လက်ပံခေါင်းနဲ့ချက်တဲ့ အညာစတိုင် ငါးသလောက်ပေါင်းနည်း

in #myanmar8 years ago

Steemit မှာ ပို့စ်တွေဘဲထိုင်စဉ်းစားပီးခေါင်းမကြည်မလင်ဖြစ်

နေသူများအတွက် ခေါင်းကြည်ပီးအိပ်ပါပျော်သွားစေရမယ့်

ဟင်းတစ်ခွက်ဖြစ်တဲ့ "အညာစတိုင် ငါးသလောက်ပေါင်း"နည်း

လေးကိုတင်ပြပါရစေ..

CYMERA_20150817_111233.jpg

အရင်ဆုံလိုအပ်တဲ့ပါဝင်ပစ္စည်းများကတော့

၁။ လက်ပံခေါင်း ၃၅ ကျပ် သားကိုရေစိမ်ထားပါ

၂။ ဂျင်း ကြက်သွန်ဖြူ / နီ ကိုယ်လိုသလောက်အရည်ဖြစ်အောင်
ထောင်းပါ

၃။ ငါးတစ်ပိသာကို လက်သုံးလုံးခန်းအရွယ်တုံးထားပါ

၎။ ရှောက်သီးတစ်လုံးအားအပြားတစ်ခုခုပေါ်တွင်လှိမ့်ထားပါ

၅။ မြေအိုးခပ်ကြီးကြီးတစ်လုံးရှာထားပါ

ချက်ပြူတ်ပြင်ဆင်ရန်

၁။ ဆေးထားသောလက်ပံခေါင်းများကို နှစ်ထပ်အစီအရီမြေအိုး
ထဲသို့ ထည့်ပါ

၂။ ငါးများကိုအစီအရီလက်ပံခေါင်းပေါ်တွင်ခင်းပါ

၃။ ဂျင် ကြက်သွန်ဖြူ / နီ အရည်များလောင်းထည့်ပါ

၎။ ရှောက်သီးအစေ့အားဖယ်ရှားပီးအရည်ကုန်အောင်ညှစ်ထည့်

၅။ ဆား / ဟင်းခတ်အမှုန်တို့ကိုရေဖြင့်ဖျော်ထည့်ပါ

၆။ ပဲဆီစစ် ကို ငါးမြုတ်သည်အထိလောင်းထည့်ပါ

၇။ မီးသွေးဖိုတွင်မီးအနည်းငယ်မျှသာထည့်၍ ရေခမ်းလာလျှင်
ရေကျက်အေး အနည်းငယ်ပြန်ထည့်ကာ ၃နာရီအကြာ
ပေါင်းထားပီးလျှင်တော့ အရိုး ခေါင်းများပါမကျန်နူးအိနေပါလိမ်
မည် လက်ပံခေါင်းမှာထိုအချိန်တွင် ငါးသလောက်အသားထက်
ပို၍အရသာရှိပီးစားလို့ကောင်းနေပါလိမ့်မည် ဒါကြောင့်လက်ပံ
ခေါင်းများများပိုထည့်လျှင် မမှားပါ

IMG_1444.JPG

နောက်ခရမ်းချဉ်သီးဖြင့်ချက်စားလိုလျှင် ခရမ်းချဉ်သီးအနှစ်ကို

ဆီပြန်လေးချက်ပီး ကျက်ပီဆိုမှသာ ငါးသလောက်ကိုရော၍

ထည့်ပါရန်အကြံပြူလိုက်ပါသည်

ဤချက်နည်းမှာ အညာဒေသတွင်ကျော်ကြားလှသော

ငါးသလောက်ပေါင်းနည်းဖြစ်ပီး လူကြိုက်များထမင်းမြိန်စေတဲ့

ဟင်းကောင်းတစ်ချက်ခွက်ဆိုလျှင် လည်းမမှားပါ

ယနေ့ခေတ်ပြောုးလဲလာတဲ့အညီ လျှပ်စစ်ပေါင်းအို သတ္ထူပေါင်း

အိုးစတဲ့ အိုးများဖြင့်ချက်လျှင် နူးလွယ်အိလွယ်သည်မှာ မှန်သော်

လည်း ငါးများအစီအရီမရှိဘဲ ကြေမွပျက်စီးပီး တူးနေသောအနံကို

အများစုမှာကြုံတွေ့နေကြရသည် ငွေကုန်ကြေးကျများလှတဲ့ဟင်း

တစ်ခွက်ပျက်စီးသွားလျှင်အရမ်းနှမျောဖို့ကောင်းပါတယ်

ဒါကြောင့် လက်လုပ်မြေအိုးများဟာ ဟင်းကိုတူးနံ့မရစေတဲ့အပြင်

မြေသင်းနံ့မွေးမွေးကလေးဖြင့် အနံ့အရသာ မတူဘူးဆိုတာသေ

ချာပါတယ်ဗျာ ကဲ စဉ်းစားမနေဘဲ အညာစတိုင်ငါးသလောက်တစ်

အိုးလောက်ချက်လိုက်ကြရအောင်ဗျာ......

Parami 072.JPG

ပြောဖို့မေ့သွားလို့ ငါးအိုးကိုတစ်ချက်မျှမမွှေပါနှင့်လက်ပံခေါင်းကိုနှစ်ထပ်သာခံပါ ပထမတစ်ထပ်ကနည်းနည်းတူးမှာမလို့ပါ
ကြိုပြောထားတယ်နော်......

Post writer; ThiHaKo(@gelatofresco)
From Myanmar
Crrdit ; google photo

Sort:  

တကာ်​ချက်​တာပ
အင်း မိန်းမ​ကြောက်​တဲ့သူ​တေ အဲ့လိုပဲဆိုတာကြားဖူးတယ်
သွားလိုက်​ဦးမယ်​ သိလား
မိန်းမက ​စော​စောပြန်​လာခဲ့ဆိုလို့

ဟားးး တူတူတွေပေါ့နော်

စားချင်လာပီ

ဟုတ်ကဲ့ စားချင်စဖွယ်အညာဟင်းတစ်ခွက်ပါခင်ဗျ

လက်ပံခေါင်းဆိုတာကို အခုမှမြင်ဖူးပါတယ်။ စာဖတ်ရင်းနဲ့ သားရည်ယိုမိပါတယ်။ ဟင်းချက်နည်းအသစ်ကို သိရလို့လည်း ကျေးဇူးပါ။

ဟုတ်ကဲ့ တကယ်ကိုကောုးမွန်တဲ့ဟင်းအရသာသစ်ကိုရရှိပါလိမ့်မယ်ခင်ဗျာ

Nice Article

ကျေးဇူးပါခင်ဗျ

သွားရည်တောင်ယိုတယ်။
လာလည်မယ် ချက်ကျွေး... :D

ဟုတ် လာလည်ပါဗျာ စပါယ်ရှယ်ချက်ကျွေးပါ့မယ့်ခင်ဗျ

ဗိုက်ဆာအောင် လာဆွနေတာဘဲဗျာ မနေနိုင်တောဘုး

တယ်ကယ်ကိုစာလို့မြိန်စေမယ့်ဟင်းတစ်ခွက်ပါဗျာ

ကဲ အိပ်ပီဗျာ

ဟင် မစားဘဲအိပ်တာလားဗျာ 😂😂😂😂😂

အကိုက စွယ်စုံရတာပဲနော်..လေးစားပါတယ် ဆက်လုပ်ပါဗျာ..

စွယ်စုံရယ်လို့တော့မဟုတ်ပါဘူးခင်ဗျာ သိသလောက်တက်သလောက်လေးတွေရှာကြံရေးတာပါခင်ဗျ

ဟီး သွားရည်ယိုလာပြီ

ခစ်ခစ် ပြန်သုတ် ဟီးးးးး တကယ်စားကောင်းတဲ့ဟင်းတစ်ခွက်ပါဗျာ

nice post,bro!

Coin Marketplace

STEEM 0.08
TRX 0.30
JST 0.035
BTC 109812.05
ETH 3841.53
USDT 1.00
SBD 0.49