ကိုယ့်အတွက် ပြန်မရရင်နေပါ😔😔😔😔😔😔

in #myanmar7 years ago

မိမိရဲ့စိတ်ထဲကဘဲဖြစ်စေ
လူတစ်ယောက် ဒုက္ခရောက်နေတာကို ကိုယ်က
မကြည့်ရက်လို့ ၊ သနားလို့ ကူညီပေးတယ်
သူ့ဘက်က ကိုယ့်စေတနာကို အလိုက်သိတတ်ပီး
တန်ဖိုးထားတာ မထားတာက သူ့သမိုင်း
ပြန်မရရင်နေပါ့စေ ကူညီပေးလိုက်ပါ
ကိုယ်ကသူ့စီကဘာမျှော်လင့်ချက်မှမထားဘဲ
ကူညီပေးတာကိုပြောတာပါ ကူညီတဲ့နေရာမှာနှစ်မျိုးရှိပါတယ်
မျှော်လင့်ချက်နဲ့ကူညီတာနဲ့ မျှော်လင့်ချက်မပါဘဲကူညီတာ
မျှော်လင့်ချက်မပါဘဲကူညီတာပိုပီးကိုယ့်အတွက့်အကြိုးရှိပါတယ်
2KKWp_biIzfK8uoY1cmG_XMjDMuhXkzmyPC6aE4US_P5PucaeSqWL4YHFoq_ITxRzMYiinFv=w595-h247-nc.jpg

လူတစ်ယောက်ကို ရေစက်တစ်ခုကြောင့်
မေတ္တာထားမိတယ်
သူ့ဘက်က ကိုယ့်မေတ္တာကို ရောင်းပဲစားစား
ပေါင်နှံပဲစားစား တန်ဖိုးထားတာ မထားတာ သူ့ကိစ္စ
မေတ္တာဆက်ထားပါ ပြန်မရရင် နေပါ့စေ
မေတ္တာထားပေးလို့ အရှုံးမရှိပါဘူး
တစ်ချိန်ချိန်မှာ မှန်ကိုနေထိုးသလိုမျိုး
မေတ္တာစစ်မေတ္တာမှန်ဟာအရောင်ပြန်လာပါလိမ့်မယ့်
317571_126233910813840_100002816963254_121286_907042834_n.jpg

ကိုယ်ကပဲ နားလည်မှူပေးနေရပီး တစ်ဖက်က
ပြန်နားလည်ပေးလိမ့်မယ်လို့ မတွေးလိုက်ပါနဲ့
နားလည်ပေးတာ မပေးတာက သူ့စိတ်ဓာတ်အဆင့်အတန်းပါ
ပြန်မရရင်နေပါ့စေ ကိုယ့်ရဲ့ကောင်းမွန်တဲ့စိတ်ဓာတ်လေးတော့
အရောင်မပြယ်ပါစေနဲ့ ကိုယ်မှာနားလည်မှု့ပေးတက်တဲ့
အမှုအကျင့်လေးပါဆုံးရှူံးသွားမှာဆိုးလို့ပါ
27898.jpg

လူတစ်ယောက်အပေါ် ကိုယ်တတ်နိုင်သလောက်
သည်းခံပေးလို့ ကိုယ့်ဘက်ကို စိတ်ပြန်လည်လာမယ်လို့
မထင်လိုက်ပါနဲ့ သည်းခံခြင်းက အောင်မြင်ခြင်းဆိုပေမယ့်
လူတစ်ချို့အတွက်တော့ သည်းခံခြင်းက အခွင့်​အ​ရေး
ဖြစ်နေတတ်တယ်
ပြန်မရရင်နေပါ့စေ တတ်နိုင်သလောက်တော့
ကိုယ့်အမှားမဖြစ်အောင်
သည်းခံပါ ခံန္ဓီးဆိုတဲ့ သည်းခံခြင်းဟာ
ကျူပ်တို့ဗုဒ္ဓဘာသာမှာ
အမြင့်မြတ်ဆုံးစိတ်ထားရှိတဲ့သူမှသာလျင်ရတာပါ

28096.jpg

ကိုယ့်ဘက်က သစ္စာစောင့်သိပေးလို့ ကိုယ့်ချစ်သူ ၊
ကိုယ့်အိမ်ထောင်ဖက်က သစ္စာတည်ရမယ်လို့
မချည်နှောင်ပါနဲ့ ဘာလို့လဲဆိုတော့ ချည်နှောင်ထားမှ
ငြိမ်နေမယ်ဆိုရင် ကြိုးပြတ်သွားတဲ့တစ်နေ့ သစ္စာဖောက်မှာပါပဲ
ပြန်မရရင်နေပါ့စေ အတိုင်းအတာတစ်ခုအထိ သစ္စာစောင့်သိပေးပါ စိတ်စေတသပ်ဆိုတာ နားလည်ရအလွန်ခက်ခဲတဲ့အရာမို့
ကိုယ်ပါမမိုက်မဲမိစေချင်တဲ့အတွက်ကြောင့်ပါ..
28113.jpg

သစ္စာ ၊ မေတ္တာ ၊ စေတနာ ၊ နားလည်မှူ ၊ ယုံကြည်မှူနှင့်
တန်ဖိုးထားမှူတို့က တစ်ဖက်တည်းရှိနေရုံနဲ့ မပြည့်စုံနိုင်ဘူးလေ
အပြောင်းအလဲမြန်တတ်တဲ့ လူ့စိတ်က အချိန်မရွေး
ပြောင်းလဲသွားတတ်ပါတယ်
FB_IMG_1501578414198.jpg

ဒါ့ကြောင့် ပြန်မရရင်နေပါ့စေ ကိုယ့်ဘက်ကပဲ
ကိုယ်ကောင်းအောင် ကြိုးစားနေထိုင်ခြင်းက
"သူ"ကောင်းကောင်း မကောင်းကောင်း
ကိုယ်စိတ်ထားတတ်သွားရင် ကိုယ်ပဲအေးချမ်းပျော်ရွှင်ရပါလိမ့်မယ်..အားလုံးဘဲ ပျော်ရွှင်ရတဲ့ဘ၀ကိုပိုင်နိုင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းပေးရင်း.....

Credit : Google photo
By @gelatofresco
From myanmar

Sort:  

သူက 
ဘာ​ပေး​ပေး
ကိုမလိုချင်​ မယူပဲထားလိုက်​တယ်
good post

ဟုတ်ပါတယ်အကို သည်းခံခြင်းတရားဟာအလွန်အေးချမ်းပါတယ်

ကျိတ်စိတ်ကူးယဉ်ထားပုံရပါတယ် အကောင်းစားစကားလုံးတွေ တန်းစီပြီးထွက်ကျလာပြီ

အရေးအသားကသိပ်အဆင်မပြေသေးပေမယ့်ကြိုးစားရေးထားတာပါဗျ

အမယ် ကောင်းပ်တယ်ဆိုမှဗျာ တစ်ကယ်ကောင်းတာ နောက်လာမယ့် post အလန်းလေးတွေ လဲ မျော်နေမယ် သက်လား အကို

အေးပါကွယ် ကျေးဇူးပါ မြောက်ရင်တော့မြောက်တယ်ဝေ့ ဟားးးးးးး

Please share your idea comment thanks😘😘😘😘

ကောင်းတယ်ဗျာ ။ အရေးအသား အတွေး very nice ပါ။

ဟုတ်အကိုကျေးဇူးပါခင်ဗျ

you post is lighten me

Thanks bro sanlin

ကောင်းပါတယ် စာလုံးပေါင်းမှန်အောင်လေ့လာပီးရေးစေချင်ပါတယ်ခင်ဗျာ

ဟုတ် ကျေးဇူးဗျ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63550.59
ETH 2644.53
USDT 1.00
SBD 2.81