ဆောင်းအမှီ ( ရင်တွင်းခံစားချက်များအား စိတ်ကူးပုံဖော်သော "သာအေး")

in #myanmar6 years ago

ဟိုးးးးး မှိုင်းညို့ညို့ တောင်တန်းကြီးတွေကို ငေးမော
ကြည့်နေရင်း တရွှေ့ရွှေ့ ချဉ်းကပ်လာသော မိုးသား
တိမ်ညို တိမ်စိုင်တွေဟာ ဒီနှစ် မိုးရာသီ၏ နောက်ဆုံး
မိုး အဖြစ် ရွာသွန်းချဖို့ ဆိုင်းပြင် နေသည်ကို ကျူပ် စိတ်က
အလိုလို ဖက်မိ နေပီးသား ဖြစ်၏ ။ သြော်....ဒီ တစ်မိုးကုန်ရင်
ချစ်သူ့ အတွက် ရည်စူး စိုက်ပျိုး ထားတဲ့ ကျူပ်ရဲ့ စပယ်ရုံ
လေးလည်း အကာ အရံမရှိ အေး ခိုက် တုန် နေ အောင်
ချမ်းပါလေ တော့မည် ။ အိမ်ရှေ့က သစ်ပင်အိုကြီးမှာ
စောစော အိပ်ယာ ၀င်ကြပါဟဲ့ ဆိုတုန်းက အိမ်ပြန်
နောက်ကျပီးမှ အမြဲ အိပ်ယာ ၀င်တက်သော ငှက်တွေက
နေမစောင်းသေးဘူး ရှိသမျှ အားအင်တွေစု ဆောင်းခိုဖို့
အတောင်ပံခတ် အိပ်တန်းဝင်ဖို့ ပြန်လာ ကြလေပီ ။

myanmar winter.jpg
Credit: google photo

ရွာထိပ်က ထန်းတော မှာလည်း ခါတိုင်းလို မူးရူး
အော်ဟစ် အငြင်းပွား သံစဉ် တွေလည်း အခုတော့
နေအ၀င် မစောင့်နိုင် စောစီးစွာ တိတ်ဆိတ် ငြိမ်သက်
သွားချေပီ ။ သံစဉ်မပါ စည်းချက် ညီစွာ တိုးဝှေ့ လာသော
အအေးဓါတ်မှာ မီးခိုး အနံ့က စားဖိုဆောင်မှ မဟုတ်
ဆောင်းနှင့် အတူ ကခုန်ရန် ပြင်ဆင် နေသော မီးပုံစီမှ ဟု
ကျူပ် တပ်အပ် သ်လိုက်၏ ။ တိတ်ဆိတ် ခြောက်ကပ်
အေးစက်နေတဲ့ ကျူပ်ရဲ့ အထီးကျန်မှု့တွေကို ကူညီ
ဖေးမပီး အနွေးဓါတ် ပေးစွမ်းနိုင်မယ့် အကြင်နာ
လက်တစုံအား ဒီနှစ် ဆောင်းအမှီ အပါ ခေါ်ခဲ့ဖို့ရာ
လွှတ်လိုက်သော ကျူပ်ရဲ့ ကံကြမ္မာက လှောင်ရီ အပြူံးဖြင့်
ချစ်သူ မပါဘဲ ပြန်လာခဲ့ ပြန်ပီ လွမ်းလို့ ခေါ်စရာ နံပါတ်
မရှိတဲ့ ကျူပ်ရဲ့ ဖုန်းမှာ ring tone သံတွေ တိတ်ဆိတ်
နေတာ ကြာခဲ့ပီမို့ power ခလုပ်ကိုပင် နှိပ်ဖို့ရာ
မ၀ံ့ မရဲဖြစ်နေတာကြောင့် အချစ် သူရဲကောင်းများ
အသည်းကွဲ ဒသန မင်းသားများ ရှိရာ ရွာအခေါ် ( ဘုံဆိုင် )
အရက်ဆိုင်သို့ သွားဖို့ရာ ဆိုင်းပြင်လိုက်ပြန်တော့
ခြေလှမ်းတွေက ပြန်လည် တွန့်ဆုတ် သွားပြန်၏ ။

fullmoon.jpg

credit :google photo

" ဟုတ်တယ်လေ ကျူပ်မှာ အသည်းကွဲခဲ့တဲ့ အကြောင်း
အချစ် ဒသနတွေ အကြောင်း ပြောစရာမှမရှိတာ "
စိတ်ညစ်ညစ်နှင့် နောက်ဖေးက ကောက်ရိုးပုံပေါ်မှာ
ထိုင်ကာ တိမ်ဖုံး၍ မပေါ် တပေါ်ဖြစ်နေသော ငွေသော်တာ အား
ကြည့်ရင်း ပျောက်နေတဲ့ ကျူပ်ရဲ့ အချစ်အပ် တချောင်းကို
စိတ်မှ ဖွေရှာ နေမိပါ၏ ။ ( ကျူပ်ရှာနေသော အပ် မတွေ့သေး
ပေမယ်လို့ သံချေးနံ့ တွေကတော့ ရနေပါပီဗျာ )

Post writer : ThiHaKo(@gelatofresco)
From Myanmar
Credit : google photo
MSC-019

Sort:  

Please share your idea comment thanks

ကောက်ရိုးပုံကို မီးရှို့ပီးရှာပါ..bro.
:D :P

ဟီးးးးအမှန်ဘဲဗျာ

အချစ်အပ်
ဆိုတော့ အဲ့ အချစ်ကသေးလိုက်တာ

တန်ဖိုးရှိတဲ့အရာအားလုံး အရွယ်အစားသေးငယ်ပါ၏

Congratulations @gelatofresco! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Congratulations @gelatofresco! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64038.60
ETH 3148.89
USDT 1.00
SBD 3.97