ဖွေရှာနေသော ဦးရဲ့ မီး

in #myanmar7 years ago

ဦးရော သမီးရော ကောင်းကင် ပြာပြာကြီးရဲ့ အောက်မှာ
နေထိုင် အသက်မွေးကြပီး ဒီကမ္ဘာမြေကြီး တစ်ခုအပေါ်
မှာ အတူတူ တည်ရှိ နေကြပါတယ် ဒါပေမယ့် ခံစားချက်တွေ
ရင်နာစရာ သည်းခံမှု့ စတဲ့အရာတွေ အားလုံး အားလုံး

peaceful_meadow-wallpaper-2560x1440.jpg

credit :google photo

လုံးဝကွဲပြား ကြပါတယ် ဒါပေမယ့် ဦးနဲ့ သမီး ခံစားချက်တွေ
တူညီစွာ ကခုန်ဖူးခဲ့တဲ့ ညတစ်ညကိုတော့ သမီး လုံးဝမေ့မရ
နိုင်ဘူး ခင်းကျင်း ပြင်ဆင်မှု့ တစ်ခုမှမရှိတဲ့ အခန်းလေးထဲမှာ
ရင်ခုန်သံ စည်းချက်တွေ လက်တွဲညီစွာ အတူတူ တီးခတ်
နေရင်း မောပန်း နွမ်းနယ်ခြင်း စိုးရိမ် ပူပန်ခြင်း ဆိုတဲ့ အရာ
အားလုံးကို ဦးနဲ့သမီး လောကကြီးထဲက ခေတ္တခန ဖယ်ထုတ်
ခဲ့ကြပေမယ့် အခုတော့ ဦးနဲ့မတူဘဲ သူခနလေးအတွင်းမှာ
ပြန်လာခဲ့တယ်...သမီးလေ အခု သူ့ကို အဖော်ပြူ နေရပီ
ကောင်းကင် တစ်ခုထဲမှာ အတူတူ ဦးရော သမီးရော
ဒီလေကို ရူရှိုက်ခွင့် ရလို့ တခါတလေ စိတ်သက်သာခွင့်
ရပါတယ် ဦးရယ် ဒါပေမယ့် အချိန်တိုင်း နေ့ရက်တိုင်း
နာရီတိုင်း စက္ကန့်တိုင်း မှာ စဉ်းစားမိရင် ဦးက ဘ၀တစ်ခု
သမီးက ဘ၀တစ်ခု ကမ္ဘာမခြားပေမယ့် သီးခြားစီ ဘ၀ခြား
နေရတဲ့ အဖြစ်ကို အရမ်း မုန်းတယ် .........

IMG_20171027_000425.jpg

credit :google photo

ပူပြင်းတဲ့ နွေလယ်ခေါင်မှာ လေမတိုက်ပေမယ့် ရေတိုက်တဲ့
ဦးရဲ့ ကြင်နာတက်တဲ့ လက်ကလေးတွေကို အခုထိ ဆုပ်ကိုင်
ထားချင်ခဲ့ပေမယ့် အခွင့်မသာခဲ့ပါဘူး ဦးရယ် ....
လေပြင်းတွေတိုက် မိုးတွေ အဆက်မပြတ် ရွာနေပေမယ့်
တစ်ယောက်တည်း အားမငယ်အောင် အတူရှိနေပေးခဲ့တဲ့
နေ့ရက်တွေက အခုတော့ ပြန်လိုချင် တောင်းတမိပေမယ့်
အဖြေရှာမရတဲ့ ပုစ္ဆာတစ်ခုလို ပါဘဲ ဦးရယ်....
ငွေနှင်းမှုန်ရီ ကျနေတဲ့ အေးစက်တဲ့ ဆောင်းနံနက်ခင်းတွေ
တိတ်ဆိတ် ငြိမ်သက် နေတဲ့ ဟေမန်အချိန်အခါမှာ နွေးနွေး
ထွေးထွေး ထွေးပွေ့ တက်တဲ့ အကြင်နာ လက်တစ်စုံ
အခုတော့ ဘယ်ရောက်နေလဲ ဂယောင်ကတန်း အိမ်မက်က
လန့်နိုး ယောင်ယမ်း ဖွေရှာမိခဲ့တာလည်း အကြိမ်ကြိမ်ပေါ့.......

large.jpg

credit :google photo

ကံကြမ္မာ ဆိုတဲ့ ကြိုတင် မမြင်နိုင်တဲ့ အရာကို ပြောင်းပြန်
လှန်ပီး ဦးဘာကြောင့် သမီးနဲ့ အဝေးဆုံးကို ထွက်ခွာ
ပြေးရှောင်းရတာလဲ ဆိုတဲ့ တစုံတရာ အကြောင်းတခုခုကို
သိချင် မိပါ၏ ဖွေရှာသူ မောပေမယ့် မျှော်ရသူ့မှာလည်း
မောပန်း နွမ်းနယ် နေပါပီ ဘယ်ချိန် ဖြစ်ဖြစ် ဘယ်နေရာ
ရောက်ရောက် အတွေး မျက်ဝန်းထဲမှာ ဦးရဲ့ ပုံရိပ်တွေက
အခုထိ ကြီးစိုးနေလျှက်ပါ ဒါကြောင့် သမီရဲ့ အချစ်တွေ
မေတ္တာ တရားတွေ သံယောဇဉ် နှောင်ကြိုး အားလုံး
ကမ္ဘာကြီး အပေါ် ဖြန့်ကျတ်ခါ နှစ်တိုင်း လတိုင်း နေ့ရက်တိုင်း
မမောမပန်း ဖွေရှာနေပါတယ် ဆိုတဲ့ အကြောင်း
ဦးသိအောင် ပြောပြပါရစေ ......
နှလုံးသားဖြင့် ဖွေရှာနေသော ဦးရဲ့ သမီး

Post writer: ThiHaKo(@gelatofresco)
From Myanmar
credit :google photo
MSC-019

Sort:  

လက်တွေ့သွားတာလား၊ နဂိုလက်လားဗျ

အဲလိုလည်းမဟုတ်ဘူးဗျ ကျနော်က အကြောင်းအရာမျိုစုံရေပီး
ချပြချင်တဲ့ ဆန္ဒရှိလို့ပါ ကျောင်းဆရာရယ်

ခင်းကျင်းပြင်ဆင်မှုမရှိတဲ့နေရာမှာ မီးမီးက ရင်ခုန်သံစည်းချက်သွားညီနေတာကိုး
နည်းနည်းပါးပါးလေးခင်းကျင်းအူးမှပေါ့😁😁
ခုတော့ နိရဲ့ အကျယ်နာလက်တယ်စုံပျက်ပီမို့လား
အဲ့တာပဲကောင်းဒယ်😂😂😂😂😂😂😂

ဟားးးးးးး အဲ့ဂလို အဲ့ဂလို

ဟီးးးး အဲ့သီချင်းနားထောင်ရင်း ဒီပိုစ့်ကိုရေုးဖစ်တာ ကြည်ရေ

ဒါနဲ့ ရွာထိပ်မလာတာ အတော်ကြာပီနော် ကြည်

ငင့်
နှစ်ခါမန့်တာလား
ဒီတိုင်းမန့်လည်း cmt15ခုတော့ ပြည့်မှာပါဂျာ😂😂😂

Wow! The first photo seems like a wallpaper! It's so beautiful!😍
Thank you for sharing!
Followed and upvoted!
Hugs from Brazil!

Thanks for your support comment and v

ဦးရဲ့သမီး
ဖတ်​လို့​ကောင်းတယ်​..​ကျေးဇူးပါ​နော်

ဟုတ်ကဲ့ ၀င်ရောက်ဖက်ရူ့ပေးတဲ့အတွက် ကျေးဇူးပါခင်ဗျ

ဦးနဲ့ သမီးတို့ဘဝ မ​တွေ့ရမ​နေနိုင်​​တော့ဘူးကွယ်
တွံ​တေးစိုး​အောင်​ ဘာ

ဟီးးး အဲ့သီချင်းတွေက တကယ်ရင်ထဲကသီချင်းတွေပါ ဥရယ်

ဦးမလာတဲ့ရက်လေးများမာ သမီးတော သိပ်သိပ်လွမ်းတယ်...သီချင်းတောင် သတိရတာံးပိံ

ဟီးးးး အဲ့သီချင်းနားထောင်ရင်း ဒီပိုစ့်ကိုရေုးဖစ်တာ ကြည်ရေ

ဒါနဲ့ ရွာထိပ်မလာတာ အတော်ကြာပီနော် ကြည်

ဟီးးးး အဲ့သီချင်းနားထောင်ရင်း ဒီပိုစ့်ကိုရေုးဖစ်တာ ကြည်ရေ

ဒါနဲ့ ရွာထိပ်မလာတာ အတော်ကြာပီနော် ကြည်

ဦးနဲ့ သမီးတို့ဘဝ မ​တွေ့ရမ​နေနိုင်​​တော့ဘူးကွယ်
တွံ​တေးစိုး​အောင်​ ​ဟေ့

ဦးရယ် ဥရယ် ဥမလာတဲ့ရက်ကလေးများ သိပ်သိပ်လွမ်းတယ်ချစ်သောဥရယ်

အရမ်းသတိရတာပဲ ဦးဦးရယ်​၊ မီးကိုပစ်​မသွားရဘူး​နော်​ 😝😝😝

ဟီးးးးးး မီးရယ် ဟားးးးး

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63597.74
ETH 2476.06
USDT 1.00
SBD 2.53