ရှာ၍ " လာပါ လူကလေးရယ် အဘ အချိန်မတန်
သေး၍ ခေတ္တခဏ အချိန်ဆွဲ ထားတာပါကွယ် " သာအေး
စိတ်က မဘက်လိုက်၍ မစိတ် မွှန်နေပီ " ဘကြီး အခုလို
ခန ခနညာတယ် ဘကြီးရာ မပြန်သေးဘူးဗျာ " ဆိုပီး
ဆက်၍ ထိုင်နေ၏ " ကဲ လူကလေး ထိုင်မယ်ဆို ဘကြီးလည်း
ထိုင်မယ်ကွယ် "ဟုဆိုကာ နှစ်ယောက်သား စကားတစ်ခွန်းမျှ
မပြောမိကြဘဲ ထိုင်နေ ကြသည်မှာ နေအတော် စောင်း၍
လရိပ်များပင် စတင်ကြရောက် လာချေပီ ထို့ကြောင့်
ဘကြီးမှစ၍ " လူကလေး မနက်ဖြန် ဘကြီး အလုပ်တစ်ခု
လူကလေးကို ခိုင်းတာ ပီးအောင် လုပ်နိုင်ရင် လူကလေးကို
မိန်းမလိုက် တောင်းရမ်း ပေးမယ်ကွယ် " " ဟာ ဘကြီး
တဂယ်ပြောတာနော် " " အေးပါကွယ် လူကြီး စကားပါကွယ်
ကဲ လူကလေး အချိန်လင့်နေပီ ပြန်ကြစို့" ဟုပြောရုံ ရှိသေး
မောင်သာအေး မိန်းမရတော့မည် ဖြစ်သဖြင့် ခုန်စွ ခုန်စွဖြင့်
ဘကြီးကိုပင် မစောင့် ရှေ့မှ တန်းနေအောင် ပြေးလေပီ....

boy-jogging-happily-clipart.jpg
Credit : google photo

မနက်မိုးသောက် အိပ်ယာမှ ထလျှင် " သာအေး " မျက်နှာကို
ကမန်း ကတန်း သစ်ခါ ဘကြီးအား ရှာဖွေ မိလေသည်....
တွေ့ပါပီ ဘကြီး ခြံနောက်ဖေးပေါက် တံခါး ပြင်ဆင်ရန်
ဝါးများကို သတ်ခါ ချောနေ၏ " ဘကြီး မနေ့က ပြောတဲ့
အလုပ်လုပ်ရမယ် ဆိုတာ ဘာလဲဟင် " " အော် ဟုတ်သားဘဲ
လူကလေး ဒါလေးတွေကို ခြံထဲ သယ်ခိုင်းဖို့ ပြောတာ
လူကလေးရေ " ဟုဆိုကာ သတ်ထားသော ၀ါးခြမ်းပြား
များအား ဖြတ်ထားသော နေရာသို့ လက်ညှိး ညွှန်လျက်
ဒါတွေ တစ်ခေါက်တည်းနဲ့ သယ်ရမှာနော် လူကလေး ဟု
ပြောသဖြင့် " အလွယ်လေးပါ ဟုစိတ်ထဲမှ အသာလေး
ပျော်နေမိ၏ " အဘ သယ်ပီးပီ ဒါဘဲလား " ဟု မေးသဖြင့်
"အေး ဟိုမှာ လဲနေတဲ့ ၀ါးပိုး ၀ါးကို ခြံထဲပြန်သယ်ခဲ့ " ဟုဆိုကာ
အဘရှေ့မှ သွားနှင့်ပီ ၀ါးပို ၀ါးအား မနိုင်မနင်း ကန့်လန့် သယ်၍
လာကာ ခြံဝအရောက် ၀ါးရှည်လွန်း ခြံထဲသို့ ဒီအတိုင်း သွင်းမရ
အကြံ အိုက်လေပီ "အဘငါ့ကို စမ်းနေတာ ဖြစ်မယ် ဘယ်ရမလဲ
သာအေး မရရအောင် သွင်းပီးမှ မိန်းမယူမည် " ဟု ဆိုကာ
မရမက တွန်းသွင်း လိုက်ခြင်းကြောင့် ၀ါးပိုးဝါးမှာ ခါးလယ်မှ
ကြိုးထွက်သွား၏ " သာအေး ပြူံးပြူံးကြီးဖြင့် " " မိန်းမရပီဟေ့ "
ဆိုကာ ကြွေးကြော်လိုက်လေ သတည်း.......

question-2309042_960_720.jpg
Credit : google photo

post writer : ThiHaKo(@gelatofresco)
From Myanmar
MSC-019
Credit : google photo

Sort:  

Mike tal .. good post ..

ကျေးဇူးပါခင်ဗျ

Please share your idea comment thanks

ကျေးဇူးပါ

👍👍👍👍

ကျေးဇူးပါ

လွယ်သားပဲကိုသာအေးရ

အင် လွယ်ပါဘူးဗျာ ဟီးးး

ဆက်​ရန်​ရှိ​သေးလား😃😃

ကြည်နဲ့တော့ဆက်ရန်ရှိပါသေးတယ် ကြည်ရယ်

မမနဲ့တိုင်ပြောလိုက်မှာနော်ကိုသာ

လုပ်ပါနဲ့ ဟီးးး

ကြမ်းချက်ကတော့ဗျာ လန့်လောက်ပါတယ် ဝါးပိုးတောင်ကျိုးအောင်သွင်းတယ်

ဦးနှောက်မရှိတာလေ ကန့်လန့်သွားသွင်းတော့ကျိုးပီပေါ့ဗျာ ဟီးးး

ကိုသာအေး လွမ်းနေသည်

အင် ထူးဆန်းပါပေ့ဗျာ လာပီဗျာ လွမ်းနေရင်

👍👍👍👍

ဟုတ်ကျေးဇူးပါ

အဆန်းပဲ

ဟုပါ့ဗျာ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62907.73
ETH 2531.30
USDT 1.00
SBD 2.62